`တည်ငြိမ်အေးချမ်းလို ဥပေက္ခာပြုပါ´
💬💬💬💬💬💬💬💬💬💬💬
💬💬💬💬💬💬💬💬💬💬💬
ငြိမ်းချမ်းလိုတဲ့ လူသားတွေအတွက် မေတ္တာသည်အလိုရှိသလို
ဂရုဏာလည်း ရှိဖို့လိုအပ်ပါ သည်။
ဂရုဏာလည်း ရှိဖို့လိုအပ်ပါ သည်။
အရေးကြီးဆုံး ရှိသင့်သော
အရာသည် ပုထုဇဉ်များအတွက် ဥပေက္ခာပင်ဖြစ်ပါသည်။
အရာသည် ပုထုဇဉ်များအတွက် ဥပေက္ခာပင်ဖြစ်ပါသည်။
ဥပေက္ခာဟု ဆိုလိုက်သည်နှင့် လူအတော်
အများအမြင်၌ မခေါ်မပြောချင် မဆက်ဆံချင် လျစ်လျူရှု့ထားချင်း အရေးမလုပ်တော့တာ တွေကို ဥပေက္ခာဟု ထင်ကြပါသည်။
အများအမြင်၌ မခေါ်မပြောချင် မဆက်ဆံချင် လျစ်လျူရှု့ထားချင်း အရေးမလုပ်တော့တာ တွေကို ဥပေက္ခာဟု ထင်ကြပါသည်။
အမှန်တော့ အဲ့သည်လိုမဟုတ်ပါချေ။
ဥပေက္ခာသည် ငြိမ်းအေးမှုအပြည့်ရှိသော
အရာပါ။
ဥပေက္ခာသည် ငြိမ်းအေးမှုအပြည့်ရှိသော
အရာပါ။
ဘုရားရှင်အဆက်ဆက်ပင် မဖြစ်မနေ ဖြည့်ကျင့်ရသော ပါရမီတခုဖြစ်ပါသည်။
လောက၌ လူသားတို့သည် မထင်မှတ်သော အချိန်
မထင်မှတ်သောနေရာ မထင်မှတ်သော
အပြုမူ အပြောဆိုမျိုးတွေကို
မထင်မှတ်သောနေရာ မထင်မှတ်သော
အပြုမူ အပြောဆိုမျိုးတွေကို
အခါမသင့်လျင် သင့်ကို အချိန်အခါမရွေး နေရာမရွေးပြောလာနိင်၏။
ထိုအခါ၌ ဥပေက္ခာသဘော သင်မဆောင်နိုင် လျင် သင်၌ အမှန်ဧကန် ပူလောင်မှုသည် ရောက်လာပါလိမ့်မည်။
ဥပေက္ခာသည် မကောင်းသောအရာတွေသာ မဟုတ်။
ကောင်းသော အရာတွေအပေါ်မှာလည်း
ဥပေက္ခာသဘော ဆောင်သင့်ပါသည်။
ကောင်းသော အရာတွေအပေါ်မှာလည်း
ဥပေက္ခာသဘော ဆောင်သင့်ပါသည်။
အဘယ်ကြောင့်ဆိုသော်..
သင့်ရဲ့မကောင်းသတင်း အတင်းတို့ကို ကြားလာလျှင်လည်း …
အမှန်ဧကန် ပေါ့ပါးသော မြက်ရှည်ကို လေတိုက်သကဲ့သို့ ယိမ်းယိုင်ခြင်း
ဒေါသများဖြစ်ကာ မငြိမ်းချမ်းခြင်း
အမှန်ရလာပြန်၏။
အမှန်ရလာပြန်၏။
သင့်ရဲ့ကောင်းသတင်းကိုလည်း သူတစ်ပါး ပြောလာလျှင် သင်သည် ပျော်သလို လောဘနှင့်
မတည်ငြိမ်မှုသည် အမှန်ရှိလာပြန်၏။
မတည်ငြိမ်မှုသည် အမှန်ရှိလာပြန်၏။
သင်မချစ်မနှစ်သက်သူတို့၏
ကောင်းသတင်းကို သင်ကြားပြန်လျှင်လည်း လွန်စွာနားခါး၍ ဒေါသတဖန်ရလာပြန်၏။
ကောင်းသတင်းကို သင်ကြားပြန်လျှင်လည်း လွန်စွာနားခါး၍ ဒေါသတဖန်ရလာပြန်၏။
မချစ်မနှစ်သက်သူ၏ ဒုက္ခရောက်ကြောင်း သတင်း အဆိုးသတင်းကို သင်ကြားပြန်လျှင် လည်း
ဝမ်းသာသယောင် စိတ်မာန်ထောင်၍
မတည်ငြိမ်ခြင်းအမှန် ရလာပြန်၏။
မတည်ငြိမ်ခြင်းအမှန် ရလာပြန်၏။
မိမိချစ်သူခင်သူ၏ ကောင်းသတင်း ကြားရ လျှင်လည်း ဝမ်းသာပီတိ စိတ်၌ဖြစ်၍ မတည်ငြိမ်ခြင်းအမှန် စိတ်လှူပ်ရှားပြန်၏။
မိမိချစ်သူခင်သူ၏ မကောင်းသတင်းကို
မြင်ရ ကြားရပြန်လျှင်လည်း သောကတဖန် ပူပန်တတ်ပြန်ပါ၏။..
မြင်ရ ကြားရပြန်လျှင်လည်း သောကတဖန် ပူပန်တတ်ပြန်ပါ၏။..
ထို့ကြောင့် ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေအရာရာအားလုံးအပေါ်၌
နှစ်သက်ခြင်း မုန်းတီးခြင်းမရှိဘဲ ဥပက္ခာပြုနိုင် လျှင် ဘဝသည်တည်ငြိမ်၍
ကျောက်တောင်ကို လေတိုက်သော်လည်း လှုပ်ရှားမှုမရှိသလို ငြိမ်းချမ်းကာ အလွန်ပင် ချမ်းသာလှပေသည်။
ဒါကြောင့် ဥပေက္ခာသည် ချမ်းသာမှုအမှန်ကို
ပေးစွမ်းတတ်သော အရာပါလားလို့ အနည်းငယ် မျှ သဘောပေါက်နားလည်ကြသည်ရှိသော်…
ပေးစွမ်းတတ်သော အရာပါလားလို့ အနည်းငယ် မျှ သဘောပေါက်နားလည်ကြသည်ရှိသော်…
နားလည်သည့်အတိုင်း နေထိုင်ပြုကျင့်နိုင်ကာ
သူတော်သူမြတ်များဖြစ်ကြပါစေ။
သူတော်သူမြတ်များဖြစ်ကြပါစေ။
တည်ငြိမ်အေးချမ်းမှုအမှန်ကိုလည်း
ရကြပါစေလို့ ဆန္ဒပြုရေးသားပါတယ်။
ရကြပါစေလို့ ဆန္ဒပြုရေးသားပါတယ်။
စောကော့သော(ကော့ကရိတ်)
DHAMA BANKမှ ပူဇော်သည်
DHAMA BANKမှ ပူဇော်သည်
No comments:
Post a Comment