Sunday, November 11, 2018

စာပေပိဋကတ်ရေးသားသောအကျိုး


စာပေပိဋကတ်ရေးသားသောအကျိုး

++++++++++++++++++++

ဥစ္စာကြွယ်ဝသောအမျိုး၌ ဖြစ်ရခြင်း၊
ဆင်းရဲသော အမျိုး၊ ယုတ်ညံ့သောအမျိုး၌ မဖြစ်ရခြင်း၊
ယုတ်ညံ့သောအမျိုးတို့နှင့်လည်း တစ်ရံတစ်ခါမျှ မပေါင်းဖော်ကြရခြင်း၊
သူတော်ကောင်းနှင့်သာ ပေါင်းဖော်ရခြင်း၊
ကောင်းခြင်းငါးဖြာနှင့် ပြည့်စုံရခြင်း၊
ယုတ်သောကိုယ်အဖြစ် မဖြစ်ရခြင်း၊
ကြမ်းတမ်းသောစကားမဆိုရခြင်း၊
ခပ်သိမ်းသော ကာမဂုဏ်ချမ်းသာနှင့် ပြည့်စုံရခြင်း၊
အပါယ်လေးပါးသို့ မရောက်ရခြင်း၊
မင်းမျိုးပုဏ္ဍားမျိုး၌သာ အဖြစ်များခြင်း၊
စကြ၀တေးမင်းအဖြစ် အကြိမ်များစွာဖြစ်ရခြင်း၊
ဧကရာဇ်၊ ပဒေသရာဇ်မင်းအဖြစ် မရေမတွက်နိုင်အောင်ဖြစ်ရခြင်း၊
နတ်ပြည်ခြောက်ထပ်ကို အစိုးရသော နတ်မင်းအဖြစ်အကြိမ်များစွာ ဖြစ်ရခြင်း၊
အက္ခရာတစ်လုံးရေးသားသော အကျိုးသည် ဘုရားဆင်းတုတစ်ဆူကို ကိုးကွယ်သည်နှင့် တူ၍ အတိုင်းမသိ အကျိုးပေးခြင်း၊
ကမ္ဘာရှစ်သောင်းလေးထောင်အထိ စကြ၀တေးမင်းဖြစ်ရခြင်း၊
ကိုးသင်္ချေတိုင် ပဒေသရာဇ်မင်းဖြစ်ရခြင်း၊
ကိုးသင်္ချေတိုင်ပုဏ္ဍားပညာရှိ ခြစ်ရခြင်း၊
ကိုးသင်္ချေတိုင် သူဌေးကြီးဖြစ်ရခြင်း၊
အာကာသစိုးနတ်အဖြစ် ကိုးသင်္ချေဖြစ်ရခြင်း၊
နတ်ပြည်ခြောက်ထပ်အဆင့်ဆင့်၌လည်း ကိုးသင်္ချေအသီးသီး ဖြစ်ရခြင်း၊
နောက်ဆုံးဘုရားဆု၊ ပစ္စေကဗုဒ္ဓါဆု၊ သာဝကဆုတို့ကိုပန်ဆင်နိုင်ခြင်း။

No comments:

Post a Comment