Thursday, January 10, 2019

🔺❝ စိတ်ကို ယဉ်ကျေးအောင် ဆုံးမခြင်း ❞🚩


❝ စိတ်ကို ယဉ်ကျေးအောင် ဆုံးမခြင်း ❞🚩
========================
❂ စိတ်ကိုယဉ်ကျေးအောင်ဆုံးမရာတွင်
ထမင်းချက်သလိုပင် လုပ်ရ၏။
✧ စိတ်က ဆန် -
✧ သဒ္ဓါက အိုး -
✧ သမာဓိက ရေ -
✧ ဝီရိယက မီး -
✧ သတိက ယောက်မ -
✧ ပညာက ထမင်းချက်သူ -
✧ ဒါန သီလ ဘာဝနာက ဖိုခနောင့် သုံးလုံး။
 ထမင်းနပ်မှ အာဟာရဖြစ်သလို
 စိတ်ယဉ်ကျေးမှ ချမ်းသာ၏။
❂ ထို့ကြောင့် -
ဆန်နှင့်တူသောစိတ်ကို သဒ္ဓါ အိုး၌ ထည့်ရ၏။
ထို့နောက် ရေနှင့်တူသောသမာဓိကို အလောတော်ထည့်
ဒါန သီလ ဘာဝနာတည်းဟူသော
ဖိုခနောင့် သုံးလုံးပေါ်တင်ရ၏။
မီးနှင့်တူသော ဝီရိယကို ရေနှင့်လိုက်ဖက်အောင်ထိုးကာ
ယောက်မနှင့်တူသော သတိဖြင့် အမြဲမပြတ်မွှေရ၏။
❂ ချက်သူနှင့်တူသောပညာက
ထမင်းနပ်မနပ်ကြည့်ရ၏။
🎌 နပ်သောထမင်းသည် အာဟာရကိုဖြစ်စေနိုင်သလို
🎌ယဉ်ကျေးသောစိတ်သည် သာချမ်းသာကို ဖြစ်စေနိုင်သည်။
❂ စိတ်ကိုယဉ်ကျေးအောင် ဆောင်ရွက်ရာတွင်
🔚ဣနြေ္ဒ ငါးပါးကို ညီညွတ်စေလျက်
🔚သဒ္ဓါနှင့်ပညာက တစ်တွဲ ၊
🔚ဝီရိယနှင့် သမာဓိက တစ်တွဲ၊
🔚သတိကမူ အားလုံး၏ အပေါ် ၌ရှိ၏။
☉သတိဟူသည် ပိုသည်မရှိ လိုသည်သာ ဖြစ်၏။
☉သဒ္ဓါနှင့်ပညာကား အပိုအလို ရှိတတ်၏။
☉ထို့ကြောင့် အပိုအလိုမရှိမျှအောင်ဆောင်ရွက်မှသာ စိတ်သည်ယဉ်ကျေးမည်ဖြစ်၏။
【စူဠပန်မထေရ်ဝတ္ထု ၊ ဓမ္မပဒ ၊ အပ္ပမာဒဝဂ်】
❁ အပ္ပမာဒေန သမ္မာဒေထ 
❀ရွှင်လန်း❀ချမ်းမြေ့❀ပါစေ❀
Credit........

No comments:

Post a Comment