Monday, January 21, 2019

အချိန်မနှောင်းခင် သိစေချင်


အချိန်မနှောင်းခင် သိစေချင်
===================

ဓမ္မမိတ်ဆွေများကို အခုလူ့အဖြစ် လူ့ဘဝကို
ပို့လိုက်တာ တရားကပို့လိုက်တာဖြစ်တယ်။
သေတဲ့အခါရောက်ရင်လည်း တရားပို့တဲ့ဆီ
သွားကြရမှာဖြစ်တယ်။ ဒီတော့ ကိုယ်ရောက်
ချင်တဲ့ဆီကို ရောက်နို်င်သည့် တရားကိုရွေးရမယ်။

ရွေးချယ်ကျင့်သုံးရမည့်တရားက ၅မျိုးရှိတယ်။
"အကုသိုလ်တရား၊ ဒါနကုသိုလ်တရား၊သီလကု
သိုလ်တရား၊သမထကုသိုလ်တရား၊ဝိပဿနာကု
သိုလ်တရား"များဖြစ်ကြတယ်။ ထိုတရား ၅မျိုးမှာ
ဆိုင်ရာဆိုင်ရာ အစွမ်းသတ္တိတွေရှိကြတယ်။

အကုသိုလ်တရားက ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကယ်ဆိုတဲ့ အပါယ်လေးပါး တစ်ပါးပါးကို ပို့ပေးတယ်။
ဤအပါယ်လေးပါးကိုလည်း ဓမ္မမိတ်ဆွေများရောက်ချင်ကြမှာ မဟုတ်ကြဘူး။ ဒါကြောင့် အကုသိုလ်
တရားရဲ့ အာဏာစက်အောက်မှာမနေကြနဲ့။ နေမိရင်
တော့ ဓမ္မမိတ်ဆွေများကို သူက အပါယ်လေးပါးကို
သာ ပို့လိုက်မှာနော်၊ ဒါကြောင့် အကုသိုလ်တရားကို
ရှောင်ကြဉ်ကြရမယ်။

ဒါနကုသိုလ်က ဓမ္မမိတ်ဆွေများကို လူ့ပြည်နဲ့နတ်
ပြည်ကို ပို့ပေးနိုင်စွမ်းရှိတယ်။ လူ့ဘဝ၊နတ်ဘဝဆို
တာ ကာမဂုဏ်ချမ်းသာကို ခံစားလိုသူများအတွက်
ကတော့ ဟန်ကျတဲ့ဘုံဘဝတွေဖြစ်တယ်။ ဘယ်လို
ပဲ ကာမဂုဏ်ချမ်းသာတွေ ခံစားနေစေကာမှု နောက်
ဆုံးမှာ ဘိုဘေး နာဘေး သေဘေးတို့မှ မလွတ်ကြဘူး။ ဒါကြောင့် ဒါနကုသိုလ်တရားသည် လူချမ်းသာ
နတ်ချမ်းသာကို ခံစားလိုသူများအတွက် ရွေးချယ်
ကျင့်သုံးရမည့်တရားဖြစ်တယ်။

သီလကုသိုလ်တရားဟာလည်း နတ်ပြည်ကစပြီး အကနိဋ္ဌဗြဟ္မာ့ဘုံထိအောင်ပို့ပေးတယ် ဓမ္မမိတ်ဆွေ
များကို။ ဘယ်ဘုံ ဘယ်ဘဝချမ်းသာပို့ပို့ အိုဘေး
နာဘေး သေဘေးတွေ ရှိနေတယ်။

သမထကုသိုလ်တရား ကတော့ ဗြဟ္မာ့ပြည် ၂၀ လုံး
ကိုပို့ပေးမယ်။ ဗြဟ္မာ့ဘုံတွေမှာ သက်တမ်းကရှည်
လွန်းတော့ သက်ဆိုးရှည်နေတာပဲလေ။ ခန္ဓာ့ဝန်ထမ်း
ပြီး အိုဘေး နာဘေး သေဘေးတွေနဲ့ အတူတူနေကြ
ရတာဖြစ်လို့ ဒီသမထကုသိုလ်တရားပို့တဲ့ဆီကိုလည်း
မရွေးသင့်ဘူး။

အခုဖော်ပြခဲ့သည့်"အကုသိုလ်တရား၊ဒါနကုသိုလ်
တရား၊သီလကုသိုလ်တရား၊သမထကုသိုလ်တရား"
များ ပို့တဲ့ဆီကို ဓမ္မမိတ်ဆွေများ မသွားသင့်ဘူး။
ဘာလို့လဲ-ဇာတိဆင်းရဲ၊ဇရာဆင်းရဲ၊ဗျာဓိဆင်းရဲ၊
မရဏဆင်းရဲ၊ ချစ်သူနဲ့ကွေကွင်းရသည့်ဆင်းရဲ၊မုန်း
သူနဲ့ယှဉ်တွဲရသည့်ဆင်းရဲ၊ လိုတာမရ ရတာမလို
သည့်ဆင်းရဲ၊ စိုးရိမ်ရသည့်ဆင်းရဲ၊ ငိုကြွေးရသည့်
ဆင်းရဲ၊ ကိုယ်ဆင်းရဲ၊စိတ်ဆင်းရဲစသည့် ဆင်းများ
စွာ ရှိနေသောကြောင့်ဖြစ်တယ်။

ဓမ္မမိတ်ဆွေများ အားကိုးရမည့် ရွေးချယ်ကျင့်
သုံးရမည့် တရားကတော့ ဝိပဿနာကုသိုလ်တရား
သာဖြစ်တယ်။ ဘာလို့လဲ-"ဒါန၊သီလ၊သမထ"ကု
သိုလ်တရားများသည် ဘုရားမပွင့်ရာ သာသနာပ
ကာလမှလည်းရှိပါတယ်။ အခုသာသနာတွင်းကာ
လမှာ ဤဝိပဿနာကုသိုလ်ကိုမှ ကျင့်ကြံအားထုတ်
မှုမရှိလျှင် မိမိတို့အတွက် သာသနာအတွင်းမှာ လူ
ဖြစ်ရတာ အချည်းနှီးသာဖြစ်ပါလိမ့်မယ်။ သာသနာ
ပကာလမှ လူသားတွေနဲ့ ဘာမှထူးခြားမှာမဟုတ်ပါ
ဘူး။ သာသနာနဲ့ ကြုံရ ဆုံရကျိုးမနပ်ဘူးပေါ့။ သာသနာတွင်း လူဖြစ်ရကျိုးမနပ်ဘူးပေါ့။

တစ်ဆင့်မြင့်ပြောမယ်။ဘုရားမြတ်စွာပွင့်တော်
မူရခြင်းဟာ သတ္တဝါတို့ကို ၃၁ဘုံဆိုတဲ့ သံသရာ
ဝဋ်ဆင်းရဲမှ လွတ်မြောက်စေလိုခြင်းငှါဖြစ်တယ်။
ဝဋ်တွင်းချမ်သာ-၃၁ဘုံချမ်းသာအတွက် ဘုရားမြတ်
စွာပွင့်တော်မူလာရခြင်းမဟုတ်။ သတ္တဝါတို့၏ ဝဋ်
ကင်းချမ်းသာ-နိဗ္ဗာန်ချမ်းသာအလို့ငှါ လောက၌
ဘုရားပွင့်တော်မူလာရခြင်းဖြစ်တယ်။

ဝဋ်တွင်းချမ်းသာဆိုတာဘာလဲဆိုရင် ၃၁ဘုံတည်း
ဟူသော ဘဝချမ်းသာ။တနည်း-အို နာ သေမလွတ်
သည့်ချမ်းသာဖြစ်တယ်။ ဝဋ်ကင်းချမ်းသာဆိုသည်
မှာက ၃၁ဘုံတည်းဟူသော ဘဝချမ်းသာထက် ပို
လွန်သည့်ချမ်းသာဖြစ်တယ်။-တနည်း-အိုခြင်း နာ
ခြင်း၊သေခြင်းစသည့်ဆင်းရဲများကင်းရာ နိဗ္ဗာန်
ချမ်းသာဖြစ်တယ်။ ထိုနိဗ္ဗာန်ချမ်းသာကို ရရှိမှ ချမ်း
သာအစစ် ချမ်းသာအမှန်ကို ရရှိတာဖြစ်တယ်။
ထိုနိဗ္ဗာန်ချမ်းသာကို ရဖို့ ရောက်ဖို့အတွက် ဓမ္မမိတ်
ဆွေများ "ဝိပဿနာကုသိုလ်"အကျင့်ကို ကျင့်မှသာ
ရရှိ ရောက်ရှိနိုင်မှာဖြစ်တယ်-လို့ ပြောရင် ဤဓမ္မ
စာစုကို အဆုံးသတ်လိုက်ပါတယ်။ ။

ဓမ္မစာပေများ နှင့် ဗဟုသုတများ တိုးပွားရာ

No comments:

Post a Comment