Friday, November 16, 2018

ကံ မှန်​ပါက အကျိုး​ပေးသန်​၏ ပြုသူအသစ်​ ဖြစ်​သူအ​ဟောင်းပါ


ဘယ်​​သောအခါမှ မုန်း၍လည်း
ကျိန်​စာမတိုက်​ပါနှင့်​ ချစ်​ခင်​၍လည်း
နောက်​ဘဝပြန်​​တွေ့ပါရ​စေ ဆုမ​တောင်းကြပါနဲ့
ကံ ကံ၏အကျိုးရယ်​ သံသရာဆိုတာရယ်​ယုံကြည်​သက်​ဝင်​ကြပါ​စေ...
ကံ မှန်​ပါက အကျိုး​ပေးသန်​၏
ပြုသူအသစ်​ ဖြစ်​သူအ​ဟောင်းပါ
📗📗📗📗📗📗📗📗📗📗📗📗📗📗
{ ကံ ကံ၏ အကျိုး​ပေး​တွေပါ }
📗📗📗📗📗📗📗📗📗📗
📗ပဋာစာရီ
လင်​ကို ​မြွေကိုက်
သားကြီး​ ​ရေနစ်
သားငယ်​ စွန်​ချီ
မိဘ နှစ်​ပါးနှင့်
အကိုကြီး
လေပြင်း မုန်​တိုင်း​ကြောင့်
ဆုံးရှုံး
အဝတ်​အစားမဲ့
ရူးခဲ့ကြရတယ်​....
🙏မြတ်​ဗုဒ္ဓ နှင့်​​တွေ့​တော့
📗ချစ်​သမီး
ဒီပွဲဟာ ငိုရမယ့်​ပွဲ မဟုတ်​ဘူး
လက်​ခုပ်​လက်​ဝါးတီးပြီးရယ်​​မောရမယ့်​ပွဲတဲ့
ဘာလို့လည်း ဆို​တော့....
📗အတိတ်​ ဘဝ တစ်​ခုတုန်း က
ခု​သေဆုံး သွားကြတဲ့​ဆွေမျိုး ရင်းချာ၆ ဦးဟာ ချစ်​သမီးရဲ့အိမ်​ကို ဓားပြတိုက်​မီးရှို့လူသက်​လုပ်​ကြ​တော့ချစ်​သမီးကပဲစိတ်​ဆိုးလွန်းလို့
📗ဒင်းတို့ ၆ ဦးလုံး
ငါ့ မျက်​​စေ့ ​ရှေ့မှာအ​သေဆိုးနဲ့ ​သေတာကိုတပ်​အပ်​ မြင်​ရပါ​စေသား လို့
ဆု​တောင်းခဲ့ဖူး သတဲ့....
📗ခု အဲ့ဒီိ ဆု​တောင်း
ပြည့်​ပြီ​လေ တဲ့...
📗ပြုသူ အသစ်
ဖြစ်​သူ အ​ဟောင်း
ကံမှန်​ရင်​ အကျိုး​ပေး
သန်​လွန်း ပါတယ်
📗သံသရာ ဟာ
ဉာဏ်​နဲ့ မဖြတ်​ရင်​မပြတ်​ပါဘူး
📗ပဋာစာရီရူးသွပ်​​နေချိန်​မြတ်​ဗုဒ္ဓနှင့်
ဘာ့​ကြောင့်​ကြုံဆုံခွင့်​ရခဲ့ပါသလည်း?
📗အတိတ်​က တစ်​ကြိမ်​ တစ်​ခါ
ဝိပဿနာတရား အားထုတ်​ခဲ့ဖူးလို့ပါပဲ...
📗အဲ့ဒါ​ကြောင့်​...
ဓမ္မမိတ်​​ဆွေတို့ကျုပ်​တို့​တွေဟာပဋာစာရီ ​လောက်​လည်းအ​ခြေ​နေ မဆိုးခဲ့ကြပါဘူး
📗ကံ​ကောင်းသူများ
တရားနာယူခွင့်​ ရကြသည်
📗ကံ အလွန်​ ​ကောင်းသူများ
တရား အားထုတ်​ခွင့်​ ရကြသည်
📗ကံဆိုးသူများ
တရားကို ​ရှောင်​ကြသည်
📗ဓမ္မမိတ်​​​ဆွေများ .....
📗ကံ ​ကောင်းသူလား???
📗ကံ ဆိုးသူလား???
သ​ဗ္ဗေ သတ္တာ ကမ္မသကာ
သ​ဗ္ဗေ သင်္ခါရ​ အနိစ္စ ပါ တကား
📗📗📗📗📗📗📗📗📗📗📗📗📗
Credit >
သစ္စာရွှေစည် ဆရာတော်
🙏🙏🙏🙏🙏🙏🙏🙏🙏
ဦးဥတ္တမ၏တရားတော်များ.

No comments:

Post a Comment