Monday, November 26, 2018

ရှိသူဌေးနှင့် မရှိသူဌေး


📚 ရှိသူဌေးနှင့် မရှိသူဌေး

===================


တစ်ရက်မှာ အရမ်းချမ်းသာတဲ့ သူဌေးကြီးတစ်ဦးက
သူ့သားကို ဆင်းရဲသား လယ်သမားတွေ နေထိုင်တဲ့
ကျေးလက်ဒေသကို ခေါ်သွားတယ်...

ရည်ရွယ်ချက်ကတော့ သူ့သားအနေနဲ့ ဆင်းရဲသားတွေ
ရုန်းကန်လှုပ်ရှားနေရတဲ့ ဘဝတွေကို သိစေချင်လို့ပါ...

ဒီလိုနဲ့ သူဌေးကြီးသားအဖဟာ အဆင်းရဲဆုံးလို့ ထင်ရတဲ့
မိသားစုတစ်စုထံမှာ ရက်အနည်းငယ် နေထိုင်ပြီး
ပြန်လာခဲ့ကြတယ်...

အပြန်လမ်းမှာ သူဌေးကြီးက သူ့သားကို မေးတယ်...

"ဒီခရီးက ဘယ်လိုနေလဲ သား"

"အရမ်းကောင်းပါတယ် အဖေ"

"သား တွေ့ခဲ့တယ်မလား သူတို့ ဘယ်လောက်အထိ
ဆင်းဆင်းရဲရဲ နေထိုင်နေကြရသလဲ ဆိုတာကို"

"ဟုတ် သားတွေ့ပါတယ် အဖေ"

"ကိုင်း ဒါဖြင့် ငါ့သား သူတို့ဘဝတွေကနေ ဘာတွေ
သိခဲ့ရလဲဆိုတာကို ပြောပြစမ်းပါဦး"

သူဌေးကြီးက အဲ့ဒီလို မေးလိုက်တဲ့အခါ
သားလုပ်သူက အခုလို ဖြေပါတယ်...

"သားတို့အိမ်မှာ ခွေးတစ်ကောင်ပဲရှိတယ်၊ သူတို့မှာတော့
လေးကောင်တောင်ရှိတယ်၊ သားတို့မှာ ဥယျာဉ်အလယ်
လောက်ထိပဲရောက်တဲ့ ရေကူးကန်ရှိတယ်၊
သူတို့မှာတော့ အဆုံးမရှိတဲ့ စမ်းချောင်းကြီးရှိတယ်၊
သားတို့ဥယျာဉ်ထဲမှာ နိုင်ငံခြားက တင်သွင်းလာတဲ့
မီးတိုင်တွေပဲရှိတယ်၊ သူတို့မှာတော့ ညဘက်ဆို
ကြယ်တွေရှိတယ်၊ သားတို့မှာ ခြံရှေ့အထိပဲရောက်တဲ့
ဝရန်တာရှိတယ်၊ သူတို့မှာတော့ မိုးကုတ်စက်ဝိုင်း
တစ်ခုလုံးကို ရှိနေတယ်"

"သားတို့မှာ နေစရာ ခြံဝင်းသေးသေးပဲရှိတယ်၊
သူတို့မှာတော့ မျက်စိတစ်ဆုံးကျယ်တဲ့ လယ်ကွင်းတွေ
ရှိတယ်"

"သားတို့မှာ သားတို့ကို ပြုစုပေးမယ့် အစေခံတွေရှိတယ်၊
သူတို့ကတော့ အခြားသူတွေကို ပြန်ပြုစုပေးနိုင်တယ်၊
သားတို့က အစားအသောက်တွေကို ဝယ်စားရတယ်၊
သူတို့ကတော့ ကိုယ်တိုင်စိုက်ပျိုးစားသောက်တယ်"

"သားတို့မှာ သားတို့ပိုင်ဆိုင်မှုကို ကာကွယ်ပေးမယ့်
ဝင်းနံရံကြီးတွေရှိတယ်၊ သူတို့မှာတော့ သူတို့ကို
ကာကွယ်ပေးမယ့် မိတ်ဆွေကောင်းတွေရှိတယ်"

သားလုပ်သူရဲ့အဖြေကြောင့် သူဌေးကြီးခင်ဗျာ
ဘာမှပြန်မပြောနိုင်ရှာပါဘူး...

"ကျေးဇူးတင်ပါတယ် အဖေ၊ သားတို့ဘယ်လောက်
ဆင်းရဲသလဲဆိုတာကိုသိအောင် ပြသပေးခဲ့လို့"

သားတို့က ရှိသူဌေး {သူဌေးအတု} သူတို့က မရှိသူဌေး {သူဌေးအစစ်}ပါ အဖေ

ပုံပြင်လေးကပေးတဲ့ သင်ခန်းစာ...

မေတ္တာတရား၊ စည်းလုံးမှု၊ ဂရုစိုက်ကြင်နာမှုနဲ့
စိတ်ချမ်းသာမှုဆိုတာ ငွေကြေးကြောင့်ရတဲ့
အရာတွေထက် ပိုပြီးချမ်းသာနိုင်တယ်ဆိုတာကိုပါ...

Credit…Original Writer

No comments:

Post a Comment