ကထိန်သင်္ကန်း
++++++++++++++
ကထိနစီဝရ - ကထိန်သင်္ကန်း၊ ကထိန်ကံဆောင်ရန် လှူအပ်သောသင်္ကန်း။
ဘုရားရှင်လက်ထက်က ပါဝေယျတိုင်းသား ဘဒ္ဒဝဂ္ဂီညီနောင် သုံးကျိပ်တို့အား အကြောင်းပြု၍ သံဃာတော်များ သင်္ကန်းလုံလောက်ရန် ကထိန်သင်္ကန်း အလှူခံခွင့်ပြုထားသည်။
ကထိန်ခင်းရန် ခွင့်ပြုသော ရက်အပိုင်းအခြားသည် သီတင်းကျွတ် လပြည့်ကျော်တစ်ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လသာ ဖြစ်သည်။
ကထိန်သင်္ကန်းကို အမိအဖတို့ထံမှသော်လည်း အလှူမခံရပါ၊ သဒ္ဓါအလျောက် ဖြစ်ပေါ်လာသော သင်္ကန်းဖြစ်မှ သိမ်အတွင်း ဝါဆိုသံဃာများစုဝေး၍ ကမ္မဝါရွတ်ဖတ်ပြီး ကထိန် ခင်းရသည်။ သင်္ကန်းလှူသောအခါ ပုဂ္ဂိုလ်ကို မလှူရ။
သံဃာကို ရည်ညွှန်းလှူရသည်။ သံဃာ့အစည်းအဝေး၌ သင်္ကန်းရှားပါးသော ရဟန်းအား ထိုကထိန်သင်္ကန်းကို ပေးရသည်။
လှူသောသူရော ခံယူသူ ရဟန်းပါ အကျိုးငါးမျိုးရရှိသည်။
ကထိန်ဟူသော ဝေါဟာရ
ကထိန်ဟူသော ဝေါဟာရသည် ကထိနဟူသော ပါဠိဝေါဟာရမှ ဆင်းသက်လာသော စကားဖြစ်ပါသည်။ ရိုးရိုးအဓိပ္ပါယ်မှာ မြဲမြံခြင်းဟူသော အနက်အဓိပ္ပါယ် ရှိပါသည်။
ကထိန်အာနိသင်အကျိုး ငါးမျိုးသည် သီတင်းကျွတ်လပြည့်ကျော်(၁)ရက်မှ တပေါင်းလပြည့်နေ့အထိ (၅)လတိုင်တိုင် ကထိန်ခင်းသော ကျောင်းတိုက်အတွင်း၌ မြဲမြံခိုင်ခံ့တည်တံ့ စေတတ်သော အနက်သဘော၊ ကထိန်အကျိုးအာနိသင်ငါးမျိုးကို ကထိန်ခင်းသော သံဃာမှတစ်ပါး အခြားသံဃာတို့ မရောက်စေမူ၍ ကထိန်ခင်းသော သံဃာအားသာ ရရှိအောင် ချီးမြှင့်ထောက်ပံ့တတ်သော အနက်သဘော၊ ဘုရားအစရှိသော သူတော်ကောင်းတို့သည် ကောင်း၏တော်၏ဟု ချီးမွမ်းအပ်သောအနက်သဘော၊ ဟူ၍ ကထိန်နှင့်ပတ်သက်၍ အနက်အဓိပ္ပါယ်ဖွင့်ဆိုရေးသားကြပါသည်။ အချုပ်မှာ ကထိန်အကျိုးငါးပါးကို မြဲမြံခိုင်ခန့်တည်တံ့ စေနိုင်သော ဘုရားစသော သူတော်ကောင်းကို ချီးမွှမ်းအပ်သော သံဃာတော်များ ဆောင်ရွက်ရသော အလုပ်ကိစ္စ (သံဃာကံ)သည် ကထိန်မည်ပါသည်။
ဝိနည်းမဟာဝါဘာသာဋီကာကျမ်းပြုဆရာ အရှင်ဇနကာဘိဝံသ၏မိန့်ဆိုချက်
ကထိနံ၊ အတ္တာရော။ ။ ကထနသဒ္ဒါသည် ထိရအနက်ကို ဟောသော အနိပ္ဖန္နပါဋိပဒိက ပုဒ်တည်း၊ ထိရ အနက်ကိုဟောသော ရုဠီပုဒ် ဖြစ်သည်-ဟူလို၊ '' ထိရ-ခိုင်မြဲ '' ဟူသည်လည်း နောက်၌လာမည့်ကထိန်၏ အာနိသင် (အကျိုး)ငါးပါးကို ကထိန်ခင်းရာ ကျောင်းတိုက်အတွင်း၌ ထားနိုင်လောက်အောင် ခိုင်ခံ့ခြင်းတည်း၊ (ကထိနန္တိ ပဉ္စာနိသံသေ အန္တောကရဏသမတ္ထတာယ ထိရန္တိ အတ္ထော၊) ဝိနယာလင်္ကာရ၌ ဓါတ်အမျိုးမျိုး ကြံ၍ ဝိဂြိုလ်ပြုလေသေး၏။
သက္ကတ၌ '' အာသ္ထရ '' ဟုရှိ၏၊ အာပုဗ္ဗ+သ္ထရဓါတ်သည် ပါဠိ၌ အာပုဗ္ဗ+ထရဓါတ် ဖြစ်၏၊ အစ္ဆာဒန(ဖုံးအုပ်-ဖုံးလွှမ်း) အနက်ကိုဟော၏၊ ဖြန့်ခင်းခြင်းဟူသည် ထိုခင်းရာဌာနကို ဖုံးလွှမ်းခြင်းပင်တည်း၊ ထို့ကြောင့် '' အတ္ထာရ-ခင်းခြင်း '' ဟု အနက်ပေးကြသည်၊ ထို့ကြောင့် ကထိန်ဟု ခေါ်ဝေါ်အပ်သော ပညတ်တစ်မျိုးကို မိမိတို့၏ ကျောင်းတိုက်အတွင်း၌ (ကျောင်းတိုက်ကို ဖုံးလွှမ်းသောအားဖြင့်) ထားခြင်းကို '' ခင်းခြင်း '' ဟုမှတ်ပါ၊ ထိုသို့ ဖုံးလွှမ်းထားသည့်အတွက် ကထိန်၏ အရှိန်အဝါ အာနိသင် ငါးပါးသည် အခြားသို့ လွန်၍ မသွားတော့ဘဲ ဤကျောင်းတိုက်မှာပင် တည်နေရတော့သည်၊ ကထိနဿ-ကို+အတ္ထာရော ကထိနတ္ထာရော၊ (ကထိန၏ အရကောက်နှင့် ခင်းပုံ အစီအစဉ်မှာ နောက်၌လာမည့် စကားများနှင့် ပရိဝါ၌ ထင်ရှားပါလမ့်လတ္တံ့။)
ပစ္ဆိမ၊ ပေ၊ သတသဟဿမ္ပိ။ ။ သိမ်အတွင်း၌ လေးပါးသံဃာက တစ်ပါးအား ဉတ်ကမ္မဝါစာဖြင့် သင်္ကန်းပေးရမည် ဖြစ်သောကြောင့် အနည်းဆုံး ငါးပါးရှိမှ ကထိန်ခင်းနိုင်၏၊ ငါးပါး၏ အထက်၌ကား တစ်သိန်းသော သံဃာများလည်း ခင်းနိုင်သည်။
သူရိယုဂ္ဂမန၊ ပေ၊ ဒေမ။ ။ သံဃာ့ရှေ့မှောက်လာရောက်၍ '' ကထိနစီဝရံဒေမ '' ဟုလှူသောကြောင့် ထိုမျှလောက်ဆိုရုံဖြင့် သံဃိကဖြစ်၍ ကထိန်ခင်းကောင်းတော့၏၊ သို့သော် ရှေးခေတ်က သင်္ကန်းမချုပ်ရသေး၍ ထိုနေ့၌ သင်္ကန်းပြီးအောင်ချုပ်ပြီး၊ ဆိုးပြီးလျှင် ကထိန်ခင်ရမည်ဖြစ်သောကြောင့် '' သူရိယုဂ္ဂမနသမယေ '' ဟုဆိုသည်၊ ယခုခါ ၌ကား ချုပ်ပြီး၊ ဆိုးပြီးသင်္ကန်းကို လှူသောကြောင့် မည်သည့်အချိန်၌မဆို လှူနိုင်ပါသည်။
အနဿရော ဣဿရော။ ။ ကထိန်ခင်းရာ၌ ကထိန်သင်္ကန်းတစ်ထည်အပြင် အာနိသင်ဟု ခေါ်ရသော အပိုအဝတ်များ ပါလာတတ်သေး၏၊ '' ထို အာနိသင် အဝတ်များကို ကထိန်ခံသော ရဟန်းအား လှူပါ၏ '' ဟု ဒါယကာတို့က လျှောက်လျှင် ထိုကထိန်ခံသော ရဟန်းသာပိုင်၏၊ အထူး မလျှောက်လျှင် ထိုကျောင်းတိုက်၌ ပုရိမဝါကျွတ်သော ရဟန်းသံဃာက ပိုင်သည်။
မှတ်ချက်။ ။ ယခုအခါကား အာနိသံသဟူရာ၌ အဝတ်သင်္ကန်းသာမက ''ဉတ်မကြီးအတွက်'' ဟု ရည်မှန်း ထားသော ဉတ်ရံပစ္စည်းတွေ (မျက်နှာသုတ်ပဝါ၊ စောင်မှစ၍) အမျိုးမျိုး ပါရှိတတ်၏။
သစေ ပန၊ ပေ၊ န ပဋ္ဋတိ။ ။ ကထိန်သင်္ကန်းပေးစဉ်က သိမ်တွင်း၌ ပေးပြီးနောက် ခင်းသောအခါ ကျောင်းတိုက်သံဃာအားလုံး စုပေါင်း၍ သိမ်တွင်း၌ဖြစ်စေ၊ သိမ်ပြင်၌ဖြစ်စေ ကျောင်းတိုက်တွင်းဝယ် သင့်တော်ရာအရပ်၌ ခင်းနိုင်ပါသည်၊ ကျောင်းတိုက်တစ်ခုတည်း၌ (အချင်းချင်း မတည့်သောကြောင့်) နှစ်ကထိန် သုံးကထိန်အား မခံကောင်း၊ မခင်းကောင်း။
ပဉ္စကံ ဝါ။ ။ ပဉ္စ+ပရိမာဏာနိ ယဿာတိ ပဉ္စကံ-ငါးခန်း အတိုင်းအရှည်ရှိသော သင်္ကန်း၊ ပရိမာဏအနက်၌ ကပစ္စည်း၊ ဤ၌ ဧကာဒသက (ဆယ့်တစ်ခန်း)သင်္ကန်းကို အဆုံးသတ်ထားသော်လည်း အဝုတ္တဝိကပ္ပနဝါသဒ္ဒါကြောင့် ထို၁၁ခန်းထက် ဗန္ဓနမတ္တေနာတိ-ကား၊ မောဃသုတ္တကာရောပနမတ္တေန-အချည်းနှီးသော ချည်ငယ်ကို တင်ခြင်းမျှဖြင့်၊ (န ဟောတိ)၊ သြဝတ္တိယကရဏမတ္တေနာတိ-ကား၊ မောဃသုတ္တကာနုသာရေန-အချည်းနှီး တည်ထားအပ်သော ချည်ကို အစဉ်လိုက်သဖြင့်၊ သီဃသိဗ္ဗိတမတ္တေန-အလျား ချုပ်ခြင်းမျှဖြင့်၊ (န ဟောတိ)၊ ကဏ္ဍုသကရဏမတ္တေနာတိ-ကား၊ မုဒ္ဓိယပတ္တဗန္ဓနမတ္တေန-တလုပ်မြောင်းဖြစ်သော အလွှာကို ဖွဲ့စပ်ခြင်းမျှဖြင့်၊ (န ဟောတိ)၊ ဒဠီကမ္မကရဏမတ္တေနာတိ-ကား၊ ဒွေ-နှစ်လွှာကုန်သော၊ စိမိလိကာယော-အဝတ်လွှာတို့ကို၊ ဧကတော-များသော အခန်းရှိသော သင်္ကန်းများကိုလည်း ယူနိုင်၏၊ သို့သော် ထိုအခန်းများသော သင်္ကန်းတို့မှာ အလုပ်တာဝန် များသလောက် အသုံးပြုရာ၌ အကျိုးမများပါ၊ ရှေးက ပံသုကူသင်္ကန်းများ၌သာ တိုတိုထွာထွာ အဝတ်တွေကို စပ်၍ ချုပ်ရသောကြောင့်အခန်းပမာဏ မထားဘဲ အလွန်များရသည်၊ ထို့ပြင် ရိုးရိုးသင်္ကန်းချုပ်ရာ၌ ပထမ '' ခေါင် '' ဟုခေါ်ရသော အဝတ်လွှာ၏ ဝဲဘက် ယာဘက်၌ အစုံရံ၍ ချုပ်ရသောကြောင့် အခန်းများ၌ စုံဂဏန်း မရှိဘဲ မဂဏန်းချည်းသာ ရှိရပါသည်။ပဉ္စကံ ဝါ။ ။ ပဉ္စ+ပရိမာဏာနိ ယဿာတိ ပဉ္စကံ-ငါးခန်း အတိုင်းအရှည်ရှိသော သင်္ကန်း၊ ပရိမာဏအနက်၌ ကပစ္စည်း၊ ဤ၌ ဧကာဒသက (ဆယ့်တစ်ခန်း)သင်္ကန်းကို အဆုံးသတ်ထားသော်လည်း အဝုတ္တဝိကပ္ပနဝါသဒ္ဒါကြောင့် ထို၁၁ခန်းထက် ဗန္ဓနမတ္တေနာတိ-ကား၊ မောဃသုတ္တကာရောပနမတ္တေန-အချည်းနှီးသော ချည်ငယ်ကို တင်ခြင်းမျှဖြင့်၊ (န ဟောတိ)၊ သြဝတ္တိယကရဏမတ္တေနာတိ-ကား၊ မောဃသုတ္တကာနုသာရေန-အချည်းနှီး တည်ထားအပ်သော ချည်ကို အစဉ်လိုက်သဖြင့်၊ သီဃသိဗ္ဗိတမတ္တေန-အလျား ချုပ်ခြင်းမျှဖြင့်၊ (န ဟောတိ)၊ ကဏ္ဍုသကရဏမတ္တေနာတိ-ကား၊ မုဒ္ဓိယပတ္တဗန္ဓနမတ္တေန-တလုပ်မြောင်းဖြစ်သော အလွှာကို ဖွဲ့စပ်ခြင်းမျှဖြင့်၊ (န ဟောတိ)၊ ဒဠီကမ္မကရဏမတ္တေနာတိ-ကား၊ ဒွေ-နှစ်လွှာကုန်သော၊ စိမိလိကာယော-အဝတ်လွှာတို့ကို၊ ဧကတော-များသော အခန်းရှိသော သင်္ကန်းများကိုလည်း ယူနိုင်၏၊ သို့သော် ထိုအခန်းများသော သင်္ကန်းတို့မှာ အလုပ်တာဝန် များသလောက် အသုံးပြုရာ၌ အကျိုးမများပါ၊ ရှေးက ပံသုကူသင်္ကန်းများ၌သာ တိုတိုထွာထွာ အဝတ်တွေကို စပ်၍ ချုပ်ရသောကြောင့်အခန်းပမာဏ မထားဘဲ အလွန်များရသည်၊ ထို့ပြင် ရိုးရိုးသင်္ကန်းချုပ်ရာ၌ ပထမ '' ခေါင် '' ဟုခေါ်ရသော အဝတ်လွှာ၏ ဝဲဘက် ယာဘက်၌ အစုံရံ၍ ချုပ်ရသောကြောင့် အခန်းများ၌ စုံဂဏန်း မရှိဘဲ မဂဏန်းချည်းသာ ရှိရပါသည်။
ကထိနံ နာမ၊ ပေ၊ ဝဋ္ဋတိ။ ။ ကထိန်သင်္ကန်းဟူသည်မှာ အလွန်သန့်ရှင်းမြင့်မြတ်သော သင်္ကန်းဖြစ်ရမည်၊ မယ်တော်ကိုမျှ မတောင်းကောင်း၊ ကောင်းကင်မှ အလိုအလျောက် ကျလာသော မိုးပေါ်ကျ အဝတ်ကဲ့သို့ မည်သူ့ကိုမျှ အရိပ်နိမိတ် ပရိယာယ်စကား ပြောကြား၍ ရအပ်သော သင်္ကန်းမျိုးမဖြစ်စေရ၊ ထို့ကြောင့် '' နနိမိတ္တကတေန '' စသည့်ဖြင့် ဟောတော်မူသည်။
အစ္ဆိန္နကေန။ ။ ဤစကားကို ထောက်၍ ကထိန်သင်္ကန်းသည် ဖြတ်၍ ချုပ်အပ်သောသင်္ကန်းဖြစ်ရမည်၊ မဖြတ်ဘဲ ချုပ်အပ်သောသင်္ကန်း မဖြစ်ရ၊ ဒွတ္တိစတုက္ခဏ္ဍသင်္ကန်းလည်း မဟုတ်ရ၊ အနည်းဆုံး ငါးခန်းရှိသော သင်္ကန်း ဖြစ်ရမည်ဟု မှတ်ပါ၊ ကထိန်သင်္ကန်းမဟုတ်လျှင်ကား အစ္ဆိန္နက (ဖြတ်အပ်သော သင်္ကန်းမဟုတ်သော်လည်း ဝိကပ္ပနာပြု၍ ပရိက္ခာရစောဠ အဓိဋ္ဌာန်တင်၍ ဝတ်ကောင်း၏၊)သို့သော် တိစီဝရိတ် အဓိဋ္ဌာန်တင်၍ကား မဆောင်ကောင်းပါ။
အဟတေန။ ။ အဝတ်၌ ပါရိုးဖြစ်သော ကစည်ရည်စသော အစာကို မချေရသေးသောကြောင့် ဤ အသစ် စက်စက် အဝတ်ကို '' အစာမချေအပ်သေးသော အဝတ် '' ဟုလည်းကောင်း၊ သင်္ကန်းဆိုးပြီးသောအခါ တောင့်နေအောင် ခေါက်ထားအပ်သော သင်္ကန်းပေါ်၌ ဂျပ်ပြားကြီးဖြင့် ဖိထားရာမှ ချွတ်ယူအပ်ခါစ ဖြစ်သောကြောင့် '' အသစ်ဂျပ်ချွတ် '' ဟုလည်းကောင်း ခေါ်စမှတ်ပြုကြရသည်။ ဝတ်၍ တစ်ကြိမ် နှစ်ကြိမ်သာ ဖွတ်လျှော်ရသေးသော ကြောင့် အသစ်စက်စက်နှင့် မထူးခြားသေး၊ အသစ်ကဲ့သို့ပင်ဖြစ်သော အဝတ်-ဟူလို၊ (ဤ၌ တစ်ကြိမ် နှစ်ကြိမ် ဖွပ်လျှော် အပ်သော အဝတ်ကို '' အဟတကပ္ပ '' ဟု ဆိုသဖြင့် လုံးလုံး မဖွပ်ရသေးသော အဝတ်ကို '' အဟတ '' ခေါ်ကြောင်း သိသာသည်။
ပိလောတိကာယ။ ။ အသစ်၊ အသစ်နှင့်အလားတူ အဝတ်နှစ်မျိုးကို ပြပြီးဖြစ်သောကြောင့် အဝတ်နွမ်း အဝတ်ဟောင်းကို '' ပိလောတိက '' ဟုခေါ်သည်။
ကထိန်သင်္ကန်းသည် ဟောင်းနွမ်းသော သင်္ကန်းရှိသူအား ပေးရမည့်အဝတ်ဖြစ်၏။ ထို့ကြောင့် ကထိန်သင်္ကန်း ကိုက ဟောင်းနွမ်းနေလျှင် အဘယ်မှာ ပေးထိုက်ပါတော့အံ့နည်း။
No comments:
Post a Comment