Friday, November 23, 2018

ချစ်ခြင်းမုန်းခြင်


ချစ်ခြင်းမုန်းခြင်းတွေအောက်မှာ
သိပ်ပြီးတော့လည်း
လိုက်ခံစားမနေပါနဲ့
တွေ့ကြဆုံကြ ခဏလေးပါ။
နေရတဲ့အချိန်လေးမှာ
ကိုယ့်ကြောင့်လည်း
သူတစ်ပါး စိတ်မဆင်းရဲစေနဲ့
သူတစ်ပါကြောင့်လည်း
ကိုယ့်ကိုယ်ကို စိတ်ညစ်မခံပါနဲ့။🙂
🙏🏻အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)🙏🏻
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ဒီတိုင်းလေး ချစ်တဲ့သူကို သတိရမယ်။ 
❖ ကိုယ်ချစ်တဲ့သူကိုသတိရတဲ့အခါ
ပျော်ခဲ့ ပါးခဲ့ ကြည့်နူးခဲ့တာတွေကို
သတိရမနေဘဲနဲ့ ...
ပျော်ချင် ပါးချင် ကြည်နူးချင်တဲ့စိတ်ကလေးနဲ့
သတိရမနေဘဲနဲ့ ...
ကျန်းမာပါစေ ချမ်းသာပါစေလို့
မေတ္တာလေးပွားပြီး သတိရနေမယ်ဆိုရင်
စိတ်အေးချမ်းသွားပါတယ်။
❖ ကိုယ်ချစ်တဲ့သူ ကိုယ်ကြည်ညိုတဲ့သူကို
ကိုယ်ချစ်ခဲ့ ကြည်ညိုခဲ့တာတွေ
ကိုယ်စောင့်ရှောက်ခဲ့ သူညီခဲ့တာတွေ
ကိုယ်ပေးကမ်းခဲ့ လှူဒါန်းခဲ့တာတွေကို
ပြန်သတိရရင် ဒါလည်းပဲ
မေတ္တာနဲ့ သတိရတယ်လို့ပြောလို့ရတယ်။
❖ စာဂနုဿတိနဲ့
သတိရတယ်လို့လည်းပြောလို့ရတယ်။
ကိုယ်ချစ်တဲ့သူကို
ကူညီစောင့်ရှောက်ခဲ့တာလေးတွေကို
ပြန်တွေးလိုက်တော့
စာဂနုဿတိဘာဝနာတောင်
ဖြစ်သွားသေးပါတယ်။
သတိရနည်းလေး ပြောပေးတာပါနော်။
အရှင်ဆန္ဒာဓိက
မေတ္တာဖြင့် ပြန်လည်မျှဝေပါတယ်။

No comments:

Post a Comment