Monday, January 21, 2019

စိတ်ချင်းကွာမှ လူချင်းဝေးတာပါ


စိတ်ချင်းကွာမှ လူချင်းဝေးတာပါ


လူချင်းဝေးကွာပေမယ့်
စိတ်ဓာတ်ချင်း မကွာဝေးရင်
လူချင်းလည်း မဝေးကွာပါဘူး။
`ကွာဝေး` တယ်ဆိုတဲ့အတိုင်း
`ကွာ` မှ `ဝေး` မှာပါ။
မကွာရင် မဝေးပါဘူး။
လူချင်း ဘယ်လောက်ဝေးဝေး၊
စိတ်ဓာတ်ချင်း မကွာရင်၊ လုပ်ရပ်ချင်း မကွာရင်၊
အကျင့်စရိုက်ချင်း မကွာရင် ….
လူချင်းလည်း မဝေးပါဘူး။
လူချင်း ဘယ်လောက်နီးနီး၊
စိတ်ဓာတ်ချင်း ကွာ၊ လုပ်ရပ်ချင်း ကွာ၊
အကျင့်စရိုက်ချင်း ကွာ၊ နေထိုင်မှု ပုံစံချင်းကွာရင်
လူချင်းလည်း ဝေးနေတာပါပဲ။

ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
(စံတော်ချိန် သတင်းစာ)

bwar99.blogspot.com

No comments:

Post a Comment