Friday, November 23, 2018

သူခိုးပဲ


သူခိုးပဲ
……………………
အနိုင်ကျင့်ယူတာလည်း ခိုးခြင်းပဲ
လိမ်ယူတာလည်း ခိုးခြင်းပဲ
ခြိမ်းခြောက်ယူလည်း ခိုးခြင်းပဲ
မသိအောင်တိတ်တဆိတ်
လှည့်စားပြီးယူတာလည်း ခိုးခြင်းပဲ
ခိုးခြင်းတွေက အများကြီးပဲ
လောကမှာ လူတွေက သူခိုး သူခိုးဆိုပြီး
ဝိုင်းလိုက်တာကတော့ အိမ်မှာရှိတဲ့ပစ္စည်းတက်ယူတဲ့လူပဲ
သူခိုးနာမည်ကြီးနေတာ
သူခိုးဆိုတာဒီထက်ပိုများတယ်လို့မှတ်ထားရမယ်
အဲဒီအထဲမှာ ကိုယ်မပါဖို့အရေးကြီးတယ်
ဂုဏ်ရှိသရေရှိသူခိုးတွေမဖြစ်ဖို့
ပိုအရေးကြီးတာပေါ့
ဂုဏ်ရှိ သရေရှိဆိုတာက သူ့ဟာသူဂုဏ်ရှိနေတာပြောတာ
တကယ်ကတော့ ဂုဏ်ရှိနေတာမဟုတ်ဘူးနော်
သူခိုးလို့သတ်မှတ်မခံရတဲ့သူခိုးတွေမဖြစ်ဖို့
အရေးကြီးတယ်
ကျေးဇူးရှင်ဆရာတော်ကြီး
ဒေါက်တာနန္ဒမာလာဘိဝံသ
ဟောကြားသည့် လူတော်လူကောင်း
အရည်အချင်းများ
တရားဒေသနာတော်မှ့
Credit >> Original Uploader >> Thanks

No comments:

Post a Comment