Monday, November 5, 2018

အလှူ၏သဘောတရား


အလှူ၏သဘောတရား
++++++++++++++

မြတ်စွာဘုရားသည် အလှူဒါနကို ဟောတော်မူရာ၌ မိမိ ပြုလုပ်သော အလှူဒါနကြောင့် သတ္တဝါတို့ သေကြေပျက်စီးမှု မရှိစေရန် ဟောတော်မူပါသည်။ အလှူအတန်းနှင့် ပတ်သက်၍ မလိုအပ်ပဲ ဗုံးပေါလအော လှူဒါန်းမှုမျိုးကိုလည်း အားပေးတော် မမူပေ။ အလှူခံပုဂ္ဂိုလ်တို့သည် လိုအပ်သမျှ ပမာဏအထိသာလျှင် အလှူခံသင့်သည်ဟု ဟောတော်မူပါသည်။ မိမိအင်အားအလိုက် လေးပုံတစ်ပုံလောက်သာ လှူဒါန်းရန် ဟောတော်မူပါသည်။ အလှူ ဒါနကြောင့် ဘဝပျက် နစ်နာသွားစေမည့် ပကာသနများကို လိုလား တော်မမူပေ။

အထူးသဖြင့် သာသနာတော်တွင် ထာဝ၇အကျိုးရှိစေမည့် အလှူမျိုး မိမိသီတင်းသုံးရာကျောင်း၊ အာရာမ်မြို့ရွာ နယ်ပယ်နှင့် အမျိုးဘာသာ သာသနာနှင့် လောကကြီးတစ်ခုလုံး အရှည်တည်တံ့ ကောင်းကျိုးတိုးပွားစေမည့် ထာဝရ ဒါနမျိုးကို အားပေးတော်မူ သည်။

အလှူဟူသည် နတ်ပြည်၏ စောင်းတန်းလှေကာြးုဖစ်၍ မြတ်သောရိက္ခာထုပ်ဖြစ်သည်။ ခရီးဖြောင့်တန်းဖြစ်သည်။ မြတ်သော မဂ်ဖိုလ် နိဗ္ဗာန်၏ အကြောင်းဖြစ်သည်၊ အစိုးရခြင်းကို ဖြစ်စေတတ်၏။ စည်းစိမ်ချမ်းသာကို ပေးတတ်၏။ ချမ်းသာကို ပွားများစေတတ်၏။ မိမိကိုယ်ကို စောင်မတတ်၏။ မယဉ်ကျေး သူတို့ကိုလည်း ယဉ်ကျေးစေတတ်၏။ အလုံးစုံသော အကျိုးကို ပြီးစေတတ်၏။ အမွန်မြတ်ဆုံး မင်္ဂလာတစ်ပါးလည်းဖြစ်၏။

ကံကံ၏ အကျိုးကို သိမြင်ယုံကြည်သော စေတနာ သုံးတန်ပြည့်ဝစွာ လှူဒါန်းအပ်သောဒါနသည် သံသရာအတွက် မိတ်ဆွေကောင်းကြီးဖြစ်သည်။

No comments:

Post a Comment