Tuesday, December 18, 2018

ဘာသာဟူသည် ပြောဆိုရာစကားပင်ဖြစ်၏


ဘာသာဟူသည် ပြောဆိုရာစကားပင်ဖြစ်၏။
ဘာသာဝင်ဟူသည် ထိုပြောစကား ယုံကြည်သက်ဝင်ကာ လိုက်နာနေခြင်းကို ဆို၏ ။
ဤ၌ ဘုရား (ဗုဒ္ဓ) စကား ယုံကြည်သက်ဝင်ကာ လိုက်နာကျင့်ကြံပါသော် .. ဗုဒ္ဓဘာသာဝင်များဟူ၍ ဆိုရပြီး ,
တခြားဆရာသမား၏ စကားကို သက်ဝင်ယုံကြည် ကာ လိုက်နာကျင့်ကြံပါသော်ကား တခြား ဘာသာဝင်များဟူ၍သာ ဆိုရ၏ ။
ယုတ်စွအဆုံး ကိုယ့်စကားကိုယ်ယုံကာ ကိုယ့်သဘောကျအတိုင်း ပြုကျင့်နေလျှင် ကိုယ့်ဘာသာဝင်ကား ဖြစ်နေချေပြီ ။
ဗုဒ္ဓဝါဒကား ....
( ၁ ) မကောင်းမူမပြုလင့် - မကောင်းဥာဉ်များ အားအင်ကုန်ခမ်းသွားရန်အတွက် .
( ၂ ) ကောင်းမူမှန်က ပြုကျင့် - ကောင်းဥာဉ်များ ထွန်းကားသည်ထက် ထွန်းကားလာရန်အတွက် .
( ၃ ) စိတ်ကိုဖြူစင်စွာထား - အရာရာကို အရှိအရှိအတိုင်း ထိုးဖောက်သိမြင်ရန် အတွက် .
ထိုစကားတော် သုံးချက်လျှင် အနှစ်ချုပ်ခဲ့၏။
( မဟာဗောဓိမြိုင် ဆရာတော် - ဗုဒ္ဓဘာသာ့ကထာ စာအုပ်မှ , နှာ - ၄၇ )
မေတ္တာဖြင့်
ညီရိုးမြေ

No comments:

Post a Comment