မိမိရဲ့ တရားအလုပ်ပေါ်မှာ …
-သဒ္ဓါ ကင်းနေရင် …
ဆားမပါတဲ့ဟင်း စားရသလို
ဖြစ်နေရလိမ့်မယ်။
-ဆန္ဒ ကင်းနေရင်…
ခံတွင်းပျက်တဲ့သူ လက်ဖက်စားသလို
အရသာမတွေ့ဘဲ ရှိလိမ့်မယ်။
-ဝီရိယ မပါရင်…
ထမင်းပွဲရှေ့ချပြီး လက်က ယူမစားသလို
ဖြစ်တော့မယ်။
#ကျင့်တော့…ကျင့်တယ် …
သေချာမသိဘူး…။
#သိသလိုလိုတော့ … ရှိတယ် …
ဘာဆက်ကျင့်ရမှန်းမသိဘူး…။
ဒီလိုဖြစ်နေရင်
"သွားကား…သွား၏"
ခရီးမရောက်သူနှင့် တူနေတယ်။
ရှေ့မဆက်ဘဲ ဘယ်ညာနင်းပြီး
ခုန်ဆွ ခုန်ဆွလုပ်နေသလိုပဲ။
အကျင့်နဲ့အသိ (စရဏနဲ့ဝိဇ္ဇာ) ကို
ဆက်သွယ်ပေးတာ သဒ္ဓါ, ဆန္ဒ, ဝီရိယ ပဲ။
သဒ္ဓါ,ဆန္ဒ,ဝီရိယဆိုတဲ့
အဓိပတိတွန်းအားကြီးတွေကလည်း
ပံ့ပိုးပေးရမယ်။
ဉာဏ်လမ်းခရီး ဓမ္မခရီးသွားတွေက
သတိနဲ့အသိဆိုတဲ့
စရဏနဲ့ဝိဇ္ဇာ တွဲပြီးသွားရမယ်။
ဒါကြောင့် ……
စရဏ, ဝိဇ္ဇာ, သဒ္ဓါ, ဆန္ဒ, ဝီရိယ
အားလုံးပြည့်စုံမှ
ဓမ္မခရီး တွင်တွင်ကြီး ရှေ့ရောက်မယ်။
…………………………………………………
Credit : မူရင်းရေးသားသူ
Credit : မူရင်းရေးသားသူ
No comments:
Post a Comment