သီလပြည့်စုံ တောင်းဆုပြည့်ဖြိုး
- - - - - - - - - - - -
ပါရမီဆယ်ပါးထဲမှာ ဒါနပါရမီ တစ်ခုကိုလည်း ဘုရားရှင်ထည့်သွင်းပြီးတော့ ဟောထားပါတယ်။ ပါရမီဆယ်ပါး အပြားသုံးဆယ် ဆုံညီပါမှလည်း သဗ္ဗေညုတဉာဏ် ဆိုတာလည်း ရမှာ။ ဒါနသည် အစိတ်အပိုင်း တစ်ခုအနေနဲ့ ပါဝင်နေတယ်။
- - - - - - - - - - - -
ပါရမီဆယ်ပါးထဲမှာ ဒါနပါရမီ တစ်ခုကိုလည်း ဘုရားရှင်ထည့်သွင်းပြီးတော့ ဟောထားပါတယ်။ ပါရမီဆယ်ပါး အပြားသုံးဆယ် ဆုံညီပါမှလည်း သဗ္ဗေညုတဉာဏ် ဆိုတာလည်း ရမှာ။ ဒါနသည် အစိတ်အပိုင်း တစ်ခုအနေနဲ့ ပါဝင်နေတယ်။
ဒါကြောင့် ဒီဒါနသည် သဗ္ဗေညုတဉာဏ်ကို ရနိုင်စေတဲ့ စွမ်းအား သူ့မှာ မရှိဘူးလား? ရှိတယ်။ ပစ္စေကဗောဓိဉာဏ်ကိုလည်း လိုလားတောင့်တခဲ့ရင် ရစေနိုင်တဲ့ စွမ်းအားရှိတယ်။ အဂ္ဂသာဝကဗောဓိဉာဏ်, မဟာသာဝကဗောဓိဉာဏ်, ပကတိသာဝကဗောဓိဉာဏ်ခေါ်တဲ့ ဒီဗောဓိဉာဏ်တွေကို ရည်ရွယ်တောင့်တမှု ရှိခဲ့ရင်လည်း ဒီဒါနက ဒီဗောဓိဉာဏ်တွေကို ရောက်အောင် ပို့ဆောင်ပေးနိုင်တဲ့ စွမ်းအားရှိနေတယ်။
အကယ်၍ ဒီဗောဓိဉာဏ်တွေကို အလိုမရှိခဲ့ဘူး။ လူမင်းစည်းစိမ်, နတ်မင်းစည်းစိမ်, စက်ြဝတေးမင်းစည်းစိမ်ခေါ်တဲ့ ဒီစည်းစိမ်တွေကို အလိုရှိခဲ့ရင်လည်း ဒီဒါနကပေးနိုင်တဲ့ စွမ်းအားမရှိဘူးလား? ရှိနေတယ်။
သို့သော် ဘယ်လိုပုဂ္ဂိုလ်မှ ပေးသလဲ? သီလရှိတဲ့ ပုဂ္ဂိုလ်ကိုသာလျှင် ဒီအကျိုးကို ရလိမ့်မယ်လို့ ငါဘုရားဟောပါတယ်။ သီလမရှိတဲ့ ပုဂ္ဂိုလ်ကို ငါဘုရား ဒီလို အကျိုးရလိမ့်မယ်လို့ မဟောပါဘူးတဲ့။
ဘာကြောင့်လဲ? သီလရှိတဲ့ ပုဂ္ဂိုလ်အတွက် သီလတွေ စင်ကြယ်နေတဲ့ အတွက်ကြောင့် စိတ်ရဲ့ တောင့်တချက်သည် မချွတ်ဧကန်အမှန် ပြည့်စုံ တတ်ပါတယ်။
DATE:15.JUN.2018 PM.4:52
သဗ္ဗညုတဉာဏဿ ပစ္စယောဟောတု...
သဗ္ဗညုတဉာဏဿ ပစ္စယောဟောတု...
No comments:
Post a Comment