❆ မိဘရဲ့ကျေးဇူးကိုမှ မသိတတ်တဲ့သူဟာ
❆ အခြားလူရဲ့ကျေးဇူးကို
❆ သိတတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး
💫💫💫💫💫💫💫💫💫💫💫💫💫💫💫
❆ အခြားလူရဲ့ကျေးဇူးကို
❆ သိတတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး
💫💫💫💫💫💫💫💫💫💫💫💫💫💫💫
❀ လူ့လောကမှာ ...
လူယဉ်ကျေးမှု ဒီလောက်တိုးတက်လာတာ
ဘာကြောင့်လဲဆိုတော့ မိဘက သားသမီးကို
စိတ်ပါလက်ပါ နေ့စဉ် ( နေ့စဉ်နော်) ဒီလူ့လောကနဲ့ ပတ်သက်တဲ့အကြောင်း ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့
အကြောင်း၊ ဘာသာတရားနဲ့ ပတ်သက်တဲ့အကြောင်း
တွေကို သင်ကြားပေးခဲ့လို့။
လူယဉ်ကျေးမှု ဒီလောက်တိုးတက်လာတာ
ဘာကြောင့်လဲဆိုတော့ မိဘက သားသမီးကို
စိတ်ပါလက်ပါ နေ့စဉ် ( နေ့စဉ်နော်) ဒီလူ့လောကနဲ့ ပတ်သက်တဲ့အကြောင်း ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့
အကြောင်း၊ ဘာသာတရားနဲ့ ပတ်သက်တဲ့အကြောင်း
တွေကို သင်ကြားပေးခဲ့လို့။
❀ ယဉ်ကျေးမှုနဲ့ပတ်သက်တာ၊ ဘာသာတရားနဲ့
ပတ်သက်တာဟာ အပြင်လောကမှာ စာသင်
ကျောင်းမှာ သင်လို့ မရဘူး။ ဘယ်ခေတ် ဘယ်
အခါတုန်းကမှ တကယ်မရခဲ့ဘူး။
မိဘက သင်မှ တကယ်ရတာ။
အဲဒီတော့ …
လူ့ယဉ်ကျေးမှု ဖြစ်လာတာကိုက ဘာကြောင့်
လဲဆိုတော့ မိဘကြောင့်လို့ ပြောရမယ်။
ပတ်သက်တာဟာ အပြင်လောကမှာ စာသင်
ကျောင်းမှာ သင်လို့ မရဘူး။ ဘယ်ခေတ် ဘယ်
အခါတုန်းကမှ တကယ်မရခဲ့ဘူး။
မိဘက သင်မှ တကယ်ရတာ။
အဲဒီတော့ …
လူ့ယဉ်ကျေးမှု ဖြစ်လာတာကိုက ဘာကြောင့်
လဲဆိုတော့ မိဘကြောင့်လို့ ပြောရမယ်။
❀ အကယ်၍ မိဘတွေဟာ ကလေးတွေ
သူ့ဟာသူသွားနိုင်လာနိုင်တဲ့ အရွယ်က
စပြီးတော့ သွားကြ၊ မင်းတို့ဘာသာ
မင်းတို့ ရှာစားကြဆိုပြီး လွှတ်လိုက်ရင်
လူ့လောကကြီး ဒီလောက်ထိ တိုးတက်လာ
မလား။
ဘယ်လိုနည်းနဲ့မှ မတိုးတက်နိုင်ဘူးနော်။
ကိုယ့်ဟာကိုယ် ရှာစားဆိုရင် မြန်မြန်သေမှာပဲ။
ဒီလောက်တောင် အသက်ရှည်မှာ မဟုတ်ဘူး။
သူ့ဟာသူသွားနိုင်လာနိုင်တဲ့ အရွယ်က
စပြီးတော့ သွားကြ၊ မင်းတို့ဘာသာ
မင်းတို့ ရှာစားကြဆိုပြီး လွှတ်လိုက်ရင်
လူ့လောကကြီး ဒီလောက်ထိ တိုးတက်လာ
မလား။
ဘယ်လိုနည်းနဲ့မှ မတိုးတက်နိုင်ဘူးနော်။
ကိုယ့်ဟာကိုယ် ရှာစားဆိုရင် မြန်မြန်သေမှာပဲ။
ဒီလောက်တောင် အသက်ရှည်မှာ မဟုတ်ဘူး။
❀ အခုလူသားတွေဟာ ဒီလောက်ထိအောင်
အသက်ရှည်လာတာ ဒီလောက်ထိအောင်
ပညာတွေ ဗဟုသုတတွေ တိုးတက်လာတာ၊
ဒီလောက်ထိအောင် ယဉ်ကျေးမှုအဆင့်အတန်း
တွေ မြင့်လာတာ၊ ဒီလောက်ထိအောင်
သိပ္ပံပညာတွေ အဆင့်အတန်းမြင့်လာတာ၊
အဲဒါ ဘာကြောင့်လဲဆိုတော့ မိဘက သားသမီး
ကို နှစ်ရှည်၊ ရေရှည်အကန့်အသတ်မရှိ ငွေကြေး
ရော လူအားရော စိတ်ဓာတ်အင်အားရော၊
မေတ္တာဂရုဏာတွေရော အကုန်လုံးပေးပြီးတော့
ပြုစုခဲ့လို့ပါ။
အသက်ရှည်လာတာ ဒီလောက်ထိအောင်
ပညာတွေ ဗဟုသုတတွေ တိုးတက်လာတာ၊
ဒီလောက်ထိအောင် ယဉ်ကျေးမှုအဆင့်အတန်း
တွေ မြင့်လာတာ၊ ဒီလောက်ထိအောင်
သိပ္ပံပညာတွေ အဆင့်အတန်းမြင့်လာတာ၊
အဲဒါ ဘာကြောင့်လဲဆိုတော့ မိဘက သားသမီး
ကို နှစ်ရှည်၊ ရေရှည်အကန့်အသတ်မရှိ ငွေကြေး
ရော လူအားရော စိတ်ဓာတ်အင်အားရော၊
မေတ္တာဂရုဏာတွေရော အကုန်လုံးပေးပြီးတော့
ပြုစုခဲ့လို့ပါ။
❀ ဒါကြောင့်…
လူ့လောကကြီး ဒီလောက်တိုးတက်လာတာ
ဘယ်သူ့ကျေးဇူးလဲဆိုတော့ မိဘကျေးဇူးနော်။
အဲဒါကြောင့် မိဘကျေးဇူးကို သိတတ်ဖို့
အင်မတန် အရေးကြီးပါတယ်။
မိဘရဲ့ကျေးဇူးကိုမှ မသိတတ်တဲ့သူဟာ
အခြားလူရဲ့ကျေးဇူးကို သိတတ်ဖို့ဆိုတာ
မဖြစ်နိုင်ပါဘူး။
•••••••••••••••••••••••°°°°°•••••••°°
#ဆရာတော်ဦးဇောတိက ( မဟာမြိုင်တောရ )
လူ့လောကကြီး ဒီလောက်တိုးတက်လာတာ
ဘယ်သူ့ကျေးဇူးလဲဆိုတော့ မိဘကျေးဇူးနော်။
အဲဒါကြောင့် မိဘကျေးဇူးကို သိတတ်ဖို့
အင်မတန် အရေးကြီးပါတယ်။
မိဘရဲ့ကျေးဇူးကိုမှ မသိတတ်တဲ့သူဟာ
အခြားလူရဲ့ကျေးဇူးကို သိတတ်ဖို့ဆိုတာ
မဖြစ်နိုင်ပါဘူး။
•••••••••••••••••••••••°°°°°•••••••°°
#ဆရာတော်ဦးဇောတိက ( မဟာမြိုင်တောရ )
[ ဆရာတော်ဟောကြားသော " မင်္ဂလာတရားတော် "
စာအုပ်မှ ကောက်နုတ်ထားခြင်းဖြစ်ပါ၍ အကျယ်အား
အဆိုပါတရားတော်တွင် ဖတ်ရှုနိုင်ပါသည်။ ]
စာအုပ်မှ ကောက်နုတ်ထားခြင်းဖြစ်ပါ၍ အကျယ်အား
အဆိုပါတရားတော်တွင် ဖတ်ရှုနိုင်ပါသည်။ ]
🙏🙏🙏ပြန်လည်မျှ ဝေပူဇော်ပါသည်🙏🙏🙏
No comments:
Post a Comment