Monday, November 12, 2018

“နားထောင်ပေးတတ်ပါစေ..”


“နားထောင်ပေးတတ်ပါစေ..”

★ တစ်ဖက်သား ခံစားနေရတဲ့ဒုက္ခကို ကိုယ်က
ပျောက်အောင် လုပ်ပေးနိုင်ချင်မှ လုပ်ပေးနိုင်မယ်။
ပြောင်းလဲသွားအောင် ကူညီပေးနိုင်ချင်မှ ကူညီနိုင်မယ်။

★ သူနဲ့သင့်လျော်တဲ့ အကောင်းဆုံး အကြံအဥာဏ်တွေကိုလည်း
ကိုက်ညီအောင် ပေးနိုင်ချင်မှ ပေးနိုင်မယ်။

★ သို့သော်လည်း…. သူပြောတာတွေကို ကိုယ်ချင်းစာစိတ်လေးနဲ့
ကိုယ်က နားထောင်ပေးတယ်ဆိုရင်ကိုပဲ
သူတော်တော် စိတ်ချမ်းသာသွားတာပဲနော်။

★ အနည်းဆုံးလေးတော့..
ကိုယ်တတ်နိုင်တာလေးနဲ့ ကူညီပေးတတ်ပါစေ…။

နှလုံးသားအာဟာရ

No comments:

Post a Comment