ဂရုကံ, အာစိဏ္ဏကံ, အာသန္နကံ, ကဋတ္တာကံ
➖➖➖➖➖➖➖➖➖➖➖➖➖➖
အကျိုးပေးဖို့ ကံတွေအဆင့်ဆင့်ရှိတယ်။
➖➖➖➖➖➖➖➖➖➖➖➖➖➖
အကျိုးပေးဖို့ ကံတွေအဆင့်ဆင့်ရှိတယ်။
• ဂရုကံကတော့ ကြီးလေးတဲ့ကံပေါ့လေ။ ကုသိုလ်ကံမှာလဲ ရှိတယ်။ အကုသိုလ်ကံမှာလဲ ရှိတယ်။
• အာစိဏ္ဏကံဆိုတာ နေ့တိုင်းပြုတဲ့ကံ။ သူလဲကုသိုလ်, အကုသိုလ်နှစ်မျိုး
စလုံး ရှိတယ်။
စလုံး ရှိတယ်။
• ကဋတ္တာကံ-ဆိုတာ တစ်ခါတစ်ရံပြုတဲ့ ကံပေါ့။
• အာသန္နကံ - ဆိုတာက စုတိပြတ်ကြွေ သေခါနီးမှာ ကပ်ပြီးဖြစ်တဲ့ကံ။ အဲဒီ
ကံပြီးရင် စုတိစိတ်ပဲ။ အဲဒီကံက ဟိုဘက်ပဋိသန္ဓေအကျိုးပေးတော့တာပဲ။ ကံ
တစ်ခုဟာ ပဋိသန္ဓေအကျိုးတစ်ခု ပေးတယ်။ နောက် ဟိုဘက်မှာပဝတ္တိအကျိုး
ဆိုတာကတော့ ထပ်ကာ, ထပ်ကာပေးတတ်တယ်။

☆ အာသန္နကံကို ဘာနဲ့ဥပမာပေးထားသလဲဆိုတော့ နွားခြံထဲကိုနွားတွေ
မောင်းသွင်းတဲ့အခါ အားကောင်း မောင်းသန်တဲ့နွားတွေက နေရာကောင်း လိုချင်လို့ ခြံထဲကို အရင်ရောက်အောင် တိုးဝှေ့ပြီးတော့ ပြေးဝင်ကြတော့ အား
နည်းတဲ့ နွားအိုကြီးတွေ ပိန်ခြောက်နေတဲ့နွားတွေက မတိုးနိုင်, မဝှေ့နိုင်တဲ့အ
တွက် နွားခြံထဲကို နောက်မှဝင်ရတယ်။ အဲဒီပိန်ခြောက်နေတဲ့နွားတွေက ရွှံ့
ဗွက်ထဲမှာ, နွားခြံရဲ့အပေါက်ဝနားမှာ ကပ်ပြီးတော့ အိပ်ရတယ်။

☆ မနက်မိုးလင်းလို့ ခြံတံခါးဖွင့်တဲ့ အခါကျတော့ နွားပျို , နွားသန်တွေက အ
ရင်ထွက်လို့မရဘူး။ အပေါက်ဝနားမှာ တံခါးနားမှာကပ်ပြီး အိပ်နေတဲ့ ပိန်
ခြောက်နေတဲ့ နွားတွေ, အားနည်းနေတဲ့နွားတွေက အရင်ထွက်ရတယ်။

☆ ဥပမေယျက ဘာလဲဆိုတော့ - မိမိတို့အသက်ရှင်နေစဉ်, သန်မာထွားကြိုင်း
စဉ်က ပြုခဲ့တဲ့ ကုသိုလ်ကံတွေ အများကြီးရှိတယ်။ သို့သော်လည်းပဲ မိမိတို့ မဂ်
ဉာဏ်, ဖိုလ်ဉာဏ်မရသေးဘူးဆိုရင် စုတိပြတ်ကြွေ သေခါနီးမှာ ကပ်ပြီးတော့
နှလုံးသွင်းမှားသွားလို့ရှိရင် အဲဒီ နှလုံးသွင်းမှားမှုကြောင့် အကုသိုလ်ဖြစ်ပြီး အပါယ်လေးပါး ကျသွားနိုင်တယ်။

☆ ဗုဒ္ဓဘာသာဝင်တွေဟာ ပစ္စည်းချမ်းသာသည်ဖြစ်စေ၊ ပစ္စည်းဆင်းရဲသည်
ဖြစ်စေ၊ မလှူဖူးတဲ့သူမရှိသလောက်ပဲ။ သဒ္ဓါတရားတွေရှိကြတယ်။ လှူကြတန်း
ကြတယ်။ တစ်ဘက် ကိလေသာတွေမကင်းသေးလို့ အိုးနဲ့အိမ်နဲ့နေသော်လဲ ကုသိုလ်တွေလုပ်ကြတယ်။

☆ ကုသိုလ်တွေ လုပ်ကြသော်လဲ စုတိပြတ်ကြွေသေတဲ့အခါမှာ အပါယ်ကို
ရောက်သွားတတ်တယ်။ အဲဒါ နှလုံးသွင်းမှားလို့ •••။

☆ စုတိပြတ်ကြွေသေတဲ့အခါမှာ တချို့တွေဟာ ပြိတ္တာဘုံဘဝရောက်ကြရ
တယ်။ ဘာဖြစ်လို့လဲဆိုတော့ ခင်မင်စွဲလမ်းတဲ့စိတ်နဲ့ သေကြတာ များတယ်။ အခင်အမင်မဝကြဘူး။ ခင်ရင်း မင်ရင်းနဲ့သေကြတာ များတယ်။ ဒါကတော့
သဘာဝပါပဲ။ သားတွေ, သမီးတွေ, ဇနီးတွေ, ခင်ပွန်းတွေ အချင်းချင်းခင်ကြ
မင်ကြမှာပဲ။ မခင်မမင်တဲ့သူ ဘယ်ရှိမလဲ။ အဲဒီ ခင်မင်စွဲလမ်းတဲ့စိတ်နဲ့ သေ
ကြတာများတယ်။ ဒါကြောင့် ပြိတ္တဘုံဘဝရောက်တာ များတယ်။

☆ ကုသိုလ်ကောင်းမှုတွေ အကျိုးပေးဖို့ စောင့်နေပါလျက်နဲ့ အကျိုးပေးခွင့်မသာ
ဘူးဖြစ်သွားရတယ်။ အဲဒါနှလုံးသွင်းမှားလို့။

☆ မိမိတို့ပြုထားတဲ့ ကုသိုလ်ကောင်းမှုတွေဟာ နတ်ပြည်ခြောက်ထပ်ကို အ
သာကလေးရောက်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဓမ္မပဒတို့၊ ၅၅၀ တို့မှာ တချို့နတ်သား, နတ်သမီးတွေဟာ သခွားသီးကလေးတစ်လုံးလှူလို့၊ တည်သီး
ကလေးတစ်လုံးလှူလို့၊ တမာရွက်ကလေးလက်တစ်ဆုပ် လှူလို့ နတ်ပြည်
ရောက်ကြတယ်။

☆ မြတ်စွာဘုရားအလောင်းတော်ဟာ စောင်းဆရာကြီးဖြစ်စဉ်တုန်းက နတ်
ပြည်ကို လူ့ဘဝနဲ့ပဲ ရောက်သွားတယ်။ စောင်းအတတ်ပညာနဲ့ နတ်ပြည်မှာ သွားဖြေဖျော်ရတယ်။ အဲဒီအခါမှာ စောင်းဆရာကြီးက...ကျွန်ုပ် ဖြေဖျော်ရတဲ့
အတွက် ရွှေ, ငွေ, ကျောက်သံ မလိုချင်ပါဘူး။ သင်တို့ ဒီနတ်ပြည်ကိုရောက်
ခဲ့ရတဲ့ကုသိုလ်ကို သိချင်ပါတယ်။ ကျွန်ုပ်ကို အဲဒီကုသိုလ်ကို ပြောပြပေးပါလို့
တောင်းဆိုတယ်။

☆ ကုသိုလ်နည်းတဲ့နတ်သား, နတ်သမီးတွေက သိပ်မပြောချင်ကြဘူး။ ကြံဆစ်
ကလေးတစ်ပိုင်း လှူလို့, ဟင်းရွက်ကလေးတစ်ဆုပ် လှူလို့, သစ်သီးကလေး
တစ်လုံးလှူလို့ နတ်ပြည်ရောက်နေတာ အများကြီးပဲ။ အဲဒိလောက် ကုသိုလ်
လေးတွေတောင် နတ်ပြည်ရောက်နိုင်တယ်။ အကြီးအကျယ်လှူပြီးတော့ နတ်
ပြည်ကို ဘာ့ကြောင့် မရောက်ကြသလဲ၊ ဘာဖြစ်လို့ အပါယ်ရောက်ကြသလဲ
ဆိုတော့-အဲဒီစုတိပြတ်ကြွေ သေခါနီးမှာကပ်ပြီးတော့ နှလုံးသွင်းမှားတာ
ကြောင့်ဖြစ်တာ များတယ်။

☆ ဘာဖြစ်လို့ နှလုံးသွင်းမှားသလဲဆိုတော့ မိမိတို့သွားနိုင်, လာနိုင်, စားနိုင်,
သောက်နိုင်, သန်မာထွားကြိုင်းတဲ့အချိန်မှာ ဘာဝနာအလုပ်တွေ အားထုတ်မှု နည်းကြတယ်။ စိတ်အလုပ်တွေ အားထုတ်မှု နည်းကြတယ်။

☆ လှူစရာရှိရင်လှူလိုက်တာပဲ၊ ကုသိုလ်လုပ်စရာရှိရင်လုပ်လိုက်တာပဲ၊ ဒါပေမဲ့
ဘာဝနာအလုပ်ကျတော့ ပစ်ထားကြတယ်။ ဒိဋ္ဌိဖြုတ်တဲ့တရားကိုလဲ အနာ
နည်းတယ်။ အဲဒီတော့ ဒိဋ္ဌိမဖြုတ်တတ်ကြဘူး။ ဉာတပရိညာနဲ့လဲမဖြုတ်တတ်
ဘူး။ တီရဏပရိညာနဲ့လဲ မဖြုတ်တတ်ဘူး။

☆ ဒိဋ္ဌိပြုတ်မဲ့တရားလဲ နာရမယ်၊ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းတရားလဲ နာရမယ်။
ယောဂီသူတော်ကောင်းတွေဆိုတာ ဂိုဏ်းမစွဲရဘူး။ ဘုရားဟောတဲ့တရားအ
ကုန်နာရမယ်။ နာလဲနာရမယ်၊ အားလဲထုတ်ရမယ်။ ဒိဋ္ဌိပြုတ်တရားတွေနာ
ထားပြီး အားထုတ်တဲ့အခါကျတော့ ဒိဋ္ဌိကျကျနန ဖြုတ်တတ်တယ်။

☆ မြင်တဲ့, ကြားတဲ့နေရာမှာ အဆင်းတွေ, အသံတွေက ရုပ်တရားတွေပဲ၊ မြင်
သိစိတ်, ကြားသိစိတ်တွေက နာမ်တရားတွေပဲ။ ခန္ဓာကိုယ်ကြီးက ရုပ်တရား
ပဲ၊ သိသိနေတာက နာမ်တရားပဲ။ အဲဒီလောက်တော့ သိထားရမယ်၊ ဒါထက်ပို
ပြီးသိရင် ပိုကောင်းတာပေါ့။

☆ ဒိဋ္ဌိပြုတ်တရားတွေကိုလဲ နာမထားမိဘူး၊ တခြားသောသစ္စာတရားတွေကို
လဲ ထပ်ကာထပ်ကာ မလေ့လာထားတဲ့အခါမှာ နှလုံးသွင်းမှားတာများတယ်။
ငါပဲ,သူပဲ, ငါ့သားပဲ, ငါ့သမီးပဲ၊ ငါ့သား, ငါ့သမီးကို ငါခင်ရမှာပေါ့၊ ငါမရှိရင် ခက်တော့မှာပဲဆိုတော့ နှလုံးသွင်း မှားသွားတယ်။

☆ ဒီလမ်းက လူတိုင်းလျှောက်ရမယ့်လမ်းဆိုတော့ ရှောင်လို့မရဘူး။ ဘယ်သူမှ
ရှောင်လို့မရဘူး။ ဟောတဲ့သူရော၊ နာတဲ့သူရော အကုန်လုံးသွားကြရမယ်။ အဲဒီသွားရမယ့်လမ်းကို ခုကတည်းက ကြိုတင်ပြင်ဆင်ထားရမယ်။ ကုသိုလ်
ကောင်းမှုတွေလဲလုပ်ရမယ်။ ကုသိုလ်ကောင်းမှုနဲ့တင် မပြီးဘူး။

☆ အခုလိုတရားပွဲတွေကျင်းပမယ်၊ အမျိုးမျိုးသော သံဃာ့ဒါနတွေပြုမယ်။ အဲဒီ
လိုဓမ္မဒါနတွေ အများကြီးပြုကြတယ်။ ဒါတွေဟာ ဝမ်းသာစရာတွေပဲ၊ အကျိုး
များတဲ့ ကုသိုလ်တွေ။ သာသနာတွင်း ကုသိုလ်တွေဟာ အင်မတန်အဖိုးတန်
တာပဲ။

☆ ဒါနဲ့တင် မပြီးသေးဘူး၊ ဉာဏ်ပညာဆည်းပူးခြင်း အလုပ်ကိုလဲ လုပ်ရမယ်။
ကုသိုလ်ကောင်းမှုပြုတာကို ပုညသမ္ပာဒလို့ခေါ်တယ်။
ဉာဏ်ပညာဆည်းပူးတာကို ဉာဏသမ္ပာဒလို့ခေါ်တယ်။
ပုညသမ္ပာဒနဲ့ ဉာဏသမ္ပာဒဟာ စရဏနဲ့ ဝိဇ္ဇာပဲ။
ပုညသမ္ပာဒက စရဏနဲ့ ဆိုင်တယ်။
ဉာဏသမ္ပာဒက ဝိဇ္ဇာနဲ့ ဆိုင်တယ်။
ပုညသမ္ပာဒက ဒါန, သီလ, သမထနဲ့ဆိုင်တယ်။
ဉာဏသမ္ပာဒက ဝိပဿ နာနဲ့ ဆိုင်တယ်။
ပုညသမ္ပာဒက သုဂတိကိုရောက်စေတယ်။
ဉာဏသမ္ပာဒက နိဗ္ဗာန်ကိုရောက်စေတယ်။
ပုညသမ္ပာဒဖြစ်ဖို့ မေတ္တာ, ကရုဏာ ပွားရမယ်။
ပုညသမ္ပာဒဖြစ်ဖို့အတွက် သစ္စာတရားတွေ များများနာပြီး သစ္စာဆိုက်အောင် အားထုတ်ရမယ်။
နှစ်မျိုးစလုံးကို ဆည်းပူးရမယ်။

☆ အခု ဒီမှာ လူမမာတွေအတွက် အရင်ဆုံးပြောမယ်။ လူမမာတွေဟာ အား
ငယ်တတ်တယ်။ အားငယ်ပြီဟေ့ ဆိုရင် ကိုယ့်ဘက်က တစ်ပန်းရှုံးပြီ၊ အား
ငယ်စရာမလိုဘူး။ အားငယ်ရမှာက အယူမှားတဲ့ပုဂ္ဂိုလ်တွေ။ မသိလို့ အားငယ်
ရမှာ ••• သိလို့ရှိရင် အားငယ်စရာ မလိုဘူး။

☆ ရတနာသုံးပါးကို ပစ်ပယ်တယ်၊ ကုသိုလ်, အကုသိုလ်မရှိဘူး။ ဒါနပြုစရာမ
လိုဘူး၊ သီလဆောက်တည်စရာမလိုဘူး။ ကုသိုလ်ပြုစရာမလိုဘူး၊ အကုသိုလ်
ရှောင်စရာမလိုဘူး။ အဲဒါတွေက သေရင်တော့ အပါယ်ပဲ။

☆ သမ္မာဒိဋ္ဌိ အယူရှိတဲ့ပုဂ္ဂိုလ်၊ သရဏဂုံရှိတဲ့ ပုဂ္ဂိုလ်ဟာ•••အားငယ်စရာတစ်
စက်မှ မလိုဘူး။ အားငယ်စရာ မဟုတ်တာကို ဘာဖြစ်လို့ အားငယ်ရမှာလဲ။
သရဏဂုံရှိတယ်ဗျ။ သရဏဂုံဟာ နတ်ပြည်ကို အသာကလေးပို့နိုင်တယ်။

☆ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ, ဓမ္မံ သရဏံ ဂစ္ဆာမိ, သံဃံ သရဏံ ဂစ္ဆာမိ။
ဗုဒ္ဓသရဏဂုံ၊ ဓမ္မသရဏဂုံ၊ သံဃသရဏဂုံ။
ဗုဒ္ဓသရဏဂုံ၊ ဓမ္မသရဏဂုံ၊ သံဃသရဏဂုံ။
☆ ဘာမှမရရင်တောင် အဲဒါလေး ဆိုနေအုံးတော့ ••• နတ်ပြည်ရောက်တယ်။ လူမမာစောင့်တဲ့ပုဂ္ဂိုလ်တွေကလဲ ရွတ်ဆိုပေးရမယ်။ နမောတဿ ပဲ ဖြစ်ဖြစ်၊
ဗုဒ္ဓံသရဏံ ဂစ္ဆာမိပဲဖြစ်ဖြစ်။ လောကသုံးပါးမှာ အထွဋ်ဆုံး, အမြတ်ဆုံး ရတ
နာသုံးပါး ရှိတယ်။ အားငယ်စရာ မဟုတ်တာကို သွားအားငယ်တဲ့ အခါကျ
တော့ ကိုယ့်ဘက်က တစ်ပန်းရှုံးသွားတယ်။

☆ စစ်တိုက်တဲ့အခါမှာ မတိုက်ခင်ကတည်းက ကိုယ်က ရှုံးတော့မယ်လို့တွက်
နေရင် အဲဒါမတိုက်ခင်ကတည်းက ရှုံးနေတာ။ သေမင်းနဲ့စစ်တိုက်တဲ့အခါမှာ အစောကြီးကတည်းက တရားနာထားရင် ကိုယ့်မှာ သဒ္ဓါတရား အားကောင်း
နေတယ်။ ဘုရား, တရား, သံဃာဟာ မိမိနှလုံးသား ရှိနေတယ်။

☆ ခန္ဓာကြီးက သူဖောက်ပြန်တဲ့အချိန် ဖောက်ပြန်တာပဲ။ အသက် ၇၀-၈၀အ
ရွယ်မှ ဖောက်ပြန်တာ မဟုတ်ဘူးနော်။ ငယ်ငယ်ရွယ်ရွယ်တွေ ကလေးဆေး
ရုံမှာ အောတိုက်နေတာပဲ။ ဖောက်ပြန်ချင်တဲ့အချိန် ဖောက်ပြန်တာပဲ၊ အနတ္တ
တရားပဲ။ အတိတ်ကကံနဲ့ ဆိုင်တယ်။ ပစ္စုပ္ပန်မှာလဲ ဉာဏ်နဲ့ဆိုင်တယ်။ သူ့
လမ်း သူသွားမှာပဲ။

☆ ရုပ်ကလဲ သူ့အလုပ် သူလုပ်မယ်။ ချမ်းမယ်, ပူမယ်, အဖျားတက်မယ်။ အ
ဆုတ်တွေ, နှလုံးတွေ, ကလီစာတွေမှာ ဖောက်ပြန်မယ်။ ခန္ဓာရလာတယ်ဆို
တာ ရောဂါရလာတာ။ ဒီရုပ်တရားဟာ ရောဂါပဲ။ ရုပ်ရဲ့အလုပ်က ••• ဘာနဲ့
တောင်းပန် တောင်းပန်သူကတော့ ဖောက်ပြန်မှာပဲ။ မြတ်စွာဘုရားကို
တောင် နှိပ်စက်သေးတာပဲ။ မြတ်စွာဘုရားကိုတောင် နှိပ်စက်မှတော့ ဒို့သူငါ
တွေရှောင်လို့မရဘူး၊ အနှိပ်စက်ခံရမှာပဲ၊

☆ ဆေးမကုနဲ့လို့ပြောတာမဟုတ်ဘူး။ ကုနေရင်းနဲ့လဲ သူကနှိပ်စက်မှာပဲ။ ကု
သပေးနေတဲ့ဆရာဝန်တွေတောင် သေကုန်တာပဲမဟုတ်လား။ မကုလဲသေ
တာပဲ၊ ကုလဲ သူ့အချိန်တန်ရင် သေတာပဲ။ မကုနဲ့လို့ ပြောတာမဟုတ်ဘူး။ သင်္ခါရတရားကို ပြုပြင်နိုင်သလောက်တော့ ပြုပြင်ရမှာပဲ။ ဗုဒ္ဓဘာသာတွေ
ဟာ ဒီအသိကို ပိုင်ပိုင်နိုင်နိုင် သိထားရမယ်။

☆ ခန္ဓာကိုယ်က အားနည်းနေပြီ၊ သိပ်တော့ ခံမှာမဟုတ်တော့ဘူး။ ငါတော့ ဒီ
တောင်ကို ကျော်နိုင်မှာမဟုတ်တော့ဘူး။ မကျော်နိုင်ရင် ဘာဖြစ်သလဲ၊ ဒီဘဝ
ကသေပြီး သည့်ထက်ကောင်းတဲ့ ဘဝ ရမှာ။ အကုသိုလ်တွေလုပ်ပြီး သေတာ
မှမဟုတ်ဘဲ။ ဘုရား, တရား, သံဃာကို သတိရပြီး သေရတာ။

☆ မိမိတို့မှာနှလုံးသွင်းကတည်းကိုက ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချတဲ့စိတ်မျိုး
ရှိရမယ်။ သရဏဂုံလဲ မြဲရတယ်။ ကိလေသာတွေနဲ့ပဲ ဆွယ်ဆွယ်, ဒေါ်လာနဲ့ပဲ
ဆွယ်ဆွယ် သရဏဂုံမြဲတယ်။ ကိလေသာတွေနောက်, ဒေါ်လာတွေနောက် ပါသွားရင်တော့ ဒယ်အိုးပဲ။

☆ သရဏဂုံမပျက်တဲ့ပုဂ္ဂိုလ် ကြောက်စရာမလိုဘူး။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ, ဓမ္မံသ
ရဏံဂစ္ဆာမိ, သံဃံသရဏံဂစ္ဆာမိ။ ဒါပဲရွတ်အုံးတော့ အနည်းဆုံးနတ်ပြည်
ရောက်တယ်။

☆ အဲဒါကို ယုံကြည်တာ သဒ္ဓါပဲ။ ယုံကြည်တာကို ဒုလ္လဘတရားလို့ခေါ်တယ်။
ရွှေ, ငွေ, ကျောက်သံပတ္တမြားတွေထက်မြတ်တယ်။
ရွှေ, ငွေ, ကျောက်သံပတ္တမြားတွေထက်မြတ်တယ်။
☆ မြတ်စွာဘုရားဟာ ဒုလ္လဘတရားငါးပါးကို နေ့တိုင်းဟောတယ်။ ဓမ္မစကြာ
တို့, အနတ္တလက္ခဏသုတ်တို့ဆိုတာ သူ့နေရာနဲ့သူ ဟောတာ။ နေ့တိုင်းမ
ဟောဘူး။ ဒုလ္လဘတရားငါးပါးဟာ အရေးကြီးလွန်းလို့ နေ့တိုင်းဟောတယ်။

ချစ်သားတို့ဆိုရင် ချစ်သမီးလဲ ပါသွားတာပဲ။ မမေ့ကြနဲ့။
• ဘုရားပွင့်ဖို့ ခဲယဉ်းတယ်-သာသနာတော်ကြီးနဲ့ တွေ့ဖို့ခဲယဉ်းတယ်ပေါ့။
• လူဖြစ်ဖို့ ခဲယဉ်းတယ်-လူဆိုတာကလဲ တကယ်သမ္မာဒိဋ္ဌိအယူရှိတဲ့လူ ဖြစ်ရ
မယ်။
မယ်။
• သဒ္ဓါတရားရှိဖို့ ခဲယဉ်းတယ်-ရတနာသုံးတန်၊ ကံ, ကံရဲ့အကျိုးကို ယုံကြည်
တဲ့ သဒ္ဓါတရားရှိဖို့ လိုတယ်။
တဲ့ သဒ္ဓါတရားရှိဖို့ လိုတယ်။
• ရှင်, ရဟန်းဖြစ်ဖို့ ခဲယဉ်းတယ်-တရားအားထုတ်တဲ့ ယောဂီတွေဖြစ်ဖို့ ခဲ
ယဉ်းတယ်။
ယဉ်းတယ်။
• သူတော်ကောင်းတရားတွေ နာကြားရဖို့ ခဲယဉ်းတယ်။
☆ အဲဒါ ဒုလ္လဘတရားတွေ။ အဲဒါတွေကို နှလုံးသွင်းရမယ်။ မြတ်စွာဘုရား
ဟော ဒုလ္လဘတရားကို နေ့တိုင်း ဘာဖြစ်လို့ဟောသလဲ ဆိုတော့ အရေးကြီး
လို့ဟောတာ။ အရေးမကြီးရင် မဟောဘူး။ အရေးမကြီးတဲ့တရားဆိုရင် မြတ်
စွာဘုရား ပါးစပ်တော်မဟဘူး။ အကျိုးမရှိမယ့်စကားကို တစ်လုံးမှ မပြော
ဘူး။ အရေးကြီးလို့ နေ့တိုင်းဟောတာ။

☆ သာသနာတော်နဲ့တွေ့ဖို့ အလွန်ခဲယဉ်းတယ်။ ကမ္ဘာပေါင်းအသင်္ချေ,
အသင်္ချာမှာ သုညကမ္ဘာတွေ အများကြီးပဲ။ ဘုရားဆိုတဲ့ အသံကြားရဖို့တောင် ခဲယဉ်းတယ်။

☆ အခုအချိန်မှာ ဘုရားသာသနာနဲ့လဲ ကြုံရတယ်၊ ဘုရားဟောကြားခဲ့တဲ့ တရားတော်တွေလဲနာရတယ်၊ သက်တော်ထင်ရှားဘုရားကို ဖူးရသကဲ့သို့ ••• သံဃာတော်တွေကိုလဲ ဖူးရတယ်။ မဟာစည်ဆရာတော်ဘုရားကြီးတို့, ဝေဘူ
ဆရာတော်ဘုရားကြီးတို့, စွန်းလွန်းဆရာတော်ဘုရားကြီးတို့ကို သေသေချာ
ချာဖူးရတယ်။ အင်မတန် အဖိုးမတန်ဘူးလား။

☆ ဗုဒ္ဓဘာသာတွေရဲ့ သဒ္ဓါတရားဟာ အင်မတန်ခိုင်မာတယ်။ ဗုဒ္ဓဘာသာတွေ
ဟာ ယုံရမယ်ဆိုပြီး အာဏာနဲ့ယုံကြည်ခိုင်းတာမဟုတ်ဘူး။ ဝေဖန်ဆန်းစစ်ပြီး
ကိုယ်တိုင် ကျင့်ကြံကြည့်ပြီး ကိုယ့်အတွက် အကျိုးရှိမယ်ဆိုမှ ယုံကြည်လက်ခံရ
တာ။ အဲဒီလို သဒ္ဓါမျိုးနဲ့ အခုလိုယုံကြည်ကိုးကွယ်နေတဲ့ ဘုရား, တရား, သံဃာ
ဟာ လောကမှာ အမြတ်ဆုံးပဲလို့ သိတယ်။

☆ ဘုရား, ဘုရားဆိုတိုင်း ဘုရားဖြစ်တာမဟုတ်ဘူး။ အသံပဲရှိတာ။ ဗုဒ္ဓဘာ
သာတွေကိုးကွယ်တဲ့ ဘုရားက ဂုဏ်တော်ကိုးပါးနဲ့ပြည့်စုံတော်မူတဲ့ မြတ်စွာ
ဘုရား။မြတ်စွာဘုရားဟောကြားတဲ့ တရားတော်တွေက ဂုဏ်တော်ခြောက်ပါး
နဲ့ပြည့်စုံတော်မူသောတရားတော်။ သံဃာတော်တွေက ဂုဏ်တော်ကိုးပါးနဲ့
ပြည့်စုံတော်မူတဲ့ သံဃာတော်တွေ။ ဒီရတနာသုံးပါးကို ကိုးက်ွဆည်းကပ်လို့ရှိ
ရင် အပါယ်မကျနိုင်ဘူးဟေ့ ••• ဒီလို ယုံကြည်ရမယ်။

☆ အဲဒီလို ယုံကြည်ထားတာ အားပဲ•••။ အပါယ်မကျဘူး။ ယုံကြည်မှုမရှိဘဲ ငါ
တော့ဘယ်ရောက်မယ်မှန်းမသိဘူး။ ခက်ပြီ။ ဘုရား, တရား, သံဃာကို သတိ
မရဘူး။ သားတွေ, သမီးတွေ, အလုပ်အကိုင်တွေ, သိမ်းထားတဲ့ ပစ္စည်းတွေ
ကို သတိရတယ်။ အဲဒါ နှလုံးသွင်းမှားတာ၊ ရတနာသုံးပါးကို အမြဲတမ်း သတိ
ရနေရမယ်။

☆ မိမိမှာ အားကလဲ နည်းလာပြီ၊ တဖြည်းဖြည်း ရောဂါကလဲတိုးလာပြီ ဆိုလို့ရှိ
ရင် ဘုရား, တရား, သံဃာကို ပိုသတိရလေကောင်းလေပဲ။ ဂုဏ်တော်ကို ပို
သတိရပြီး ရွတ်ဖတ်သရဇ္ဈာယ်နေရမယ်။

☆ အရဟံ, သမ္မာသမ္ဗုဒ္ဓေါ, ဝိဇ္ဇာစရဏသမ္ပန္နော, သုဂတော, လောကဝိဒူ, အနုတ္တရောပုရိသဒမ္မသာရထိ, သတ္ထာဒေဝမနုဿာနံ, ဗုဒ္ဓေါ, ဘဂဝါ။
☆ ဂုဏ်တော်ကိုးပါးစလုံး မရဘူးဆိုရင်လဲ ကိုယ်ရသလောက်ပေါ့•••။ အရဟံ, ဗုဒ္ဓေါလောက်တော့ ရွတ်နိုင်ရမယ်။ အဲဒါ အပါယ်လေးပါးလွတ်အောင် ပြော
နေတာနော်။
နေတာနော်။
☆မြစိမ်းတောင်ဆရာတော်အရှင်ဇာနေယျ☆
Credit ☆Buddhavasa Tiloka☆
Credit ☆Buddhavasa Tiloka☆
No comments:
Post a Comment