Sunday, November 11, 2018

အဘိဓမ္မာ မတတ်သော်လည်း


အဘိဓမ္မာ မတတ်သော်လည်း

++++++++++++++++++++

တရားထူး ရဖို့ အားထုတ်မယ် ၀ဋ် မှ ထွက်မြောက်ကြောင်း နိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့ ရန်
အားထုတ်မယ်ဆိုရင် အဘိဓမ္မာ မတတ်သော်လည်းပဲ ဆရာသမားနဲ့ အားထုတ်ရင်ဖြစ်တယ်။
အဘိဓမ္မာ အများကြီးတတ်ဖို့ မလို ဘူး။တတ်ရင်တော့ကောင်းပါတယ်။ သို့ သော် ဒီစိတ်
စေတသိက် ရုပ်နိဗ္ဗာန် ဒါတွေ အကုန်လုံးသိမှ မင်းတရားထိုင်ရမယ်။ ဒီလိုပြောလို့ မရဘူး။
အဲ့ဒါ သတိထားရမယ်။


အဘိဓမ္မာ မတတ်ချင်နေ တရားပြတဲ့ ဘုန်းကြီး က လောကမှာဟေ့ ရုပ်နှင့် နာမ် ပဲရှိတယ်
လို့ မြတ်စွာဘုရားက ဟောထားတယ်။ ဒီရုပ်နှင့် နာမ်ဟာလည်းပဲ အနိစ္စ သဘော ဒုက္ခ သဘော
အနတ္တသဘောက မလွန်နိုင်ဘူး။မြတ်စွာဘုရားက ဟောထားတယ်။ အဲ့ဒီလောက်ကလေး နားလည်
သွားရင် တရားထိုင်လို့ ရတာပါပဲ။ ဒါ မဟာစည် ဆရာတော်က အမိန့် ရှိထားတာ။ ဒါကြောင့်  မို့ 
ပြောမိတတ်တယ်။ အဘိဓမ္မာ မတတ်ရင် တရားထိုင်လို့ ဖြစ်ပါ့မလား တရားမထိုင်ကောင်းဘူးလို့ 
ပြောမိတတ်တယ်။ အဲ့ဒီလို မဖြစ်စေရဘူး။

အဲ့ဒါ ဘာကြောင့်လဲ ဆိုတော့ ၀တ္ထုကြောင်းတစ်ခုက ရှင်စူဠပန်ဆိုတာကြားဖူးလား မသိဘူး။
သိတ်ဥာဏ်ထိုင်းတယ်။ ဂါထာလေး တစ်ပုဒ်ကို လေးလ ကျက်လို့  မရဘူးဆိုရင် ဘယ့် နှယ်လုပ်
ပြီးတော့ အဘိဓမ္မာ သူတတ်မလဲ။ ဒါပေမယ့်လို့  သူ့ ကို မြတ်စွာဘုရားက ကမ္မဋ္ဌာန်းပေးပြီးတော့
တရားထိုင်ခိုင်းလိုက်တော့ နာရီပိုင်းအတွင်း မှာ တစ်နာရီတောင်ကြာချင်မှ ကြာမယ်။ ရဟန္တာဖြစ်
သွားတယ်။ အဲ့ဒီတော့ မြတ်စွာဘုရားလက်ထက်က မြတ်စွာဘုရားဆီရောက်တဲ့ ပုဂ္ဂိုလ်တွေ
ဘယ်အဘိဓမ္မာ တတ်မလဲ။ တစ်ချို့  ဗုဒ္ဒဘာသာတောင် မဟုတ်ဘူ။ မြတ်စွာဘုရားတရားဟောလို့ 
တရားထိုင်ခိုင်းတယ်။တရားထိုင်ပြီးတော့ အကျွတ်တရားရတယ်။ ဒါကြောင့်မို့  တရားထိုင်ဖို့ ဆိုရင်
အဘိဓမ္မာ မတတ်လည်းပဲ အားထုတ်လို့ ရတယ်။ ဒါလေးတော့ မှတ်ထား။



အရှင်သီလာနန္ဒာဘိဝံသ


+++++++++++++++

နိဗ္ဗာန်ကို မျက်မှောက်ပြုရန် အသေမဦးမှီ ဥာဏ်ဦးရန်အတွက် အလေးထား
ကြိုးစားသင့်ကြောင်း လေးစားစွာ တိုက်တွန်းပါသည်။




*****တတိယမြောက်သမီးတော်*****

No comments:

Post a Comment