"သင်… တနေ့
မုချသေမည်ကိုသိလျှင်… ဖတ်ပါ"
မုချသေမည်ကိုသိလျှင်… ဖတ်ပါ"
သေခြင်း လေးမျိုး
-----------------
-----------------
သုံးဆယ့်တစ်ဘုံအတွင်းရှိ
သတ္တ၀ါဟူသမျှတို့သည်
မိမိတို့ ပိုင်ဆိုင်သော ဥစ္စာပစ္စည်းများ၊
ချစ်သော သားမယား၊ သားသမီး၊
ဆွေမျိုးမိတ်ဆွေများ၊
ရရှိထားသော ရာထူးဂုဏ်သိမ်များကို
စွန့်ခွာကာ… သေမင်းခေါ်ရာသို့
မသေချင်ဘဲလည်း သေမြဲဓမ္မတာအရ
သေပွဲဝင်ကြရမည် ဖြစ်ပါသည်။
သတ္တ၀ါဟူသမျှတို့သည်
မိမိတို့ ပိုင်ဆိုင်သော ဥစ္စာပစ္စည်းများ၊
ချစ်သော သားမယား၊ သားသမီး၊
ဆွေမျိုးမိတ်ဆွေများ၊
ရရှိထားသော ရာထူးဂုဏ်သိမ်များကို
စွန့်ခွာကာ… သေမင်းခေါ်ရာသို့
မသေချင်ဘဲလည်း သေမြဲဓမ္မတာအရ
သေပွဲဝင်ကြရမည် ဖြစ်ပါသည်။
ထိုသို့ …
သတ္တ၀ါအားလုံး သေဆုံးကြရာဝယ်
အောက်ပါ သေခြင်းလေးမျိုး
တစ်မျိုးမျိုးဖြင့်…
သေပွဲဝင်ကြရသည်မှာလည်း
ဓမ္မတာသဘောပင် ဖြစ်ပါသည်။
အောက်ပါ သေခြင်းလေးမျိုး
တစ်မျိုးမျိုးဖြင့်…
သေပွဲဝင်ကြရသည်မှာလည်း
ဓမ္မတာသဘောပင် ဖြစ်ပါသည်။
သေခြင်းလေးမျိုးဟူသည် …
အသက်တမ်းကုန်၍ သေရခြင်း၊
ကံအစွမ်းကုန်၍ သေရခြင်း၊
အသက်တမ်း၊ ကံအစွမ်း
နှစ်ပါးစလုံးကုန်၍ သေရခြင်း၊
ဥပစ္ဆေဒကခေါ် ကြားကံတစ်ပါးပါးက
သတ်ဖြတ်၍ သေရခြင်းတို့ ဖြစ်ပါသည်။
ကံအစွမ်းကုန်၍ သေရခြင်း၊
အသက်တမ်း၊ ကံအစွမ်း
နှစ်ပါးစလုံးကုန်၍ သေရခြင်း၊
ဥပစ္ဆေဒကခေါ် ကြားကံတစ်ပါးပါးက
သတ်ဖြတ်၍ သေရခြင်းတို့ ဖြစ်ပါသည်။
ယင်းသေခြင်းလေးမျိုးကို
ဥပမာအားဖြင့် -
ဥပမာအားဖြင့် -
ဆီမီးငြိမ်းရာ၌… ဆီကုန်ခန်းခြင်း၊
မီးစာ ကုန်ခန်းခြင်း၊
ဆီနှင့် မီးစာ နှစ်မျိုးကုန်ခန်းခြင်း၊
ဆီနှင့် မီးစာ ရှိပါသော်လည်း
လေပြင်းတိုက်ခတ်ခြင်း၊
(သို့မဟုတ်) တမင်ငြှိမ်းသတ်ခြင်း၊
ဟူသော… အကြောင်းလေးမျိုး
ရှိသကဲ့သို့ပင် ဖြစ်ပါသည်။
မီးစာ ကုန်ခန်းခြင်း၊
ဆီနှင့် မီးစာ နှစ်မျိုးကုန်ခန်းခြင်း၊
ဆီနှင့် မီးစာ ရှိပါသော်လည်း
လေပြင်းတိုက်ခတ်ခြင်း၊
(သို့မဟုတ်) တမင်ငြှိမ်းသတ်ခြင်း၊
ဟူသော… အကြောင်းလေးမျိုး
ရှိသကဲ့သို့ပင် ဖြစ်ပါသည်။
၁။ အသက်တမ်းကုန်၍ သေရခြင်း
-----------------------------------
-----------------------------------
ထိုထို ဘုံဘ၀တို့၌
သတ်မှတ်ထားအပ်သော
အသက်တမ်းများ ရှိကြပါသည်။
သတ်မှတ်ထားအပ်သော
အသက်တမ်းများ ရှိကြပါသည်။
ဤလူ့ဘ၀၀ယ် တက်ကပ်ကာလ၌
တဖြည်းဖြည်းတက်၍
အသေင်္ချေယျတိုင်အောင်
အသက်တမ်းရှိ၍
ဆုတ်ကပ်ကာလ၀ယ်
တဖြည်းဖြည်း ဆုတ်ကာ
(၁၀) နှစ် သက်တမ်းတိုင်အောင်
သက်တမ်းရှိလေသည်။
တဖြည်းဖြည်းတက်၍
အသေင်္ချေယျတိုင်အောင်
အသက်တမ်းရှိ၍
ဆုတ်ကပ်ကာလ၀ယ်
တဖြည်းဖြည်း ဆုတ်ကာ
(၁၀) နှစ် သက်တမ်းတိုင်အောင်
သက်တမ်းရှိလေသည်။
ဂေါတမဘုရားရှင်ပွင့်သောအခါ၌
သက်တမ်းသည် (၁၀၀) ရှိသည်။
ယခုကာလ၀ယ်… (၇၅) နှစ်သာ
ရှိသည်ဟု ဆိုပါသည်။
သက်တမ်းသည် (၁၀၀) ရှိသည်။
ယခုကာလ၀ယ်… (၇၅) နှစ်သာ
ရှိသည်ဟု ဆိုပါသည်။
သင့်လျော်၍ ကံပါလာကြသူတို့သည်
သတ်မှတ်ထားအပ်သော
အသက်တမ်းကို မလွန်ကြပါ။
သတ်မှတ်ထားအပ်သော
အသက်တမ်းကို မလွန်ကြပါ။
ယင်းသတ်မှတ်ထားသော
သက်တမ်းကာလ၌ သေဆုံးခြင်းကို
အသက်တမ်းကုန်၍ သေခြင်းဟု
ခေါ်ပါသည်။
သက်တမ်းကာလ၌ သေဆုံးခြင်းကို
အသက်တမ်းကုန်၍ သေခြင်းဟု
ခေါ်ပါသည်။
မီးစာ ရှိသေးသော်လည်း ဆီကုန်၍
မီးငြိမ်းသည်နှင့် ဥပမာတူပါသည်။
မီးငြိမ်းသည်နှင့် ဥပမာတူပါသည်။
၂။ ကံအစွမ်းကုန်၍ သေရခြင်း
-------------------------------
-------------------------------
ဘ၀တစ်ခုကို စီမံလိုက်သောကံသည်
ပဋိသန္ဓေတည်ပြုသည့် အချိန်မှစ၍
မိမိ၏သတ္တိ မကုန်သေးသမျှ
ဘ၀မပြတ်အောင်၊ မသေအောင်
အစဉ်တစိုက် အမြဲဖန်တီးလျက်ရှိပါသည်။
ပဋိသန္ဓေတည်ပြုသည့် အချိန်မှစ၍
မိမိ၏သတ္တိ မကုန်သေးသမျှ
ဘ၀မပြတ်အောင်၊ မသေအောင်
အစဉ်တစိုက် အမြဲဖန်တီးလျက်ရှိပါသည်။
ထိုမူလစီမံလိုက်သော ကံ၏အစွမ်းကို
အားပေးကူညီသော…
အခြားကံများကလည်း
ရှိနေသေးပါသည်။
အားပေးကူညီသော…
အခြားကံများကလည်း
ရှိနေသေးပါသည်။
ထိုမူလစီမံလိုက်သော ကံနှင့်
အားပေးကူညီကြသော ကံတို့၏
အစွမ်းသတ္တိကုန်လျှင်…
အသက်တမ်း မကုန်သေးသော်လည်း
ဧကန်မုချ သေရတော့မည်။
အားပေးကူညီကြသော ကံတို့၏
အစွမ်းသတ္တိကုန်လျှင်…
အသက်တမ်း မကုန်သေးသော်လည်း
ဧကန်မုချ သေရတော့မည်။
ဥပမာ- သက်တမ်းက
(၇၅) နှစ် သက်တမ်းရှိသော်လည်း
ထိုဘ၀၌ နေရမည့်ကံက
(၅၀)သာပါလျှင်…
အသက် (၅၀)၌ သေရမည်ဖြစ်သည်။
(၇၅) နှစ် သက်တမ်းရှိသော်လည်း
ထိုဘ၀၌ နေရမည့်ကံက
(၅၀)သာပါလျှင်…
အသက် (၅၀)၌ သေရမည်ဖြစ်သည်။
ဆီမကုန်သေးသော်လည်း
မီးစာကုန်လျှင်…
ဧကန်မီးငြိမ်းရသကဲ့သို့ ဖြစ်ပါသည်။
မီးစာကုန်လျှင်…
ဧကန်မီးငြိမ်းရသကဲ့သို့ ဖြစ်ပါသည်။
၃။ အသက်တမ်း၊
ကံအစွမ်းနှစ်မျိုးကုန်၍ သေရခြင်း
---------------------------------
ကံအစွမ်းနှစ်မျိုးကုန်၍ သေရခြင်း
---------------------------------
အချို့သော သတ္တ၀ါတို့အား
အသက်တမ်းလည်းကုန်၊
ကံ၏အစွမ်းလည်းကုန်၍ သေကြရသည်။
အသက်တမ်းလည်းကုန်၊
ကံ၏အစွမ်းလည်းကုန်၍ သေကြရသည်။
ဥပမာ -
အသက်တမ်း (၇၅) နှစ်ရှိသော
အမျိုး၌ ဖြစ်နေသောသူသည်
ကံကလည်း (၇၅) နှစ်နေရမည့်
အစွမ်းပါလာသော်…
(၇၅) နှစ်တွင် သေရမည်။
အမျိုး၌ ဖြစ်နေသောသူသည်
ကံကလည်း (၇၅) နှစ်နေရမည့်
အစွမ်းပါလာသော်…
(၇၅) နှစ်တွင် သေရမည်။
ဆီလည်းကုန်၊
မီးစာလည်းကုန်သောကြောင့်
မီးငြိမ်းနေသည့်သဘောနှင့် တူပါသည်။
မီးစာလည်းကုန်သောကြောင့်
မီးငြိမ်းနေသည့်သဘောနှင့် တူပါသည်။
ဤဆိုအပ်ခဲ့သော…
သေခြင်းအကြောင်း သုံးပါးတွင်
တစ်ပါးပါးကြောင့် သေခြင်းကို
သေချိန်ကျ၍ သေရခြင်း
(ကာလမရဏ) ဟုခေါ်သည်။
သေခြင်းအကြောင်း သုံးပါးတွင်
တစ်ပါးပါးကြောင့် သေခြင်းကို
သေချိန်ကျ၍ သေရခြင်း
(ကာလမရဏ) ဟုခေါ်သည်။
၎။ ဥပစ္ဆေဒကခေါ်ကပ်၍
သတ်ဖြတ်တတ်သောကံကြောင့်
သေရခြင်း
------------
သတ်ဖြတ်တတ်သောကံကြောင့်
သေရခြင်း
------------
အချို့ သတ္တ၀ါတို့အား
အသက်တမ်းလည်းရှိ၊
ကံအစွမ်းလည်း ရှိနေပါလျက်
ရှေးရှေးဘ၀တို့၌ ပြုအပ်သော
ကပ်၍သတ်ဖြတ်တတ်သော
ဥပစ္ဆေဒကံကြောင့် -
အသက်တမ်းလည်းရှိ၊
ကံအစွမ်းလည်း ရှိနေပါလျက်
ရှေးရှေးဘ၀တို့၌ ပြုအပ်သော
ကပ်၍သတ်ဖြတ်တတ်သော
ဥပစ္ဆေဒကံကြောင့် -
အနာရောဂါဆိုးတို့နှင့်
တွေ့ကြုံ သေရခြင်း၊
မြေပြို၍ သေရခြင်း၊
မိုးကြိုးကျ၍ သေရခြင်း၊
သေနတ်ဗုံးဆန်မှန်၍ သေရခြင်း၊
သူတစ်ပါးက…
ဓား လှံ လက်နက်ဖြင့်
ထိုးသတ်၍ သေရခြင်း၊
ရေနစ်သေရခြင်း၊
စသည်များလည်း…
ကံတစ်ပါးကသတ်၍
သေရခြင်းမည်ပါသည်။
တွေ့ကြုံ သေရခြင်း၊
မြေပြို၍ သေရခြင်း၊
မိုးကြိုးကျ၍ သေရခြင်း၊
သေနတ်ဗုံးဆန်မှန်၍ သေရခြင်း၊
သူတစ်ပါးက…
ဓား လှံ လက်နက်ဖြင့်
ထိုးသတ်၍ သေရခြင်း၊
ရေနစ်သေရခြင်း၊
စသည်များလည်း…
ကံတစ်ပါးကသတ်၍
သေရခြင်းမည်ပါသည်။
မီးစာဆီ နှစ်မျိုး မကုန်သေးသော်လည်း
လေပြင်းတိုက်ခတ်မှု၊
တမင်ငြှိမ်းသတ်မှုကြောင့်
မီးငြိမ်းခြင်းမျိုးနှင့် တူပါသည်။
လေပြင်းတိုက်ခတ်မှု၊
တမင်ငြှိမ်းသတ်မှုကြောင့်
မီးငြိမ်းခြင်းမျိုးနှင့် တူပါသည်။
ဤ ဥပစ္ဆေဒကကံတစ်ခုခုကြောင့်
သေရခြင်းကို …
အချိန်မကျသေးဘဲ သေရခြင်း
(အကာလအရဏ) ဟုခေါ်ပါသည်။
သေရခြင်းကို …
အချိန်မကျသေးဘဲ သေရခြင်း
(အကာလအရဏ) ဟုခေါ်ပါသည်။
သေချိန်မကျဘဲ သေရသူများ
-----------------------------
-----------------------------
သတ္တ၀ါတို့၏ သန္တာန်ဝယ်။
ရှေးရှေးက ပြုခဲ့သော
မကောင်းမှုလေးများ
ကိုယ်စိကိုယ်ငှ
အများအပြား ပါရှိတတ်ပါသည်။
ရှေးရှေးက ပြုခဲ့သော
မကောင်းမှုလေးများ
ကိုယ်စိကိုယ်ငှ
အများအပြား ပါရှိတတ်ပါသည်။
ထိုကံများသည် မိမိတို့ချည်းသက်သက်
သေကြေအောင် မတတ်နိုင်သော်လည်း
အဆင်ခြင် အမြော်အမြင်မရှိ၍
အစားမတတ်၊ အသွားမတတ်၊
အနေမတတ်သူများကို
ဘေးဥပါဒ်ရောက်အောင်
ထိုဘေးဖြင့် သေကြေပျက်စီးအောင်
တတ်နိုင်ကြပါသည် …။
သေကြေအောင် မတတ်နိုင်သော်လည်း
အဆင်ခြင် အမြော်အမြင်မရှိ၍
အစားမတတ်၊ အသွားမတတ်၊
အနေမတတ်သူများကို
ဘေးဥပါဒ်ရောက်အောင်
ထိုဘေးဖြင့် သေကြေပျက်စီးအောင်
တတ်နိုင်ကြပါသည် …။
ရှေးရှေးက သူတစ်ပါးကို
အငတ်ထားခဲ့ဖူးခြင်း၊
မြွေနှင့်တိုက်ခြင်း၊
အဆိပ်ခတ်သတ်ခြင်း၊
တုတ်,ဓား စသည်ဖြင့် ရိုက်သတ်ခြင်း၊
ရေနှစ်သတ်ခြင်း စသည်ဖြင့်
သူတစ်ပါးသေအောင် တစ်နည်းနည်းဖြင့်
ပြုခဲ့သော သူသည်…
ထိုကံများ အခွင့်ရသော ဘ၀ပယ်
ထမင်းငတ်၍ သေတတ်၊
ရေငတ်၍ သေတတ်၊
မြွေကိုက်၍ သေတတ်၊
အဆိပ်မိ၍ သေတတ်၊
လက်နက်ဖြင့် သေတတ်၊
ရေနစ်၍ သေတတ်၊
မီးလောင်၍ သေတတ်ကြလေသည်။
အငတ်ထားခဲ့ဖူးခြင်း၊
မြွေနှင့်တိုက်ခြင်း၊
အဆိပ်ခတ်သတ်ခြင်း၊
တုတ်,ဓား စသည်ဖြင့် ရိုက်သတ်ခြင်း၊
ရေနှစ်သတ်ခြင်း စသည်ဖြင့်
သူတစ်ပါးသေအောင် တစ်နည်းနည်းဖြင့်
ပြုခဲ့သော သူသည်…
ထိုကံများ အခွင့်ရသော ဘ၀ပယ်
ထမင်းငတ်၍ သေတတ်၊
ရေငတ်၍ သေတတ်၊
မြွေကိုက်၍ သေတတ်၊
အဆိပ်မိ၍ သေတတ်၊
လက်နက်ဖြင့် သေတတ်၊
ရေနစ်၍ သေတတ်၊
မီးလောင်၍ သေတတ်ကြလေသည်။
သူတစ်ပါးကို တစ်နည်းနည်းဖြင့်
နှိပ်စက်သတ်ဖြတ်ခဲ့ဖူးသူသည်
ယခုဘ၀၌ -
နှိပ်စက်သတ်ဖြတ်ခဲ့ဖူးသူသည်
ယခုဘ၀၌ -
လေနာခြင်း၊ သလိပ်ရောဂါရှိခြင်း၊
ပန်းနာရှိခြင်း၊ နူနာရီခြင်း၊
မကျန်းမမာရှိခြင်း စသည်ဖြင့်
ညှိုးနွမ်းပင်ပန်းစွာ …
အသက်ရှည်နေရသည့်ပြင်
ထိုရောဂါများဖြင့်ပင် သေရတတ်သည်။
ပန်းနာရှိခြင်း၊ နူနာရီခြင်း၊
မကျန်းမမာရှိခြင်း စသည်ဖြင့်
ညှိုးနွမ်းပင်ပန်းစွာ …
အသက်ရှည်နေရသည့်ပြင်
ထိုရောဂါများဖြင့်ပင် သေရတတ်သည်။
ဤသို့ စသည်ဖြင့် …
ရှေးကံကလေးများသည်
ဆင်ခြင်စဉ်းစား သတိထားတတ်သူတို့၌
နှိပ်စက်ခွင့်၊ သတ်ဖြတ်ခွင့်မရသော်လည်း
မစဉ်းစား မဆင်မခြင် ရှိသူတို့ကား
မကျမ်းမာအောင် သေကြေအောင်
နှိပ်စက်တတ်လေသည် …။
ဆင်ခြင်စဉ်းစား သတိထားတတ်သူတို့၌
နှိပ်စက်ခွင့်၊ သတ်ဖြတ်ခွင့်မရသော်လည်း
မစဉ်းစား မဆင်မခြင် ရှိသူတို့ကား
မကျမ်းမာအောင် သေကြေအောင်
နှိပ်စက်တတ်လေသည် …။
ထို့ကြောင့် …
အသက်ဥာဏ်စောင့်၊ ဥစ္စာကံစောင့်။
အသွားမတော် တစ်မုဟုတ်၊
အစားမတော် တစ်လုတ်။
ကျားရဲရာ ကြမ္မာမရိုးသာ။
ကံယုံပြီး ဆူးပုံ မနင်းရာ။
ဟူ၍… ရှေးလူကြီးသူမများက
ဆိုဆုံးမထားခဲ့ခြင်း ဖြစ်ပါသည်။
အသွားမတော် တစ်မုဟုတ်၊
အစားမတော် တစ်လုတ်။
ကျားရဲရာ ကြမ္မာမရိုးသာ။
ကံယုံပြီး ဆူးပုံ မနင်းရာ။
ဟူ၍… ရှေးလူကြီးသူမများက
ဆိုဆုံးမထားခဲ့ခြင်း ဖြစ်ပါသည်။
ထိုစကားများ၏ ဆိုလိုရင်းသည်
လူတိုင်းမှာပင် မကောင်းကျိုးပေးရန်
အကုသိုလ်များ ရှေးဘ၀များစွာက
တစ်မျိုးနှစ်မျိုး စသည် ပြုမိခဲ့ကြသဖြင့်
ကိုယ်စီကိုငှ ရှိကြသည်။
လူတိုင်းမှာပင် မကောင်းကျိုးပေးရန်
အကုသိုလ်များ ရှေးဘ၀များစွာက
တစ်မျိုးနှစ်မျိုး စသည် ပြုမိခဲ့ကြသဖြင့်
ကိုယ်စီကိုငှ ရှိကြသည်။
ထိုကံများသည် အလွန်သတ္တိမထက်လျှင်
သူတို့ဘာသာ အကျိုးပေးခွင့်သာအောင်
မတတ်နိုင်ကြပါ …။
သူတို့ဘာသာ အကျိုးပေးခွင့်သာအောင်
မတတ်နိုင်ကြပါ …။
အစဉ်းစား အဆင်ခြင် မရှိသူများ၌သာ
အသွားအလာ၊ အစားအသောက်၊
အနေအထိုင် မတတ်သည့်အတွက်
ထိုကံများ အကျိုးပေးခွင့် ရကြပါသည်။
အသွားအလာ၊ အစားအသောက်၊
အနေအထိုင် မတတ်သည့်အတွက်
ထိုကံများ အကျိုးပေးခွင့် ရကြပါသည်။
သို့ဖြစ်၍ …
အသက်ရှည်စွာ အနာကင်းမှုကို
ဂရုစိုက်ခြင်း မရှိလျှင်
ဥပစ္ဆေဒကကံ အခွင့်သာ၍
သက်တမ်းမစေ့ခင်က
ကံအစွမ်း မကုန်သေးခင်
သေရမည်မှာ မုချဖြစ်ပါသည် …။
ဂရုစိုက်ခြင်း မရှိလျှင်
ဥပစ္ဆေဒကကံ အခွင့်သာ၍
သက်တမ်းမစေ့ခင်က
ကံအစွမ်း မကုန်သေးခင်
သေရမည်မှာ မုချဖြစ်ပါသည် …။
အရှင်ဃောသိတ၏…
"ဗုဒ္ဓအလိုကျ သေနည်း" မှတဆင့်
ဓမ္မဒါနအဖြစ် မျှဝေပူဇော်ပါသည်။
"ဗုဒ္ဓအလိုကျ သေနည်း" မှတဆင့်
ဓမ္မဒါနအဖြစ် မျှဝေပူဇော်ပါသည်။
No comments:
Post a Comment