Thursday, January 10, 2019

" ဘဝဇာတ်ခုံ "



" ဘဝဇာတ်ခုံ "
•••••••••••
ငိုချင်ပေမယ့်လည်း
ပြုံးပြခဲ့ရတာတွေရှိခဲ့ဖူးတယ် ။

ပြောချင်ပေမယ့်လည်း
နှုတ်ပိတ်ခဲ့ရတာတွေရှိခဲ့ဖူးတယ် ။

နာကျင်ပေမယ့်လည်း
ကြိတ်မှိတ်ပြီးနေရတာတွေလည်းရှိခဲ့ဖူးတယ် ။

စိတ်လျှော့ချင်ပေမယ့်လည်း
အားတင်းပြီးနေရတာတွေလည်းရှိခဲ့ဖူးတယ် ။

အရှုံးပေးချင်ပေမယ့်လည်း
ရည်ရွယ်ချက်တွေအတွက်ကြိုးစားနေရတာတွေရှိခဲ့ဖူးတယ် ။

ပေါက်ကွဲချင်ပေမယ့်လည်း
ရင်ထဲမျိုချလိုက်ရတာတွေလည်းရှိခဲ့ဖူးတယ် ။

ပြောဖို့စကားလုံးတွေရှိနေပေမယ့်လည်း
စာနာထောက်ထားပြီးသည်းခံရတာတွေရှိခဲ့ဖူးတယ် ။

အနိုင်ယူလို့ရပေမယ့်လည်း
အခြေအနေအရ အရှုံးပေးလိုက်ရတာတွေရှိခဲ့ဖူးတယ် ။

ရင်နာပေမယ့်လည်း
ဟန်ဆောင်နေရတာတွေလည်းခဲ့ဖူးတယ် ။

ရင့်ကျက်လာတဲ့လူတစ်ယောက်ဖြစ်ဖို့က
ဘဝဇာတ်ခုံမှာ
ပုံစံအမျိုးမျိုးသရုပ်ဆောင်လာခဲ့ရတာပါ ။

ဒါတွေဟာ
ကျော်ပြီးဖတ်လို့မရသလို
မဖတ်ချင်လို့လည်းမရတဲ့
လောကဓံကပေးလာတဲ့ သင်ခန်းစာတွေပါ ။

ဘဝဆိုတာကလည်း
ကိုယ့်ဘဝကိုတစ်နေ့နဲ့တစ်နေ
ကောင်းလှအောင်
တော်လာအောင်
လှပလာအောင်
မရိုးနိုင်တဲ့Character အမျိုးမျိုးနဲ့
ဖြတ်သန်းကျော်ဖြတ်ရတာပါ ။

ဒါကြောင့်
လဲနေရင် ကိုယ့်ကိုယ်ကိုပြန်ထနိုင်ရမယ်

ငိုင်နေရင် ကိုယ့်ကိုယ်ကိုပြန်တည့်နိုင်ရမယ်

စောင်းနေရင် ကိုယ့်ကိုယ်ကိုပြန်မတ်နိုင်မယ်

ကျနေရင် ကိုယ့်ကိုယ်ကိုပြန်ကောက်နိုင်ရမယ်

ဘဝဆိုတာကိုယ်အရှုံးပေးမှ
ရှုံးတာမဟုတ်လား
ကိုယ့်ကအရှုံးမပေးသရွေ့
ဘယ်တော့မှမရှုံးပါဘူး ။

ခဏတာယာယီဆုံးရှုံမှုတွေကို
ထာဝရဆုံးရှုံးမှုလို့
ဘယ်တော့မှ
မသတ်မှတ်လိုက်ပါနဲ့ ။

ကိုယ့်ဘဝရဲ့ဖန်တီးရှင်
ကိုယ့်ဘဝရဲ့ပဲ့ကိုင်ရှင်ဟာ
ကိုယ်ကိုယ်တိုင်ပါပဲ ။

ဒီတော့
ကိုယ်လိုချင်တဲ့
အောင်မြင်မှု အေးချမ်းမှု စိတ်ချမ်းသာမှု ပျော်ရွှင်မှုတွေဟာ
အဝေးကြီးမှာ
သွားရှာစရာမလိုပါဘူး
ကိုယ့်ရဲ့လက်ထဲမှာဆိုတာ
မမေ့လိုက်ပါနဲ့....။

ကိုယ်ငိုရင်
ကိုယ်ဆင်းရဲမှာပဲ ။

ကိုယ်အားငယ်ရင်
ကိုယ်ကျရှုံးမှာပဲ ။

ကိုယ်အရှုံးပေးရင်
ကိုယ်အောင်မြင်မှုနဲ့ဝေးမှာပဲ ။

ကိုယ်မုန်းရင်
ကိုယ်ပူလောင်မှာပဲ ။

လောကရဲ့
ဘဝဇာတ်ခုံမှာ
ဘယ်လိုCharacterမျိုးပုံစံနဲ့ပဲကျကျ
ကိုယ့်ဘဝကို
အကောင်းဆုံးဖြစ်အောင်
အတော်ဆုံးဖြစ်အောင်
လှပအောင်
သရုပ်ဆောင်နိုင်ဖို့ပါပဲ ။

" သက်ရှည်ကျန်းမာ စိတ်ချမ်းသာ 
လိုရာဆန္ဒတွေပြည့်ဝကြပါစေ "

မျိုးဆက်သစ်အရှင်{ဖိုလေးလုံး)

bwar99.blogspot.com

No comments:

Post a Comment