သည်းခံတယ်" ဆိုတာ ထိန်းချုပ်လိုက်တဲ့ သဘောပါ။
➖➖➖
➖➖➖
သည်းခံရင်.. ကိုယ်စိတ်နှစ်ပါး ချမ်းသာတယ်။
ဒါပေမဲ့.. ကျင့်သုံးဖို့ ခက်ခဲပါတယ်။
မိမိကို သူတစ်ပါးက ရန်စကားပြောလာမယ်။
စွပ်စွဲလာမယ်။ မဟုတ်တာကို အဟုတ်လုပ်ပြီး
ပြောလာမယ်ဆိုရင် ဘယ်သူဖြစ်ဖြစ် စိတ်ဆိုးတယ်။
မခံချင်စိတ်ဖြစ်တယ်။ တစ်ဘက်လူကို
ကိုယ်မဟုတ်တဲ့အကြောင်း သိစေချင်တယ်။
ဒီလိုနဲ့ တစ်ဖက်လူအပေါ် တုန့်ပြန်တယ်။
တစ်ဖြေးဖြေးနဲ့ ပုထုဇဉ်တို့ပီပီ ရန်မီးတွေပွါးကြတယ်။
မေတ္တာဓါတ်တွေ နည်းသွားတယ်။ မိတ်ပျက်သွားတယ်။

ဒါက တစ်ဖက်လူနဲ့ပတ်သတ်ပြီး သည်းမခံနိုင်လို့
ဖြစ်ရတဲ့ ပြဿနာပါ။
ဖြစ်ရတဲ့ ပြဿနာပါ။
မိမိစိတ်မှာဖြစ်တဲ့ မသွားသင့်တဲ့နေရာကို သွားချင်တယ်။ မတော်တဲ့အစားကို စားချင်တယ်။
မလုပ်သင့်တာကို လုပ်ချင်တယ်။ ဒီလိုချင်ခြင်းတွေကိုလည်း သည်းခံရမယ်။ သည်းမခံဘဲ စိတ်အလိုအတိုင်း
လိုက်လုပ်နေရင် မဖြစ်သင့်တာတွေဖြစ်ပြီး မိမိသာ
စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်ရမယ်။
မလုပ်သင့်တာကို လုပ်ချင်တယ်။ ဒီလိုချင်ခြင်းတွေကိုလည်း သည်းခံရမယ်။ သည်းမခံဘဲ စိတ်အလိုအတိုင်း
လိုက်လုပ်နေရင် မဖြစ်သင့်တာတွေဖြစ်ပြီး မိမိသာ
စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်ရမယ်။
သူတစ်ပါးကြောင့် ဖြစ်စေ
မိမိစိတ်ကြောင့် ဖြစ်စေ
ကုသိုလ်ဖြစ်စရာ အကြောင်းကိစ္စမဟုတ်ရင်!
အများအတွက် ကောင်းကျိုးမဖြစ်ဘူးဆိုရင်!
မိမိအတွက် ပစ္စုပ္ပန်,သံသရာ အကျိုးမများဘူးဆိုရင်!
ကြိုးစားပြီး သည်းခံတာ အကောင်းဆုံးပါဘဲ။
မိမိစိတ်ကြောင့် ဖြစ်စေ
ကုသိုလ်ဖြစ်စရာ အကြောင်းကိစ္စမဟုတ်ရင်!
အများအတွက် ကောင်းကျိုးမဖြစ်ဘူးဆိုရင်!
မိမိအတွက် ပစ္စုပ္ပန်,သံသရာ အကျိုးမများဘူးဆိုရင်!
ကြိုးစားပြီး သည်းခံတာ အကောင်းဆုံးပါဘဲ။
သည်းခံတယ်ဆိုတာ
တကယ်တော့ ထိန်းချုပ်တဲ့ သဘောပါ။
အကုသိုလ်ဖြစ်စရာတွေကို ထိန်းချုပ်နိုင်ရင်
ကုသိုလ်ဖြစ်ဖို့ များတယ်။ကုသိုလ်အလုပ်တွေ ပိုလုပ်ဖြစ်မယ်။
တကယ်တော့ ထိန်းချုပ်တဲ့ သဘောပါ။
အကုသိုလ်ဖြစ်စရာတွေကို ထိန်းချုပ်နိုင်ရင်
ကုသိုလ်ဖြစ်ဖို့ များတယ်။ကုသိုလ်အလုပ်တွေ ပိုလုပ်ဖြစ်မယ်။
သူတစ်ပါးကြောင့်
မိမိစိတ်မှာ အကုသိုလ်ဖြစ်လာရင်
သည်းခံခြင်းဖြင့် ဥပေက္ခာပြုထားလိုက်ပါ။
မိမိစိတ်ထဲက အကုသိုလ်ဖြစ်စရာ ကြုံလာရင်လည်း
ထိန်းချုပ်ခြင်းဖြင့် သည်းခံလိုက်ပါ။
မိမိစိတ်မှာ အကုသိုလ်ဖြစ်လာရင်
သည်းခံခြင်းဖြင့် ဥပေက္ခာပြုထားလိုက်ပါ။
မိမိစိတ်ထဲက အကုသိုလ်ဖြစ်စရာ ကြုံလာရင်လည်း
ထိန်းချုပ်ခြင်းဖြင့် သည်းခံလိုက်ပါ။
မြတ်စွာဘုရားက
သည်းခံခြင်းဟာ မြတ်သောအကျင့်!လို့ ဟောတော်မူတယ်။
ဒါ့ကြောင့်... သည်းခံခြင်းကို
စိတ်ဓါတ်မွန်မြတ်သူတွေ လုပ်နိုင်ကြတယ်။
အရာရာကို သည်းခံတတ်တဲ့ အလေ့ကျင့်လုပ်ထားပါ။
သည်းခံနိုင်မှု စွမ်းအားများလာတာနဲ့အမျှ
မိမိစိတ်ကလေး အေးချမ်းလာတယ်ဆိုတာ ယုံကြည်ပါ။

ဘဝကို သည်းခံခြင်းဖြင့် ဖြတ်သန်းပါ။
လောကဓံလှိုင်းဒဏ်က ကြံ့ကြံ့ခံနိုင်စွမ်း ရှိလာမှာပါ။
___________________
လောကဓံလှိုင်းဒဏ်က ကြံ့ကြံ့ခံနိုင်စွမ်း ရှိလာမှာပါ။
___________________
မေတ္တာဖြင့်...
အရှင်နန္ဒိယ( သာကီနွယ် )
အရှင်နန္ဒိယ( သာကီနွယ် )
No comments:
Post a Comment