ရုပ်အိုလို့ အလုပ်ပို
ကိုယ့်အလို သူမသွား
သူ့အလိုလို အိုအိုသွားတယ်
အနိစ္စပါတကား ~~~
ကိုယ့်အလို သူမသွား
သူ့အလိုလို အိုအိုသွားတယ်
အနိစ္စပါတကား ~~~
•• ခါးကလည်းနာ
အားကလည်း မပါလေတော့
ဇရာအို ဒီရုပ်တရားကိုပ
သယ်မ ကာ ချီကာချရတယ်
ကြီးတဲ့ဒုက္ခ ~~~
အားကလည်း မပါလေတော့
ဇရာအို ဒီရုပ်တရားကိုပ
သယ်မ ကာ ချီကာချရတယ်
ကြီးတဲ့ဒုက္ခ ~~~
•• အအိုရတဲ့ ဒီခန္ဓာ
အလိုမကျလို့ အဖန်ဖန်နာလည်း
ကိုယ့်ကလို သူမတွဲတယ်
အနတ္တပါပဲ ~~~
အလိုမကျလို့ အဖန်ဖန်နာလည်း
ကိုယ့်ကလို သူမတွဲတယ်
အနတ္တပါပဲ ~~~
•• အတ္တကိုဖယ်
အနတ္တကိုကွယ် ဆင်ခြင်လို့ပွား
ကိုယ့်အလို သူမသွားရင်လည်း
သတိတရားကို ရင်မှာထားပါလို့ 
ပြင်ဆင်ကာ ရှုမှတ်ပွားရမယ်
သတိပဋ္ဌာန်တရား ~~~
အနတ္တကိုကွယ် ဆင်ခြင်လို့ပွား
ကိုယ့်အလို သူမသွားရင်လည်း
သတိတရားကို ရင်မှာထားပါလို့ 
ပြင်ဆင်ကာ ရှုမှတ်ပွားရမယ်
သတိပဋ္ဌာန်တရား ~~~
crd-ဇိနပုတ္တ
No comments:
Post a Comment