Tuesday, January 22, 2019

အကြင်​နာ​တွေ ပို​ပေးပါ


အကြင်​နာ​တွေ ပို​ပေးပါ
_____________________________
(မဖတ်​ပဲ ​ကျော်​မသွားပါနဲ့)
မိဘနှစ်ပါး အိုလာချိန်မှာ
စေတနာတွေ ယခင်ကထက်ပိုပေးပါ။
မိဘနှစ်ပါး အိုလာချိန်မှာ
အပြုစုတွေ ယခင်ကထက်ပိုပေးပါ။
မိဘနှစ်ပါး အိုလာချိန်မှာ
မေတ္တာတွေ ယခင်ကထက်ပိုပေးပါ။
မိဘနှစ်ပါး အိုလာချိန်မှာ
ယုယမှုတွေ ယခင်ကထက်ပိုပေးပါ။
မိဘနှစ်ပါး အိုလာချိန်မှာ
ကြင်နာမှုတွေ ယခင်ကထက်ပိုပေးပါ။
မိဘကို စိတ်ချမ်းသာအောင်
ထားတဲ့သားသမီးတိုင်း စိတ်သာချပါ။
သင်တို့ အားလုံးလည်း
စိတ်ချမ်းသာရပါလိမ့်မယ်
တန်ပြန်သက်ရောက်မှုဆိုတာ
နေရာတိုင်းမှာ ရှိပါတယ်။
အပြစ်မရှိ
အပြစ်ရှာနေတယ်ဆိုပြီးလည်း
မိဘတွေကို မငြူစူလိုက်ပါနဲ့
ကောင်းစေချင်လွန်းတဲ့ စိတ်နဲ့
ဆုံးမလိုက်တဲ့ စကားလုံးတိုင်းဟာ
အဖိုးအနဂ္ဃ ထိုက်တန်လွန်းပါတယ်။
အချစ်များထဲမှာတော့
မိခင်ဖခင်တို့ရဲ့အချစ်သည်သာ
အကောင်းဆုံးနဲ့ အမွန်မြတ်ဆုံးပါနော်။
အတုမရှိတဲ့ နှလုံးသား
အမုန်းမရှိတဲ့ ချစ်ခြင်းတွေနဲ့
အပြုံးမပျက်ပဲ နွေးထွေးတဲ့မေတ္တာ
အစဉ်မြဲပေးနိုင်တာ...
မိဘနှစ်ပါးပဲရယ်ပါ။
အတုအပမရှိပဲ မေတ္တာစစ်
မေတ္တာမှန်တွေနဲ့ ယုယုယယ
ချစ်ပြနိုင်တာဆိုလို့ အဖေနဲ့အမေပဲ ရှိပါတယ်။
ဒါ​ကြောင့်​မို့ ...
တစ်ချိန်က အားကိုးတကြီး
ဆုပ်ကိုင်ခဲ့တဲ့ လက်အစုံဟာ
နောင်တစ်ချိန်မှာ ထားသွားပြီး
ပုပ်ချမဲ့ လက်အစုံမဖြစ်ပါစေနဲ့
အချိန်တန်လို့ ခွဲခွာရတဲ့အခါ
မိဘနှစ်ပါးပဲ အိမ်မှာ
အထီးကျန် သိမ်ငယ်နေကြရတာ
အားကိုးစရာ မဲ့နေကြရတာ
သိပ်ပြီး ဝမ်းနည်းစရာကောင်းပါတယ်။
မာတာ ပိတုဂုဏော အနန္တော တဲ့
မိဘနှစ်ပါးရဲ့ဂုဏ်တွေဟာ အများသားပါ
ဒါကြောင့် အထူးမိဘတွေကနေ
အထီးကျန်တဲ့မိဘတွေ
မဖြစ်ပါစေနဲ့လို့ ဆန္ဒပြုရင်း
_____________________________
Credit : ဇာတိချစ်သူ အရှင်
https://www.facebook.com/soewin.kyaw.733076
စိုးဝင်း​ကျော် (ယိုးဆနွင်း​မြေ)

No comments:

Post a Comment