🌺 စိတ်လှဖို့သာ__အဓိကပါ 🌺
လူတစ်ယောက်ရဲ့
အရည်အချင်းကို ကြည့်လိုက
ရုပ်လှတာ ၊ အရုပ်ဆိုးတာကို အကဲမခတ်နဲ့။
သူ့ရဲ့စိတ်ဟာ
ယဉ်ကျေးသိမ်မွေ့ပြီး သံသရာအတွက်
ဘယ်အလုပ်တွေ လုပ်ထားပြီလဲ။
လောကသူ၊ လောကသားများအတွက်
ကိုယ်ကျိုးမဖက် အများပြည်သူကောင်းကျိုးတွေ ဆောင်ရွက်ထားပြီလား။
မိမိ၏ စိတ်ကိုကော
တရားအသိတို့ဖြင့် ယဉ်ကျေးအောင်
ဆုံးမထားပြီလား။
လောကီအကျိုး၊ လောကုတ္တရာအကျိုးတွေကို ဆောင်ရွက်ခွင့်ရထားပြီလား။
ကိုယ်စိတ်,ကိုယ်စစ်
သူတစ်ပါးကို မစစ်နဲ့။
ရုပ်ဆိုး၊ ရုပ်လှ မကြည့်နဲ့။
စိတ်နှလုံးသား လှပနေသူဟာ
အတ္တပရမှန်သမျှ အကုန်လုပ်တော့တာပဲ။
တစ်ဘဝတစ်နပ်စာကို မကြည့်တော့ဘူး။
သံသရာ တလျှောက်လုံးအတွက်
ကြိုတင် ပြင်ဆင်တော့မယ်။
ဘာကြောင့် ဆိုသော်
ငါသေရင် ဒီပစ္စည်းတွေကို
ငါဘာတစ်ခုမှယူမသွားနိုင်ဘူး
အကုသိုလ်ဖြစ်မဲ့ အလုပ်တွေ
ဝေးဝေးရှောင်ကြဉ်ပြီး ကုသိုလ်ဖြစ် အလုပ်တွေ ရွေးချယ်ပြုလုပ်နေသူဟာ …
ရုပ်လှလှ,မလှလှ အဓိကမဟုတ်ဘဲ
စိတ်လှဖို့သာ လိုရင်းသာတည်း။🌺
Credit ;မူရင်း
No comments:
Post a Comment