Tuesday, January 1, 2019

ကြည်ညိုတတ်ရင် ကြည်ညိုစရာ


ကြည်ညိုတတ်ရင် ကြည်ညိုစရာ
* * * *
ရှင်ရဟန်းဘဝဆိုတာ
မိဘရှိပေမဲ့
မိဘရဲ့ အဝေးမှာ
နေရတဲ့အချိန်တွေ များတယ်။
ဆွေမျိုး ရှိပေမဲ့
ဆွေမျိုးရဲ့ နွေးထွေးမှု
မခံစားရဘူး။
အကောင်းဆုံး ဖြစ်အောင်နေပေမဲ့
မကောင်းမြင်သမားတွေရဲ့
ကဲ့ရဲ့ဒါဏ်တွေ
ရင်စီးခံရတယ်။
ကိုယ်ကျင့်သီလကို တန်ဘိုးထားတယ်
ဒါ့ကြောင့်
ဒီဒုက္ခတွေကို ရင်ဆိုင်ရဲတာ။
စိတ်ထားကောင်းတွေကို ပိုင်ဆိုင်ချင်တယ်
ဒါ့ကြောင့်
မိဘမေတ္တာကို မမက်တာ။
နက်နဲတဲ့ပညာတွေကို လိုချင်တယ်
ဒါ့ကြောင့်
ဆွေမျိုးတွေရဲ့ နွေးထွေးမှုကို ပစ်ခွါနိုင်တာ။
သာသနာရဲ့ အနှစ်
အဲဒီ ၃မျိုးကို ချစ်လို့
အလုပ်နဲ့မတန်တဲ့ ကဲ့ရဲ့ဒဏ်
ရင်ထဲထိ မခံစားရပဲ
နားပေါ်က လျှံတက်သွားတာ။
မိုးရေတွေကြားမှာဖြစ်ဖြစ်
နေပူအောက်မှာပဲ နေနေ
ဆောင်းလေပဲ တိုက်တိုက်
အတက်လမ်း ဆက်လိုက်နိုင်တာ
ကျုပ်တို့ သာသနာကို ချစ်လို့။
လောကီချမ်းသာကို အထင်ကြီးပြီး
လောကုတ္တရာတန်ဖိုး နားမလည်တဲ့
ခင်များတို့ အနေနဲ့
ဒါတွေ သိနိုင်မှာ မဟုတ်ပါဘူး
ကိုယ့်ဥာဏ်မှ မမှီတာကိုး။
ဒေါက်တာ သီဟဥာဏာဘိဝံသ

No comments:

Post a Comment