Sunday, December 23, 2018

"အသေမြတ်ခြင်းနှင့် အသေယုတ်ခြင်း"


"အသေမြတ်ခြင်းနှင့် အသေယုတ်ခြင်း"

+++++++++++++++++++++++++

-အသေမြတ်ခြင်း ဟူသည် . . .
-မှန်စီရွှေချခေါင်းကြီးနှင့် ချနိုင်မှ . ,
-လှပခန့်ညားသော အုတ်ဂူကြီးကို ဆောက်နိုင်မှ,
-ကားအစီးပေါင်းများစွာ လိုက်ပို့နိုင်မှ . . .မဟုတ်။
-သေပြီးနောက် လူ့ဘဝထက် မြတ်သော နတ်ဘဝ , ဗြဟ္မာဘဝသို့ ရောက်ရခြင်း , နိဗ္ဗာန်သို့ ရောက်ရခြင်းတို့ကို ဆိုလိုသည်။

-အသေယုတ်ခြင်းဟူသည် . . .
-ဖျာလိပ်နှင့်ပတ်ပြီး ချရသည် . . မဟုတ်။
-ရွှေခေါင်းကြီးနှင့် သဂြိုလ်ရသည် ဖြစ်စေ ,
သေပြီးနောက် လူ့ဘဝထက် ယုတ်ညံ့သော အပါယ်လေးဘုံ တစ်ဘုံဘုံသို့ ရောက်ရခြင်းကို ဆိုလိုသည်။

-အသေမြတ်ချင်လျှင် သေနည်း သင်ရ၏။
-သင်ပြီး လေ့ကျင့်ပွားများရ၏။ အသေမြတ်ချင်သူများသည် . .
၁။မရဏာနုဿတိ ဘာဝနာကို ပွားများရမည်။
၂။သရဏဂုံသုံးပါး စွဲမြဲရမည်။
၃။လောဘ , ဒေါသ , မောဟ နည်းအောင် ကြိုးစားရမည်။
၎။မိမိကိုယ်မိမိ တကယ်ကြည်ညိုအောင် နေရမည်။

မိမိကိုယ်မိမိ တကယ်ကြည်ညိုအောင် နေလိုသူများသည် နံ့သာဖြူပင်လို ကျင့်ရမည်။ နံ့သာဖြူပင်သည် အသက်ကြီးလေ ပိုမွှေးလေ , အနှစ်ပြည့်လေ ဖြစ်၏။

ထို့အတူ . . . လူဖြစ်စေ , ရဟန်းဖြစ်စေ
အသက်ကြီးလာသည်နှင့်အမျှ " သီလ , သမာဓိ , ပညာ "ဟူသော အနှစ်များ ပိုပြည့်လာရမည်။
-အသက်သာ ကြီးလာပြီး ထိုသိက္ခာသုံးပါး တိုးတက်မလာလျှင် အသက်ကြီးခြင်းသည် တန်ဖိုးမရှိ , သေမလို့ ကြီးခြင်းသာ ဖြစ်လေ၏။

(မေတ္တာရှင် ရွှေပြည်သာ)
Credit - ဓမ္မနှစ်သက်သူ။

No comments:

Post a Comment