❝ လှန်တွေးပြီး ပြန်ဆွေးမနေပါနဲ့တော့... ❞
■■■■■■■■■■■■■■■■■■■■
■■■■■■■■■■■■■■■■■■■■
ငြိမ်းအေးသောဘဝပိုင်ရှင် ဖြစ်ဖို့အတွက်
အရည်အသွေးတစ်ခုကတော့ …
နောင်တတစ်ဖန် ပူပန်ခြင်း သို့မဟုတ်
ကုက္ကုစ္စ ကင်းရှင်းခြင်းဆိုတဲ့ အရည်အသွေးပါပဲ။
အရည်အသွေးတစ်ခုကတော့ …
နောင်တတစ်ဖန် ပူပန်ခြင်း သို့မဟုတ်
ကုက္ကုစ္စ ကင်းရှင်းခြင်းဆိုတဲ့ အရည်အသွေးပါပဲ။
ကုက္ကုစ္စလို့ ဆိုလိုက်ရင်
နောင်တတစ်ဖန် ပူပန်ခြင်းလို့ပဲ အားလုံးက
အလွယ်တကူ သဘောပေါက်လိုက်ကြတယ်။
ကုက္ကုစ္စဆိုတဲ့ စကားလုံးက
တိုက်ရိုက် ထွက်တဲ့ အဓိပ္ပာယ်ကတော့ …
စက်ဆုတ်ဖွယ်အပြုအမူ
မကောင်းတဲ့ အပြုအမူဆိုးလို့
အဓိပ္ပာယ်ရပါတယ်။
နောင်တတစ်ဖန် ပူပန်ခြင်းလို့ပဲ အားလုံးက
အလွယ်တကူ သဘောပေါက်လိုက်ကြတယ်။
ကုက္ကုစ္စဆိုတဲ့ စကားလုံးက
တိုက်ရိုက် ထွက်တဲ့ အဓိပ္ပာယ်ကတော့ …
စက်ဆုတ်ဖွယ်အပြုအမူ
မကောင်းတဲ့ အပြုအမူဆိုးလို့
အဓိပ္ပာယ်ရပါတယ်။
လူဆိုတာ မွေးကတည်းက
ခြောက်ပြစ်ကင်း၊ သဲလဲစင်
စင်းလုံးချောကတော့ ဘယ်သူမှ မဖြစ်ပါဘူး။
မလုပ်သင့်တာ လုပ်မိတာမျိုး
လုပ်သင့်တာ မလုပ်သင့်တာမျိုး
အနည်းနဲ့အများ ရှိခဲ့ကြမှာပါပဲ။
ဒါတွေကို ပြန်တွေးပြီး စိတ်ညစ်နေလို့လည်း
လုပ်ပြီးသားက အလိုအလျောက်
မလုပ်ရသေးတာ ပြန်ဖြစ်မသွားသလို …
မလုပ်ရသေးတာကလည်း အလိုအလျောက်
လုပ်ပြီးသား ဖြစ်မသွားနိုင်ပါဘူး။
ခြောက်ပြစ်ကင်း၊ သဲလဲစင်
စင်းလုံးချောကတော့ ဘယ်သူမှ မဖြစ်ပါဘူး။
မလုပ်သင့်တာ လုပ်မိတာမျိုး
လုပ်သင့်တာ မလုပ်သင့်တာမျိုး
အနည်းနဲ့အများ ရှိခဲ့ကြမှာပါပဲ။
ဒါတွေကို ပြန်တွေးပြီး စိတ်ညစ်နေလို့လည်း
လုပ်ပြီးသားက အလိုအလျောက်
မလုပ်ရသေးတာ ပြန်ဖြစ်မသွားသလို …
မလုပ်ရသေးတာကလည်း အလိုအလျောက်
လုပ်ပြီးသား ဖြစ်မသွားနိုင်ပါဘူး။
သတိတရား ဝင်လာတဲ့အချိန်
အသိတရား ရလာတဲ့အချိန်ကစပြီး …
မလုပ်သင့်တာ ငါ မလုပ်တော့ဘူး။
လုပ်သင့်တာ ငါလုပ်တော့မယ်လို့
စိတ်နှလုံး ဒုံးဒုံးချ ဆုံးဖြတ်ထားလိုက်ဖို့
လိုပါတယ်။
အသိတရား ရလာတဲ့အချိန်ကစပြီး …
မလုပ်သင့်တာ ငါ မလုပ်တော့ဘူး။
လုပ်သင့်တာ ငါလုပ်တော့မယ်လို့
စိတ်နှလုံး ဒုံးဒုံးချ ဆုံးဖြတ်ထားလိုက်ဖို့
လိုပါတယ်။
လုပ်သင့်တာ လုပ်နေပါလျက်နဲ့
မျှော်လင့်သလောက် အကျိုးမရလို့
လုပ်လျက်နဲ့ မရလေခြင်းဆိုပြီး
စိတ်ပူနေတာဟာလည်း ကုက္ကုစ္စပါပဲ။
မျှော်လင့်သလောက် အကျိုးမရလို့
လုပ်လျက်နဲ့ မရလေခြင်းဆိုပြီး
စိတ်ပူနေတာဟာလည်း ကုက္ကုစ္စပါပဲ။
မလုပ်သင့်တာကို မျှော်လင့်ချက်တစ်ခုနဲ့
စိတ်လိုလက်ရ လုပ်နေရင်း
မျှော်လင့်သလို ဖြစ်မလာတဲ့အခါ
စိတ်ပူပန်တာဟာလည်း ကုက္ကုစ္စပါပဲ။
စိတ်လိုလက်ရ လုပ်နေရင်း
မျှော်လင့်သလို ဖြစ်မလာတဲ့အခါ
စိတ်ပူပန်တာဟာလည်း ကုက္ကုစ္စပါပဲ။
" ပြီးခဲ့တာတွေကို မေ့ပစ်နိုင်အောင် ကြိုးစားပါ။
ယူသင့်တဲ့ သင်ခန်းစာယူတာကလွဲရင်ပေါ့ "
ယူသင့်တဲ့ သင်ခန်းစာယူတာကလွဲရင်ပေါ့ "
ဟိုတုန်းက မသိဘူး။ ခုမှသိရတာ အသိ
နောက်ကျလေခြင်းလို့ ဘယ်တော့မှ မတွေးပါနဲ့။
သိတဲ့အချိန်ကစပြီး နောက်မကျပါဘူး။
သိတဲ့အချိန်က စလုပ်
သိလျက်နဲ့ မလုပ်ဘူးဆိုရင်သာ
နောက်ကျတာပါ။
နောက်ကျလေခြင်းလို့ ဘယ်တော့မှ မတွေးပါနဲ့။
သိတဲ့အချိန်ကစပြီး နောက်မကျပါဘူး။
သိတဲ့အချိန်က စလုပ်
သိလျက်နဲ့ မလုပ်ဘူးဆိုရင်သာ
နောက်ကျတာပါ။
လုပ်သင့်တာတွေလုပ်ပြီး
နောင်တတစ်ဖန် ပူပန်မှု
ကုက္ကုစ္စ ကင်းရှင်းသွားပြီဆိုရင်
ငြိမ်းအေးသော ဘဝပိုင်ရှင် ဖြစ်ပါပြီ။
နောင်တတစ်ဖန် ပူပန်မှု
ကုက္ကုစ္စ ကင်းရှင်းသွားပြီဆိုရင်
ငြိမ်းအေးသော ဘဝပိုင်ရှင် ဖြစ်ပါပြီ။
ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
ငြိမ်းအေးသော ဘဝပိုင်ရှင် စာအုပ်မှ-
ငြိမ်းအေးသော ဘဝပိုင်ရှင် စာအုပ်မှ-
🌺အမှောင်ပျောက်၍ အလင်းရောက်ပါစေ။🌺
No comments:
Post a Comment