အလှူနှင့်စွန့်ကြဲမှု (ဒါနနှင့်စာဂ)
+++++++++++++++++++++
အနာဂတ်သံသရာတွင် ခံစားရမည့် အကျိုးကို မျှော်မြင် ၍ လှူဖွယ်ဝတ္ထုကို စွန့်လှူသည်ကား 'ဒါန' မည်၏။ မျက်မှောက် ဘဝအကျိုးကိုသာ မျှော်ခေါ်၍ မိမိ၏ လက်အောက်ပုဂ္ဂိုလ်တို့ အား ဆုလာဘ်ပစ္စည်းများကို ပေးစွန့်ကြဲခြင်း စသည်ကား 'ပရိ စ္စာဂ' မည်၏ဟူ၍ ဒါနနှင့် ပရိစ္ဆာဂ အထူးကို ခွဲခြားဖွင့်ကြပေ ၏။
ဒါနဟူသည် -
၁။ အလှူပေးပုဂ္ဂိုလ်
၂ လှူလိုသောစေတနာ
၃။ လှူဖွယ်ဝတ္ထု
၎။ ထင်ရှားရှိနေသော အလှူခံပုဂ္ဂိုလ်
ဤအင်္ဂါလေးပါးရှိမှ ပြည့်စုံ၏။
မိမိပိုင်ပစ္စည်းကို သူတစ်ပါးအား လွှဲအပ်မှုကို ပေးလှူသည်ဟု ခေါ်၍ မိမိပိုင်ပစ္စည်းကို သိမ်းပိုက်လိုခြင်း စိတ်သဘောထားကို ပယ်ရှားလိုက်လျှင် စွန့်သည်ဟုခေါ်၏။ သို့သော် မည်သူမဆို မိမိပစ္စည်းကို သူတစ်ပါးအား ပေးကမ်းရာတွင် စွန့်လွှတ်ခြင်း ပရိစ္စာဂသဘော ရှေးဦးစွာ ဖြစ်စေပြီးမှ ပေးကမ်းခြင်း ဖြစ်သောကြောင့် ကုသိုလ်ကောင်းမှုအရာ၌ ပေးကမ်းခြင်း ဒါနဖြစ်လျှင် စွန့်ကြဲခြင်း ပရိစ္စာဂလည်း ဖြစ်တော့သည်သာ။
No comments:
Post a Comment