🔺❝ တရားခေါ်ရာ လိုက်သွားပါ ❞🚩
++++++++++++++++++++
✹ ကိုယ်လုပ်မှ ကိုယ်သိတယ် -
ကိုယ်စားမှ ကိုယ်ဝတယ် -
ကိုယ်သွားမှ ကိုယ်ရောက်တယ် -
ဘုရားပေးတဲ့သတိပဋ္ဌာန်တရားလက်နက်က
ဟင်းရွက်လှီးတဲ့ ကုလားဓားမဟုတ်ဘူး။
✹ ရောဂါအားလုံးနဲ့ -
ကိလေသာအားလုံးကို အမြစ်ပြတ်
အမျိုးသုဉ်းအောင် ခုတ်သင်နိုင်တဲ့ ဓားစကြာကွဲ့ ၊
မယုံမရှိနဲ့ ၊ ဘုန်းကြီးကိုယ်တွေ့ပါပဲ ။
🔚 မိမိဆက်ရှုနိုင်သေးတယ်ဆိုရင်
မတော်လိုက်ပါနဲ့ ၊ ဆက်ရှုပါ ။
🔚တရားကခေါ်နေလျှက်မိမိကမလိုက်သွားရင်
အခါအခွင့်တစ်ခုဆုံး ရှုံးသွားနိုင်တယ်။
🔚 တရားဆိုတာသူခေါ်မှလိုက်သွားလို့ရတာ ၊
သူမခေါ်ရင်ရင်လိုက်သွားလို့မရဘူး ။
🔚 တရားမှတ်တာသဘာဝကျကျ မှတ်ရတယ် ။
► အတင်းလုပ်ယူတာမျိုးမဖြစ်သင့်ဘူး
► မိုးချုပ်သန်းခေါင်ရောက်နေပါစေ ဂရုမစိုက်နဲ့ ၊
► မိုးလင်းသွားလည်းအရေးမကြီးဘူး ၊ ►ထမင်းစားချိန်ရောက်သွားလို့လည်း မတော်နဲ့ ၊
►တရားဆက်မှတ်နိုင်သလောက် လိုက်မှတ်သွားပါ၊
►အဲသလိုတစ်ကြိမ်
လိုက်သွားနိုင်ရင် သိပ်အကျိုးကျေးဇူးများတယ် ။
🚫 တရားအားထုတ်နေတုန်း
မှတ်စိတ်အာရုံမတည်ငြိမ်ပဲ ဟိုဟိုဒီဒီ
စိတ်ရောက်နေရင် စိတ်ပျံ့လွင့်ခြင်းဆိုတဲ့
ဥဒ္ဓစ္စဓားပြအနှောက် အယှက်ပေးနေပြီ ၊
🚫 TV ကြည့်ချင်တယ် ၊
သီချင်းနားထောင်ချင်တယ်မုန့်စားချင်တယ်
ဖြစ်လာရင် ကာမဂုဏ်အာရုံကိုလိုချင်တဲ့
ကာမစ္ဆန္ဒဓားပြတိုက်နေပြီလို့သိပါ ၊
🚫 ညောင်းညာကိုက်ခဲလို့
စိတ်ညစ်လာတဲ့အခါ အမျက်ဒေါသဆိုတဲ့
ဗျာပါဒ ဓားပြတိုက်နေပြီလို့ သိပါ ၊
တစ်ခါပျင်းရိငိုက်မျည်းလာပြီဆိုလျှင်
ထိနမိဒ္ဓဓားပြတိုက်နေပြီ ။
🚫 ဝိပဿ နာရှုမှတ်လို့
စိုးရိမ်ပူဆွေးမှုတွေကို လွန်မြောက်ပြီး နိဗ္ဗာန်
ချမ်းသာကိုရနိုင်မယ်ဆိုတာ ဟုတ်နိုင်ပါ့မလားလို့
သံသယဖြစ်လါရင် •••
ဝီစိကိစ္ဆာဓားပြတိုက်နေပြီလို့ မှတ်ပေတော့ •••
✹ ရဲစွမ်းသတ္တိရှိတဲ့ယောက်ျားဟာ
နှောက်ယှက်လာတဲ့ ဓားပြတစ်ဦးဆီကို
ခုခံတွန်းလှန်ပြီးတော့ ခရီးရောက်အောင်
ခရီးဆက်သလို နီဝရဏဓားပြတို့ကို
ခုခံတွန်းလှန်ပြီးတော့ ဝိပဿ နာအလုပ်ကို
အားကြိုးမာန်တက်လုပ်ဆောင်ရမယ် ။
✹ သင်္ဘောတွေဟာ -
ဒီလှိုင်းများရိုက်ပုတ်တာကို ထီမထင်ပဲ
မိမိတို့သွားလိုတဲ့ အရပ်သို့ တည့်တည့်မတ်မတ်
သွားကြသလို မဂ္ဂင်ဖောင်ကိုလှော်နေတဲ့
ယောဂီတို့ဟာလည်း •••
နီဝရဏဒဏ်ကိုအလေးမပြုပဲ
လိုရာပန်းတိုင်ခရီးရောက်အောင် ဇွဲရှိရှိနဲ့
တွန်းကန်လှော်ခတ်နိုင်နိုင်ရမယ် ။
【တော်ကူးဆရာတော် ဘုရားကြီး】
❁ အပ္ပမာဒေန သမ္မာဒေထ ❁
✦ရွှင်လန်း✦အေးချမ်း✦ပါစေ✦
No comments:
Post a Comment