Saturday, November 10, 2018

တံခွန်လှူအကျိုး


တံခွန်လှူအကျိုး

++++++++++++

ဆင်၊ မြင်း၊ ရထား ခြေသည်တို့သည်လည်းကောင်း၊ အင်္ဂါလေးပါး ရှိကုန်သော စစ်သည်တို့သည်လည်းကောင်း ခြံရံခြင်း၊
ကောင်းစွာ တန်ဆာဆင်ကုန်သော မိန်းမတို့သည် လည်းကောင်း၊ ခြောက်သောင်းသော တူရိယာ စည်မောင်းတို့ သည်လည်းကောင်း အမြဲခြံရံခြင်း၊
ဆန်းကြယ်စွာသော ပုတီး၊ လက်ကောက်၊ လက်စွပ်၊ ပတ္တမြား၊ နားတောင်း စသည့် ရတနာများ ရရှိခြင်း၊
ကမ္ဘာသုံးသောင်းပတ်လုံး နတ်ပြည်၌ မွေ့လျော်ရခြင်း၊
နတ်တကာတို့ကို အစိုးရသော သိကြားမင်းအဖြစ်သည် အကြိမ် ရှစ်ဆယ်ပတ်လုံးနှင့် နတ်မင်း၏ အဖြစ်ကိုလည်း ခံစား ရခြင်း၊
စကြာဝတေးမင်းအဖြစ်သည်လည်း အကြိမ်တစ်ထောင်ဖြစ်ရပြီး ပဒေသရာဇ်မင်း၏အဖြစ်သည် ဂဏန်းသင်္ချာအားဖြင့် မရေ မတွက်နိုင်အောင် ခံစားရခြင်း။

No comments:

Post a Comment