Monday, November 26, 2018

မေတ္တာလက်ဆောင်လား


မေတ္တာလက်ဆောင်လား
🌸🌸🌸🌸🌸🌸🌸🌸
အဂတိလက်ဆောင်လား
လောကမှာ
တစ်ယောက်နဲ့ တစ်ယောက်
ပေးကြတဲ့လက်ဆောင်က
မေတ္တာလက်ဆောင်နဲ့
အဂတိလက်ဆောင်လို့
နှစ်မျိုးရှိပါတယ်။
ကိုယ့်အကျိုးကို
ဘာမှ မမျှော်လင့်ဘဲ
သူတစ်ပါး ကောင်းကျိုးရစေချင်တဲ့
မေတ္တာစိတ်သက်သက်နဲ့
ပေးတဲ့ လက်ဆောင်ကိုတော့
`မေတ္တာလက်ဆောင်´ လို့
ခေါ်ပါတယ်။
တစ်ဖက်သားရဲ့
ကောင်းဂုဏ်တစ်ခုခုကို
ဂုဏ်ပြုပူဇော်တဲ့အနေနဲ့
ပေးတဲ့လက်ဆောင်၊
တစ်ဖက်သားရဲ့
ကျေးဇူးတရားကို
လေးစားတုံ့ပြန်တဲ့အနေနဲ့
ပေးတဲ့လက်ဆောင်ဟာလည်း
မေတ္တာလက်ဆောင်ပါပဲ။
တစ်ဖက်သား
ကောင်းကျိုးရဖို့ထက်
ကိုယ့်လိုအင်ဆန္ဒ ပြည့်ဝဖို့အတွက်
မျှော်လင့်ချက်တစ်စုံတစ်ရာနဲ့
လာဘ်ထိုးတဲ့သဘောမျိုး
ပေတဲ့ လက်ဆောင်ကိုတော့
`အဂတိလက်ဆောင်´ လို့
ခေါ်ပါတယ်။
ကိုယ့်ကို
ကျေးဇူးပြန်ဆပ်စေချင်တဲ့စိတ်နဲ့
ကိုယ်က အရင်ဦးအောင်
ကျေးဇူးပြုထားတဲ့သဘောမျိုး
မျက်နှာလုပ်ပြီးပေးတဲ့
လက်ဆောင်ဟာလည်း
အဂတိလက်ဆောင်ပါပဲ။
အဂတိလက်ဆောင်ကို
မေတ္တာလက်ဆောင် ထင်ပြီး
ကျေနပ်နေရင်တော့
ကိုယ်ရတာနဲ့ မကာမိတဲ့
ပေးဆပ်ခြင်းတွေနဲ့ လည်စင်းပြီး
ပေးဆပ်နေရတော့မှာ
သေချာပါတယ်။
တစ်ခါတစ်ရံမှာ
မေတ္တာလက်ဆောင်ကလည်း
အဂတိလက်ဆောင်အဖြစ်
အသွင်ပြောင်းသွားတတ်ပါသေးတယ်။
`မေတ္တာလက်ဆောင်´ ဆိုရင်တော့
ကိုယ့် `လက်´ ကို
နတ်ရွာနိဗ္ဗာန်အထိ
ဆွဲခေါ် `ဆောင်´ သွားမယ့်
လက်ဆောင်ပေါ့...။
`အဂတိလက်ဆောင်´ ဆိုရင်တော့
ကိုယ့် `လက်´ ကို
အပါယ်လေးဘုံအထိ
ဆွဲခေါ် `ဆောင်´ သွားမယ့်
လက်ဆောင်ပေါ့.. ..။
မေတ္တာလက်ဆောင် ပေးမှာလား...။
အဂတိလက်ဆောင် ပေးမှာလား.. ..။
ဘယ်လက်ဆောင်ပေးမှာလဲ....။
အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

No comments:

Post a Comment