Saturday, December 22, 2018

“အဆဲ သံသရာ ဖြတ်ကြပါ”


“အဆဲ သံသရာ ဖြတ်ကြပါ” —————————- ခုနောက်ပိုင်း ကျွန်တော်အပါအဝင် ဗုဒ္ဓဘာသာတော်တော်များများ ဘာသာခြားတွေရဲ့ တိုက်ခိုက် ဆဲဆို နှောင့်ယှက်မှု့ဒဏ်ကို ခံနေကြရတယ် ဝမ်းနည်းစရာက မခံချင်စိတ်နဲ့ သူတို့ ကို ပြန်ပြီး ဆဲဆို နေကြတာက စိတ်မကောင်းစရာပါ ကိုယ့်အပေါ်ကို သူတပါးက မခံမရပ်နိုင်အောင် စွပ်စွဲပြောဆိုတဲ့ အခိုက်အတန့် တွေ လူတိုင်းမှာ ရှိပါတယ် ကိုယ့်ကိုဆဲလို့  ကိုယ်က ပြန်ဆဲမယ်တိုရင် အမှု့အခင်းဟာ မပြေလည်နိုင်ပါဘူး ဘယ်တော့မှလဲ မပြီးဆုံးနိုင်ပါဘူး အဆဲသံသရာလည်ပြီး အကုသိုလ်တွေ တိုးပွားဖို့ သာ ရှိပါတော့တယ် တကယ်တော့ ဗုဒ္ဓက နည်းတွေ အများကြီး ပေးထားခဲ့ပါတယ် သုံးလေးနည်းလောက် ပြောပြပါ့မယ် လောကဓံတရားရှစ်ပါးအနက်က အဆိုးလောကဓံ ဆိုတာ ဘုရားရှင်တောင်မလွတ်ပါဘူး တံတွေးနဲ့ ထွေးတာခံခဲ့ရတယ် ဆဲတာခံရတယ် ရန်ပြုခံရတယ် ဒါတွေဟာ ဘုရားရှင်တောင် မလွတ်တဲ့လောကဓံပဲ ငါလည်းခံရတာ သဘာဝကျပါတယ်လို့  နှလုံးသွင်းလိုက်ပါ ဆဲတဲ့သူအပေါ် စိတ်မဆိုးတော့ပါဘူး နောက်တချက်က ဗုဒ္ဓက သံသရာမှာ မိဘ မတော်ဘူးသူမရှိဘူးလို့ ဟောထားတယ် သူဟာ အခုဘဝသာ ငါ့အပေါ်ဆိုးနေတာ အတိတ်ဘဝတခုခုမှာ ငါ့မိဘ တော်ခဲ့ဘူးတယ် အဲဒီအချိန်က ငါ့အပေါ်ကို တော်တော်ချစ်ပြီးတော်တော်လေးပေးဆပ်ခဲ့မှာပဲ အခုက သူမသိလို့ ဆဲနေတာ ငါ့အပေါ်ကျေးဇူးရှိခဲ့ဘူးတဲ့အတွက် ငါကပြန်ပြီးဆဲဆိုရင် ကျေးဇူးကန်းရာကျမယ် ငါပြန်ဆဲဖို့ မသင့်ဘူးလို့  နှလုံးသွင်းလိုက်ရင် ဆဲတဲ့သူအပေါ် ဒေါသမထွက်တော့ပါဘူး နောက်တခုက ဗုဒ္ဓက ငါမရှိဘူး သူမရှိဘူး ရုပ်နာမ်ပဲရှိတယ် အရာရာဟာ ပညတ် တွေချည်းပဲ ဒါ့ကြောင့် ငါဆဲ တယ်ဆိုရင် ဘယ်သူ့ ကိုဆဲမှန်း မသိဘူး ငါသာ အကုသိုလ် တိုးပွားနိုင်တယ် လို့ နှလုံးသွင်းလိုက်ပါ ဆဲစရာလူမရှိတော့ပါဘူး နောက်တခါ ဗုဒ္ဓကအရာရာကို မေတ္တာနဲ့ အောင်ခဲ့တာ မေတ္တာဆိုတာ ဘယ်လောက်ကြမ်းတမ်းတဲ့သူဖြစ်ပါစေ နူးညုံ့သိမ်မွေ့ သွားရမှာပဲ ဒါ့ကြောင့် သူ့ ကို ပြန်ဆဲမဲ့ အစား မေတ္တာပို့ တာပဲကောင်းပါတယ်လေ လို့ နှလုံးသွင်းပြီး စူးစူးစိုက်စိုက် မေတ္တာပို့ ပါ ဒေါသတွေပျောက်ပြီး မေတ္တာဓာတ်တွေ ကိမ်းဝပ်ခါ ပြန်ပြီးအဆင်ပြေလာပါလိမ့်မယ် ကဲ…မယုံရင် စမ်းကြည်းကြပါ အခု fb မှာ အဲဒီလို စမ်းသပ်ဖို့  အခွင့်အရေးတွေ အများကြီးရပါတယ် ဆဲတဲ့သူတွေ များလေလေ ကိုယ့်အတွက် ပါရမီဖြည့်ဘက်လို့ သဘောထားပြီး နှလုံးသွင်းလေလေ နိဗ္ဗါန်နဲ့  နီးလေလေပါပဲ ဦးမြင့်ခိုင်

No comments:

Post a Comment