Sunday, December 23, 2018

နောက်ဆုံးထွက်သက်မထွက်ခင်


နောက်ဆုံးထွက်သက်မထွက်ခင်
--------------------------------
မေမေရေ
သားကိုကယ်ပါဦး
ခန္ဓာကိုယ်အနှံ့အပြား
နီနီအကောင် (ပုရွက်ဆိတ်)လေးတွေ
ကိုက်နေကြတာ
နာကျင်လိုက်တာဗျာ။
သားရဲ့ခြေဖ၀ါးနုနုကနေ
တက်လာတဲ့အကောင်လေးတွေ
အုတ်တံတိုင်းကတဆင့်
ကိုက်ဖို့၊ခဲဖို့အစုလိုက်အပြုံလိုက်
လာနေကြတဲ့အကောင်လေးတွေ
အပင်ပေါ်ကနေ လေတိုက်တိုင်း
လွင့်စင်ကျလာတဲ့ အကောင်လေးတွေ
အမေပတ်ပေးထားတဲ့ အ၀တ်ကနေ
တရွေ့ရွေ့ဖြတ်သန်းနေကြတဲ့
အကောင်လေးတွေဟာ
သားမျက်လုံး၊ သားနား၊
သားနှာခေါင်း၊ သားချက်ကြိုးပါမကျန်
ဝင်ရောက်လို့၊ ကိုက်ခဲလို့။
သားရုန်းချင်တယ် မေမေရယ်
အ၀တ်ပတ်ထားတော့ လှုပ်လို့မရဘူး။
အူဝဲ အူဝဲနှင့်ငိုပြီး
သားအကူအညီတောင်းချင်တယ် အမေ
အားအင်ချည့်နှဲ့ နှလုံးခုန်ရပ်မတတ်ဖြစ်နေတဲ့
သားအခြေအနေက အသံထွက်
မလာနိုင်တော့ဘူး။
သားအခုခံစားရတဲ့ ဒုက္ခတွေဟာ
အရင်ဘ၀က ၀ဋ်ကြွေးတွေလား?
လူ့လောကမှာ ကြုံတွေ့နေကြတဲ့
အဖြစ်အပျက်တစ်ခုလား?
ခေတ်ပေါ်ပြသ၁နာတစ်ခုရဲ့
ပြယုဂ်လေလား?
လူသားဆန်မှုကို မေးခွန်းထုတ်စေမယ့်
စမ်းသပ်ချက်တစ်ခုလား?
မရောက်သင့်တဲ့အချိန်မှာရောက်လာမိတဲ့
သားရဲ့အပြစ်တွေလား?
စဉ်းစားရင်းတွေးရင်း
သေမင်းကမ္ဘာဆီ သားသွားရတော့မယ်
မေမေ……………….
နောက်ဆုံးထွက်သက်မထွက်ခင်
သားဆုတောင်းပေးခဲ့ပါရစေ။
လူ့လောကထဲရောက်အောင်
ခက်ခက်ခဲခဲ မွေးလိုက်ရတဲ့မေမေ
မွေးဖွားမှုဝေဒနာတွေ
နာကျင်ခံစားရမှုတွေ
အမြန် သက်သာပျောက်ကင်းပါစေ။
ဘယ်သူမှန်းနာမည်တပ်မရတဲ့ဖေဖေ
အချိန်တိုင်းပျော်ရွှင်နိုင်ပါစေ။
သားကိုကိုက်ခဲနေကြတဲ့
ပုရွက်ဆိတ်လေးတွေ
အစာ၀၀လင်လင် စားနိုင်ကြပါစေ။
သားလဲ ဒီဘ၀ဒီအမျှနှင့်ပဲ
ဝဋ်ကြွေးရှိရင်ကြေပါစေ။
(စွန့်ပစ်ခံလိုက်ရတဲ့ကလေးငယ်တစ်ယောက်ကိုရည်စူးလျက်)
Credit- ပရဟိတမိဘမဲ့ကျောင်း မန္တလေး
https://www.facebook.com/ukuwera/
#ဒီလိုကလေးများတွေ့ခဲ့ရင်ဖုန်းလေးတချက်သာဆက်လိုက်ပါ...
#YGWပရဟိတမိဘမဲ့ကျောင်း
မန္တလေး ပြည်ကြီးတံခွန်မြို့နယ် စက်မှု၂
ကနောင်မင်းသားကြီး ၅၈လမ်း
☏☏☏09402695999
📲📲📲09423750049
📱📱📱0933300163

No comments:

Post a Comment