ဝိနည်းတော်နှင့်အညီ ကထိန်ခင်းခြင်း
+++++++++++++++++++
ပုရိမဝါကျွတ်ကုန်သော ရဟန်းတို့အား ကထိန်ခင်းခြင်းငှာ ခွင့်ပြုတော်မူခြင်းနှင့်အတူ ကထိန်သင်္ကန်း(၃)ထည်ကိုပါ ခွင့်ပြုတ်ာမူပါသည်။ ကထိန်သင်္ကန်း(၃)ထည်မှာ-
၁။ သင်းပိုင်
၂။ ဧကသီ
၃။ ဒုကုဋ်
ဤသင်္ကန်း(၃)မျိုးတွင် တစ်မျိုးမျိုးဖြင့် ကထိန်ခင်းရန် ခွင့်ပြုတော်မူသည်ကို ကထိန်ခင်းမည့်သင်္ကန်းသည်-
၁။ ဤသင်္ကန်းသည် (ဝါ) ဤအဝတ်သည် ကောင်း၏၊ ဤအဝတ်ဖြင့် ကထိန်ခင်းသည့်၏ စသည်ဖြင့် ကထိန်သင်္ကန်း လှူအောင် အရိပ်နိမိတ်ပြ၍ရသောသင်္ကန်းမဖြစ်စေရ။
၂။ ဒါယကာတစ်ဦးထံ၌ ကထိန်သင်္ကန်းကို လှူလိုက်၏၊ ကထိန်သင်္ကန်းကို လှူဒါန်းသူသည် ကောင်းမှုတိုးပွား၏၊ အကျိုးများစွာရ၏ စသည်ဖြင့် ကထိန်သင်္ကန်းလှူအောင် ပရိယာယ်ဖြင့် ပြော၍ရသောသင်္ကန်း မဖြစ်စေရ။
၃။ ကိုယ်ပိုင်မဟုတ်ဘဲ ကထိန်ခင်းရာ ကာလအခိုက်အတန့်ငှားရမ်းထားသော သင်္ကန်းမဖြစ်စေရ။
၎။ ကထိန်သင်္ကန်းလှူသောနေ့၌ ကထိန်မခင်းဘဲ သိမ်းထားသော သင်္ကန်းမဖြစ်စေရ။
၅။ ဖြတ်သင့်သော အခန်းများကို လုံးဝမဖြတ်ဘဲ ချုပ်ထားသော သင်္ကန်းနှစ်ခန်းသုံးခန်း လေးခန်းမျှသာ ဖြတ်၍ ချုပ်ထားသော သင်္ကန်းများမဖြစ်စေရ။
စသည့်ဖြင့် (၁၇)ရပ်သော အင်္ဂါနှင့် ပြည့်စုံရမည့်ပြင် ဝိနည်းတော်နှင့်အညီ ချုပ်ထားသော သင်္ကန်းဖြစ်ရပါမည်။
No comments:
Post a Comment