❀ ခေါင်းဆောင်ကောင်းအရည
✏ နောက်လိုက်ကောင်း ✏
ခေါင်းဆောင်ဖြစ်ဖို့ဆိုတာ နောက်လိုက် အရင်ဖြစ်ရပါတယ်။ ဒါဖြင့် နောက်လိုက်အရင်ဖြစ်တဲ့လူကို
လူတိုင်းက နောက်လိုက်ဖြစ်ခဲ့ပါတယ်။ နောက်လိုက်ဆိုလို့ရှိရင် ကိုယ့်အကြောင်း ကိုယ်စဉ်းစား။ ကိုယ့်အကြောင်း ကိုယ်ပြန်တွေး။ ကိုယ့်နေရာ ကိုယ်ပြန်တွေးကြည့်ပါ။ ခေါင်းဆောင်ပြောသမျှ ခေါင်းညိတ်ပြီး ဟုတ်ကဲ့လုပ်တဲ့ နောက်လိုက်ရယ်၊ ခေါင်းဆောင်အထိ ပြန်ပြောရဲတဲ့ နောက်လိုက်ရယ် ဆိုပြီးရှိပါတယ်။
ကိုယ် ဘယ်အထဲ ပါသလဲဆိုတာ စဉ်းစားပါ။ ပထမအုပ်စုလား၊ ဒုတိယအုပ်စုလား။ စကားလမ်းကြောင်း သယ်ချင်တာက ကိုယ်ကိုယ်တိုင်က ဟုတ်ကဲ့ပါခင်ဗျ၊ ဟုတ်ကဲ့ပါရှင့် လုပ်လာရင် ကိုယ်ခေါင်းဆောင်ဖြစ်တဲ့အခါ
ဒါကြောင့် ကိုယ်ဘယ်လမ်းက လာခဲ့တာလဲဆိုတာ စဉ်းစားပါ။ တကယ် ခေါင်းဆောင်ဖြစ်ဖို့ဆိုရင် နှစ်မျိုးစလုံးကို နားလည်စေချင်ပါတယ်။ နှစ်မျိုးစလုံးကို လက်တွေ့ ကျင့်စေချင်ပါတယ်။ တစ်ဖက်ကလည်း ခေါင်းဆောင်ကို တန်ဖိုးထားပြီး သူပြောတာမှန်ရင် သူ့ကို လေးစားမှုနဲ့ ဟုတ်ကဲ့ပါခင်ဗျ၊ ဟုတ်ကဲ့ပါရှင့်နဲ့ ကိုယ်သွားရမယ့်လမ်း ဒါပဲမှန်နေရင် ခေါင်းဆောင်ကပြောရင် လိုက်လျော၊ ဒီလိုလည်း စိတ်ရှိရပါမယ်။
အကြောင်းအကျိုး မညီညွတ်ဘူး။ အမူအရာ အပြောအဆိုအားဖြင့် ခေါင်းဆောင်ဘက်က အားနည်းမှုရှိရင်တော့ ရှေ့တင် မပြောပါနဲ့။ ရှေ့ဆိုတာ ပရိသတ်ရှေ့ ကိုပြောတာ ဖြစ်ပါတယ်။ ပရိသတ်ရှေ့ မှာ တပည့်က ဆရာကို၊ သားသမီးက မိဘကို၊ နောက်လိုက်က ခေါင်းဆောင်ကို အရှက်ကွဲစေတဲ့အပြောမျိုး မပြောဘဲနဲ့ အေးအေးဆေးဆေးကျမှပဲ ပြောပေးရပါမယ်။ အဲဒီလိုပြောတဲ့အကျင့်မျိုးလ
ကိုယ် တကယ်ခေါင်းဆောင်ဖြစ်တဲ့အခါမ
အဲဒီလိုမှ မဟုတ်ဘဲ ဟုတ်ကဲ့ပါခင်ဗျ၊ ဟုတ်ကဲ့ပါရှင့် တွေပဲ ကိုယ်က လက်ခံပါတယ်။ ကိုယ်က အဲဒီလမ်းက လာခဲ့တဲ့လူ ဖြစ်နေလို့ ကိုယ်လည်းပဲ ဟုတ်ကဲ့ပါခင်ဗျ၊ ဟုတ်ကဲ့ပါရှင့် ညာနေတဲ့သူတွေရဲ့ အညာချည်းပဲ ခံရမယ်။
အဲဒီလိုမျိုး ကိုယ်က မရှိခဲ့ဘဲနဲ့၊ အဲဒီလို လူမျိုးနေရာမှာ၊ နောက်လိုက်နေရာမှာ ကိုယ်ကမနေခဲ့ဘဲနဲ့ ဘယ်သူနဲ့တွေ့ တွေ့ ၊ ဒါတော့ ဘယ်ဟုတ်မှာတုံး။ ဟိုဟာတော့ ဘယ်ဟုတ်မှာတုံးလို့ criticize(ဝေဖန်ရေး) လုပ်နေကျလူဆိုရင် ကိုယ့်ကို criticize လုပ်တဲ့ အခါကျရင် မကြိုက်ပါဘူး။ ကိုယ် ခေါင်းဆောင်ဖြစ်မှ သိတာပါ။
နောက်လိုက်ရဲ့ အမြင်ရယ်၊ ခေါင်းဆောင်ရဲ့ အမြင်ရယ် မတူနိုင်ပါဘူး။ ဘယ်တော့ဖြစ်ဖြစ် ခေါင်းဆောင်ပြောသမျှတွေဟာ နောက်လိုက်က ခေါင်းဆောင်နေရာ မရောက်သေးသရွေ့ သူ့လောက်တော့ မမြင်နိုင်ဘူး၊ မသိနိုင်ပါဘူး။ ကိုယ့်အမြင်နဲ့ကိုယ် ဝေဖန်ပိုင်ခွင့် ရှိပါတယ်။ ဒါပေမယ့် ခေါင်းဆောင်အမြင်နဲ့ နောက်လိုက်အမြင်က မတူနိုင်ပါဘူး။ ခေါင်းဆောင်က ကိုယ်ကြုံရတာတွေကြည့်ပြီးတေ
ကိုယ်တိုင် နောက်လိုက်လုပ်တဲ့ အခါမျိုးမှာလည်း နှစ်မျိုးစလုံး ကြိုးစားပါ။ ခေါင်းဆောင်ကို ပြန်ဝေဖန်ရတော့မယ် ဆိုရင်လည်း အကျိုးသင့်အကြောင်းသင့်ပြော
နောက်လိုက်အနေနဲ့ ခေါင်းဆောင်ကို အကျိုးသင့် အကြောင်းသင့် ပြောရဲရပါမယ်။ ပြောလည်းပြောရပါမယ်။ ဒါပေမဲ့ ကိုယ်ပြောတဲ့အတိုင်း ခေါင်းဆောင်က လက်ခံမယ်လို့ မယူဆရပါဘူး။ အဲဒီလိုယူဆထားပြီး ကိုယ်ပြောတဲ့အတိုင်းမရရင် ခေါင်းဆောင်ကို အထင်သေးတယ်။ ခေါင်းဆောင်နဲ့ ဆန့်ကျင်ဘက်လုပ်တယ်။ ခေါင်းဆောင်ကို လှည့်မကြည့်တော့ဘူးဆိုရင် မကောင်းပါဘူး။ စောစောကပြောတဲ့ နားလည်မှုဆိုတာ ဒါလည်းပါပါတယ်။
__________________________
✏ အလုပ်နဲ့ ခေါင်းဆောင်
တို့များတော့ ခေါင်းဆောင်ဖြစ်ချင်လို့ ခေါင်းဆောင်တာ မဟုတ်ပါဘူး။ အလုပ်လုပ်ရင်းနဲ့ ခေါင်းဆောင်ဖြစ်လာတာပါ။ အစကတည်းက ခေါင်းဆောင်ဖြစ်ချင်လို့ ဆိုရင်တော့ ခေါင်းဆောင်ဖြစ်ရန် မမျှော်လင့်ပါနဲ့။ တကယ်ပြောရရင် ခေါင်းဆောင် ဖြစ်ချင်စိတ် ရှိကို မရှိပါဘူး။
သူလည်း ဒီထမင်းစားတာ၊ ကိုယ်လည်း ဒီထမင်းပဲ စားတာပါ။ သူလည်း ဒါဝတ်တာ၊ ကိုယ်လည်း ဒါဝတ်တာပါ။ ခေါင်းဆောင်ဖြစ်ချင်စိတ် ရှိကို မရှိပါဘူး။ အလုပ်လုပ်ရင်းနဲ့ ခေါင်းဆောင် ဖြစ်လာတာပါ။ အလုပ်လုပ်ရင်းနဲ့ ခေါင်းဆောင်ဖြစ်လာတဲ့သူရယ်၊
လူတစ်ရာမှာ တစ်ယောက်လောက်၊ လူတစ်ထောင်မှာ တစ်ယောက်လောက်၊ လူတစ်သောင်းမှာ တစ်ယောက်လောက်ပဲ အလုပ်လုပ်ရင်း ခေါင်းဆောင်ဖြစ်လာတာ ဖြစ်ပါတယ်။ များသောအားဖြင့်ကတော့ ခေါင်းဆောင်ဖြစ်အောင်ပဲ လုပ်နေကြတာပါ။ အခုခေါင်းဆောင်ကောင်းသင်တန်
အလုပ်မလုပ်ဘဲ ခေါင်းဆောင်ဖြစ်တဲ့သူ ရှိပါတယ်။ အမေတို့၊ အဖေတို့ အပျင်းတွေ။ အလုပ် သိပ်မလုပ်ကြပါဘူး။ ဒါပေမဲ့ အိမ်မှာ ခေါင်းဆောင်ပဲ ဖြစ်ပါတယ်။ သူကစ မိန်းမယူပြီးတော့ ကိုယ်မွေးလာတာကိုး။ အဖေက အလုပ်လုပ်တယ်။ အမေက အလုပ် မလုပ်ဘူး။ အမေက ငပျင်း။ ကိုယ့်မွေးပြီး သူ ခေါင်းဆောင်ဖြစ်နေတာပါပဲ။ ဟဲ့ ရေလေး ယူခဲ့ပါဦးဟဲ့။ ကျောလေးညောင်းလို့ နှိပ်ပေးပါဦး။ ဘယ်သွားလိုက်ပါဦး။ ဘာလုပ်လိုက်ပါဦးနဲ့ ခေါင်းဆောင်သာ ဖြစ်နေတာ၊ ငပျင်း ဖြစ်နေပါတယ်။
အမေ၊ အဖေက စီနီယာဖြစ်လို့သာ ခေါင်းဆောင်ဖြစ်တာ ဘာအရည်အချင်းမှ မရှိပါဘူး။ အလုပ်မလုပ်ဘဲနဲ့ကို ဖြစ်နေကြတဲ့သူတွေ တစ်ပုံကြီး ရှိပါတယ်။
အလုပ်လုပ်ကြပါ။ အလုပ်လုပ်ရင် ခေါင်းဆောင် ဖြစ်လာပါတယ်။ အလုပ်လုပ်တဲ့သူတိုင်း ဖြစ်သလားဆိုတော့ မဖြစ်ပြန်ပါဘူး။ အလုပ်လုပ်ရင်းနဲ့ ဘာတွေ လိုလာပါသလဲ။ ဘာတွေရှိမှ ခေါင်းဆောင် ဖြစ်သလဲဆိုတော့ သူများထက် နားလည်မှုရှိရတယ်။ နားလည်မှုရှိရင် သည်းခံနိုင်တာပါပဲ။ သူများထက် အမြင်ကျယ်ရတယ်။ သူများထက်လည်း ခံရတယ်။ သူများထက် သူများထက် သူများထက် စသည်ဖြင့်… ကောင်းတာတွေ သာရပါမယ်။
သူများထက် နားလည်မှုရှိဖို့ဆိုရင် ကိုယ်ကိုယ်တိုင် နောက်လိုက်လည်း လုပ်ခဲ့ရတယ်။ ကိုယ်ကိုယ်တိုင် နောက်လိုက်ကိုလည်း ခိုင်းတတ်ရတယ်။ မြန်မာလိုပြောရင် ခိုင်းတာပေါ့။ သူတို့ ခေတ်ပညာနဲ့ ပြောရင် စီမံတာပေါ့။ စီမံတယ်ဆိုတာ သိလား။ စီမံတယ်ဆိုတာ အကုန်မတ်တတ်ရပ်၊ အကုန်တန်းစီ ပြီးတော့ မာန်တာ။ အဲဒါ စီမံတာ။ တချို့ က စီပြီးပဲ မာန်တတ်တယ်။ ဘာမှ မလုပ်တတ်ဘူး။ ခိုင်းတာကျတော့ သိလား။ စကားလုံးကိုက ကျောခိုင်းတာတဲ့။ ဒါလုပ် ဒါလုပ်ပြောပြီး ကျောခိုင်းသွားတာ။ လုပ်ချင်လည်းလုပ် မလုပ်ချင်လည်းနေကြ။ ခိုင်းတယ်ဆိုတာ ပြောရုံ ပြောသွားတာ။ လှည့်ကို မကြည့်တော့ဘူး။
ဘာသာပြန်တဲ့ လူတွေ တော်တော် တော်တယ်နော်။ Management ဆိုတာ အတူတူပါပဲ။ ခိုင်းတာနဲ့ စီမံတာ။ စီပြီးတော့ မာန်သွားပြီးတော့ ခိုင်းတာကျတော့ လှည့်မကြည့်တော့ဘူး။ အဲဒါ Management ပါ။ ကိုယ်ကိုယ်တိုင် လုပ်ငန်း ကျွမ်းကျင်ရပါတယ်။ ကိုယ့်လုပ်ငန်းမှ ကိုယ်မကျွမ်းကျင်ရင် ဘယ်လိုလုပ်မှ စီမံခန့်ခွဲလို့ မရပါ။ ကိုယ်ကိုယ်တိုင် လူတွေကို နားလည်ရပါတယ်။ လုပ်ငန်းလည်း နားလည်ရပါတယ်။
__________________________
➳ #ခေါင်းဆောင်ကောင်းတိ
ခေါင်းဆောင်တို့ရဲ့ အပြောအဆိုကို ပြောပြီးတဲ့နောက် ကိုယ်အမူအရာကို အဓိကထားပြောပါမယ်။ အမေရိကန်သမ္မတအိုဘားမားကို ကြည့်ပါ။ သူ့ရဲ့ လက်အမူအရာ ဘယ်လိုထားလဲ။ သူတို့နိုင်ငံကသမ္မတကို ဝေဖန်တာ မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ အမူအရာကို ဝေဖန်တာပါ။ သူသည် change ဆိုတဲ့အပြောလေးတစ်ခုနဲ့ပဲ မဲယူလာတာ ဖြစ်ပါတယ်။ သူ့အပြော တကယ် ဟုတ်မဟုတ်ကတော့ လက်တွေ့ မှာ စောင့်ကြည့်ကြရမှာပါ။
သူ့အပြော ဟုတ်မဟုတ် တို့ကတော့ လက်ထားပုံကို၊ သွားပုံ လာပုံကို ကြည့်ပါတယ်။ အမူအရာကို ကြည့်ပါတယ်။ အသား မည်းတာ၊ ဖြူတာနဲ့ မဆိုင်ပါဘူး။
ဒီကလူတွေလည်း တစ်ယောက်နဲ့တစ်ယောက် ပြန်ကြည့်ကြပါ။ လူတစ်ယောက်ရဲ့ အမူအရာဟာ လူအမူအရာရယ်လို့ လူတစ်ယောက်လို ဖြစ်တဲ့သူ အတော်ရှားတယ်။ တိရိစ္ဆာန်အမူအရာတွေ ပေါင်းနေတဲ့သူ၊ ရောနေတဲ့သူတွေပဲ များပါတယ်။ ဘဲလိုသွားရင် သွားမယ်၊ ဆင်လိုသွားရင်သွားမယ်၊ ဆင်ကြည့် ကြည့်ရင်ကြည့်မယ်။ ကျီးကနိးကြည့် ကြညိ့ရင်ကြည့်ပါမယ်။ မျောက်လိုသွားရင် သွားပါမယ်။ မျောက်လိုလမ်းလျှောက်ရင် လမ်းလျှောက်မယ်။ ခွေးလိုသွားရင် သွားပါမယ်။ ခွေးလိုအပ်ရင် အိပ်ပါမယ်။ လူတစ်ယောက်စီ တစ်ယောက်စီရဲ့ အမူအရာဟာ လူစင်စစ်ရဲ့ အမူအရာရှိတဲ့သူ အလွန်ရှားပါတယ်။ အဲဒီလိုကျတော့ စကားလုံးအသုံးအနှုန်း ရိုင်းသွားမယ် ထင်ပါတယ်။ တို့က ငယ်ငယ်ကတည်းက လေ့လာထားပါတယ်။ လူတစ်ယောက်ကို လမ်းလျှောက်ခိုင်းလိုက်ပါ။ သိသာပါတယ်။
ဘဲသွားတာနဲ့ ကြက်သွားတာနဲ့တောင် မတူဘူး။ ဘဲသွားတာ၊ ကြက်သွားတာ၊ ခွေးသွားတာ၊ ကြောင်သွားတာ မတူကြပါဘူး။ ဘဲကလည်း ခြေထောက်နှစ်ချောင်း၊ ကြက်ကလည်း ခြေထောက်နှစ်ချောင်း သွားတာချင်း မတူပါဘူး။ ခွေးကလည်း ခြေထောက်လေးချောင်း၊ ကြောင်ကလည်း ခြေထောက်လေးချောင်း။ ဒါပေမဲ့ သွားတာချင်း မတူကြပါဘူး။ နောက်ဆုံး ကြောင်နဲ့ကျား သွားတာချင်းတောင်မတူကြပါဘူး။ နောက်ဆုံး ကျားတစ်ကောင်တည်း သွားတဲ့အချိန်၊ ကြောင်တစ်ကောင်တည်း သွားတဲ့အချိန် အချိန်ပေါ် မူတည်ပြီး ပြောင်းသွားပါတယ်။
ကြောင်လေးတစ်ကောင်ကို ကြည့်ပါ။ ကြွက်တွေ့ လို့သွားတဲ့ အမူအရာနဲ့ လူသူကင်းလို့ စားပွဲပေါ်မှာတင်ထားတဲ့ ငါးကြော်ဆီသွားတဲ့ အမူအရာ၊ သူ့ဟာသူ သွားရိုးသွားစဉ် အမူအရာတွေဟာ တူကို မတူပါဘူး။
ကျားကိုပဲကြည့်ပါဦး။ သားကောင်ကို ချောင်းလို့သွားတာက တစ်မျိုး၊ မုဆိုး အချောင်းခံနေရတာကိုသိနေလို့
ဘုရားရှင်ကိုယ်တော်မြတ်ကြီး
ပရိသတ်ထဲ ရဲရဲဝံ့ဝံဝင်သွားတဲ့အမူအရာဟ
တကယ် လူတစ်ယောက်ဟာ တိရိစ္ဆာန်အမူအရာ ပါးရှားနေမယ်ဆိုရင် ဘေးလူတွေ မကြည့်ဘဲ မနေနိုင်ပါဘူး။ တစ်မျိုးမျိုးမရှိတဲ့သူတော့
လူတစ်ယောက်ကို ဘာလို့ ပြန်ပြန်ကြည့်မိတာလဲ။ လူတစ်ယောက်ကို ဘာလို့ သတိထားမိတာလဲ။ ဒါက ဒီလိုရှိတယ်လေ။ ကိုယ်က ခေါင်းဆောင်ကောင်းဖြစ်ချင်ေ
ကိုယ်တိုင်ခေါင်းဆောင် ဖြစ်ချင်သူဟာ ခေါင်းဆောင်ဖြစ်နေသူတွေကို လေ့လာပါတယ်။ သွားတာ၊ လာတာ၊ ပြောတာ၊ ဆိုတာတွေကို လေ့လာပါတယ်။ ပြန်ပြောပါမယ်။ လက်ရေးပြင်ပါ၊ အပြောအဆို ပြင်ပါ။ အမူအရာပြင်ပါ။ လှုပ်ရှားတဲ့ အမူအရာမှာ လူမြင်မတင့်တယ်တဲ့ အမူအရာတွေ ပြင်ပါ။ ရဟန်းသံဃာဆိုတော့ ပြောရခက်သားပဲ။ ခေါင်းဆောင်ကောင်းအရည်အချင်
__________________________
➳ ➳ စကားပြောနည်း ➳ ➳
ပထမဦးဆုံး စကားပြောတတ်အောင်ဆိုရင် မပြောသင့်ရင် မပြောပါနဲ့၊ ပြောသင့်ရင် ပြောပါ။ ဒါလေး အရေးကြီးပါတယ်။ မပြောသင့်ဘူးဆိုကတည်းက ပြောချင်စိတ်မရှိတော့လို့ဆိ
လေယာဉ်တွေ၊ ကားတွေပေါ်မှာ သွားကြ၊ လာကြရင် ဒါမှမဟုတ် တစ်ဦးတစ်ယောက်က ကိုယ့်ကို မုန့်ကျွေးတယ်။ ကိုယ်နဲ့ မတည့်ဘူးဆိုရင်၊ ငြင်းရတော့မယ်ဆိုရင် မြန်မာလိုပြောရင်တော့ မယူတဲ့အမူအရာနဲ့ နေပြီးတော့မှ 'ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်' လို့ ပြောရပါတယ်။
တစ်ဦးတစ်ယောက်က ပစ္စည်းပေးတယ်၊ မယူသင့်လို့ မယူဘူး။ ငြင်းရတော့မယ်ဆိုရင် မြန်မာလိုပြောရင်တော့ မယူတဲ့အမူအရာနဲ့ နေပြီးတော့မှ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်လို့ ပြောရတာပါ။ တို့ငယ်ငယ်တုန်းက အဘိုး၊ အဘွား၊ အဖေ၊ အမေ၊ ဆရာသမားတွေ သင်ပေးခဲ့တာ ခေါင်းမခါရပါဘူး၊ ပါးစပ်က ဟင့်အင်းလို့ မငြင်းရပါဘူး။ မျက်နှာပြုံးပြုံးနဲ့ကို ခေါင်းလေးတညိတ်ညိတ်နဲ့ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျလို့ ပြောရပါတယ်။ သူ့ပစ္စည်းကို မယူပါဘူး။ ဒါပေမဲ့ ပါးစပ်က ကျေးဇူးတင်ပါတယ်ခင်ဗျလို့ ပြောနေရပါတယ်။ ဒီလိုပဲ International ဆိုရင် No လို့ မပြောရဘူး။ No, thank you လို့ ပြောရပါတယ်။
သူတို့နိုင်ငံမှာလည်း သူတို့ယဉ်ကျေးမှုတွေ ရှိပါတယ်။ မိမိတို့နိုင်ငံမှာလည်း တို့ယဉ်ကျေးမှုတွေ ရှိပါတယ်။ သူတို့နိုင်ငံမှာလည်း သူတို့စကား ပြောတတ်၊ ဆိုတတ်တာ ရှိပါတယ်။ မိမိတို့နိုင်ငံမှာလည်း မိမိတို့စကား ပြောတတ်၊ ဆိုတတ်တာ ရှိပါတယ်။ သူတို့နိုင်ငံမှာလည်း လူကြီးလူကောင်းတွေ ရှိသလို တို့နိုင်ငံမှာလည်း လူကြီးလူကောင်းတွေ ရှိပါတယ်။
သူတို့ နိုင်ငံမှာလည်း ခေါင်းဆောင်ရှိသလို မိမိတို့နိုင်ငံမှာလည်း ခေါင်းဆောင်ရှိပါတယ်။ No, Thank you ဆိုတာမျိုး၊ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဆိုတာမျိုး ဟင့်အင်းတောင် မပါတော့ပါဘူး။ ကိုယ့်မြန်မာ ကိုယ်ဂုဏ်ပြန်ဖော်ရင် မြန်မာက ပိုတောင်ယဉ်ကျေးပါသေးတယ်။ သူကမှ No ထည့်ပြောသေးတယ်။ No, thank you တဲ့။
မိမိတို့ မြန်မာမှာကတော့ ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်၊ ပေးတာကို ကျေးဇူးတင်လိုက်တယ်။ ယူတာ မယူတာ တစ်ပိုင်း ဖြစ်ပါတယ်။ အဲဒီအကျင့်အတိုင်း ပါသွားရင် တစ်ဖက်လူက ကိုယ့်ကို ဘယ်လောက်နှောင့်ယှက်နှောင့်
တကယ့်ခေါင်းဆောင်ဖြစ်လာပြီဆ
အဲဒီအချိန်မှာ တကယ့်ခေါင်းဆောင်ကောင်းဟာ သူကြီးထက် မြို့ ပိုင်၊ မြို့ ပိုင်ထက် ဝန်ကြီး၊ ဝန်ကြီးထက် ရှင်ဘုရင် စသည်အားဖြင့် လောကသဘော သတ်မှတ်ထားတဲ့ အဲဒီလို ခေါင်းဆောင်ကောင်းတွေဟာ ပြုံးပြုံးပြုံးပြုံးနဲ့ ကျေးဇူးတင်တဲ့မျက်နှာနဲ့ ကျေးဇူးတင်တဲ့ စကားသံထွက်ပြီးတော့ကို စကားပြောနိုင်ရပါမယ်။
ကိုယ်က ငြိမ်ပြီးတော့ သူများကို ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်လို့ ပြောဖို့နေနေသာသာ ကိုယ်ကချည်းပဲ စွတ်ပြောနေတယ်ဆိုရင် ကိုယ့်အရည်အချင်း သူများသိတယ်နော်။ မှတ်ထားကြပါ။ ဒါ ကိုယ့်စိတ်ကို ပြောတာနော်။ ခေါင်းဆောင်ကောင်းအရည်အချင်
ကိုယ်ကသာ သိတယ်၊ ကိုယ်ကသာ တတ်တယ်ဆိုပြီး အတင်းပြောနေ၊ သူတို့ဆီက တစ်ခုမှ မရတော့ပါဘူး။ စကားပြောတဲ့နည်းထဲမှာ ပါပါတယ်။ ကိုယ့်လုပ်ငန်းနဲ့ ကိုယ့်အခြေအနေ ကိုယ့်အချိန်အခါနဲ့က ကိုယ်ကချည်းပဲ အတင်းပြောရမှာလား၊ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဆိုပြီး နေရမှာလား၊ ဒါလေးတော့ ခွဲသိရပါမယ်။ ပြောသင့်တဲ့အချိန်ပြောပါ၊ မပြောသင့်တဲ့အချိန် မပြောပါနဲ့လို့ ဆိုချင်ပါတယ်။
ဘုရားဟောတဲ့တရားတွေထဲမှာ အများကြီး ရှိပါတယ်။ ကာလဝါဒီ စကားကို အချိန်အခါနဲ့ ပြောရမယ်။ ပြောသင့်ရင်ပြော၊ မပြောသင့်ရင် မပြောနဲ့၊ နှုတ်ပိတ်နေရမယ်။ ပီယဝါစာ ချစ်ဖွယ်သော စကားကို ပြောရပါမယ်။ ဖရုဿဝါစာ ကြမ်းကြမ်းတမ်းတမ်း မပြောရပါဘူး။ ငြင်းစရာပေါ်လာရင်တောင် ပြုံးပြုံးလေးနဲ့ ကျေးဇူးတင်ပါတယ်လို့ ငြင်းနိုင်ရမယ်။ အဲဒါထက်တက်ပြီး မငြင်းဘဲ ကျေးဇူးတင်ပါတယ်လို့ ပြောနိုင်ရမယ်။ အဲဒီကတစ်ဆင့် ရိုးရိုးပါးစပ်က ကျေးဇူးတင်ရုံ မဟုတ်ဘဲ ကိုယ် စိတ်ဆိုးနေဦးတော့ စိတ်ရော ကိုယ်ပါ လက်ဆွဲပြီးတော့ဖြစ်ဖြစ် ဖက်လဲတကင်းနဲ့ အလွန် ကျေးဇူးတင်တဲ့ အပြောမျိုး ပြောနိုင်ရပါမယ်။
တကယ် ခေါင်းဆောင်ဖြစ်လာပြီဆိုရင်
ဘယ်သူ အရည်အချင်းမပြည့်ဘူးလဲ။ ကိုယ်က မပြည့်ဘူး၊ ပြည့်တယ် သတ်မှတ်တာ မဟုတ်ပါဘူး။ သူက သူ့ကိုယ်သူ မပြည့်ဘူး ထုတ်ပြောနေတာ ဖြစ်ပါတယ်။ သူ့ကိုယ်သူ ပြည့်ပါတယ်လို့ ထုတ်ပြောနေတာ ဖြစ်တယ်။ စကားပြောတာနဲ့ပတ်သက်ပြီး ဒီလိုမြင်သာပါတယ်၊ မြင်တတ်ရပါတယ်။ ကျင့်တတ်ရပါမယ်။
✏ ✏ ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒ - ခေါင်းဆောင်ကောင်းတို
No comments:
Post a Comment