သားသမီးကိုငရဲပေးတဲ့ မိဘဆိုတာတကယ်ရှိပါသလား
ရှိပါတယ် . .
1။`အပြစ်တင်လွန်းတဲ့မိဘ´
ဘာလုပ်လုပ်အပြစ်တင်နေတတ်တာ . .
တစ်နည်းဆိုရရင် လောဘကြီးမိကြတာပါ...
အသုံးမကျ ဘူးဆိုတဲ့ ဘောင်ထဲသွတ်သွင်းတာသားသမီးက တကယ်အသုံးမကျ တာဖြစ်ချင်ဖြစ်မယ်
ဒါပေမဲ့အသုံးမကျတာ
ကိုပဲ ဖောက်မြင်နေတတ်တာ . . .
ဒါကိုကြားရဖန်များလာတဲ့အခါ ဒေါသကမိဘကိုပြန်ခံပြောတတ်ဖို့ စတင်လာတယ်...
2 ။`ဘက်လိုက်တာ´
သားသမီးချင်းတူတု
ငါ့သမီးလေး …ငါ့သားလေး
ဘက်လိုက်ဆက်ဆံတတ်တာ...
ဘက်လိုက်တတ်တဲ့
မိဘတွေရဲ့ သားသမီးတွေဟာ
မစည်းလုံးကြတာများတယ်
မိဘကသွေးခွဲထားလို့ပါ
"နင်ကညံ့တယ် နင်ကတော်တယ်"ဆိုပြီးကွာလတီခွဲလိုက်တဲ့ ကုန်ပစ္စည်းတွေဟာ
ဘယ်တော့မှဈေးနှုန်းညှိမရကြတော့ဘူး...
ဘက်လိုက်မှုက မလေးစားမှုကို
အစပျိုးပါတယ်
အချင်းချင်း
မနာလိုစိတ်ကနေ အမုန်းတရားပွားများလာတယ်
ကလေးဘဝကတည်းက
အရိုးစွဲတဲ့ အမုန်းတရားက
ဘယ်တော့မှဖျောက်မရတော့ဘူး.
မိဘတွေသာမရှိကြတော့ရင် ဒီမောင်နှမတွေဟာပက်သက်စရာလုံးဝကိုမရှိတော့တဲ့လူတွေဖြစ်နေကြပါလိမ့်မယ်..
3 ။`ဆဲဆိုလွန်းတာ´
နေ့စဉ်အဆဲခံရတဲ့လူဟာ
မခံချင်စိတ်ကြောင့်ဒေါသများမယ်
ပြန်ပြောမိရင်တော့ မိဘကိုခံပြောသလိုဖြစ်တယ်
ငရဲကြီးမယ်
ဒုက္ခရောက်မှအေးမယ်
ခွေးဖြစ်မှာဆိုတဲ့ကျိန်စာဆန်ဆန်
စကားတွေဟာအရမ်းဆိုးပါတယ်
ကောင်းကောင်းမွန်မွန်ပြောပြီးခိုင်းလို့ရနိုင်ပေမဲ့ ဆဲရေးပြီးမှလုပ်မယ်
ထင်တဲ့အတွေးနဲ့ခိုင်းတာဟာ
ဆိုးဝါးလွန်းပါတယ်
4 ။`သားသမီးအိမ်ထောင်ရေးကိုစွက်ဖက်တာ´
"နင့် ယောက်ကျားကဘယ်လို "
"နင်ယူထားတဲ့ မိန်းမကဘယ်လို "ဆိုတာမျိုးမပြောသင့်ပါဘူး …
သားသမီးရဲ့ ရွေးချယ်မှုကိုလဲလေးစားရပါမယ်
သူတောင် သူ့ဘဝကိုသူနေတတ်လို့နေနေတာပါ
သားသမီးက
သူ့အိမ်ထောင်နဲ့ပက်သက်ပြီးကူညီပါလို့မပြောမချင်း ဝင်ပါစရာမလိုတာပါ..
ငါ့သမီးမှန်တယ် ငါ့သားမှန်တယ် ဆိုတဲ့ အယူအဆဟာမှားပါတယ်.
ကိုယ့်သားသမီးအကြောင်းသိတယ်ဆိုတာကလေးဘဝမှာပဲဖြစ်ပါလိမ့်မယ်...
ကလေးဘဝမှာသာမိဘနဲ့တစ်နေကုန်ရှိနေလို့သူတို့
အကျင့်လေးတွေသိနေကြရတာ...
သူတို့်အရွယ်ရောက်တဲ့အခါ မိဘနဲ့နေချိန်နည်းလေ မိဘကသားသမီးစိတ်ကိုမသိရလေဆိုတာကို
သတိထားသင့်ပါတယ်...
သားသမီးဆိုတာ
မိဘကိုအစစအရာရာပြောပြချင်တဲ့အရွယ်ဆိုတာ အသက်လေးငါးဆယ်နှစ်အရွယ်မှာပဲရှိတယ်...
ဒါကိုကလေးလိုပဲ အကုန်သိချင်
အကုန်ဖြေရှင်းပေးချင်တယ်ဆိုရင်တော့
တကယ်ဖြစ်လာရင်တောင် မိဘကိုမတိုင်ပင်
ကြတော့တာများပါတယ်...
" ငါပြောသားပဲ"
ဆိုတဲ့စကားနောက်ကအပြစ်တင်မှုတွေဟာ
ပြဿနာကိုဖြေရှင်းဖို့ဝေးကွာစေတာသားသမီးတွေကရိပ်စားမိကြပါတယ်...
သားသမီးအကြောင်းတကယ်သာသိရင်ဒါမျိုးမလုပ်သင့်တာကိုသိကိုသိထားရမယ်...
5 ။`သားသမီးကိုပြောဆိုဆက်ဆံပုံမှားတာ´
အချို့ မိဘတွေရှိပါတယ် ။ ပြင်ပမှာတော့လူငယ်လူကြီးမရွေးကို အရမ်းအလေးထား
ဆက်ဆံတတ်ပါတယ် ။
ပြောရရင် လူတွေအပေါ်လေးစားမှုရှိတာပေါ့ ။
သားသမီးကိုကျ အဲ့လိုမလုပ်နိုင်ကြပါဘူး ။
သားသမီးဆိုတာ ငယ်နိုင်လိုဖြစ်နေတော့
စိတ်အလိုမကျ တိုင်းသားသမီးကို
နှိမ်နေတတ်တာမျိုးပါ...။
စေတနာစကားပေမဲ့ အပြောမတတ်ရင်နားခါးတာလူ့သဘာဝပါ...
အပြင်ပန်းကမှတ်မထားချင်ရင်နေမယ်
စိတ်ခံစားချက်ကတော့
မိဘကငါပြောတိုင်း
မကောင်းမြင်တယ်ဆိုပြီး ဒေါသကြီးနေတတ်တဲ့
သားသမီးတွေရှိလာရတာပါ...
စိတ်ဆိုတာအမြဲကြည်သာမနေပါဘူး
အမြဲနားပူအောင်နေ့စဉ်ဆုံးမစကားဆိုမနေမိပါစေနဲ့...
သူနေ့စဉ်လုပ်တာတွေမှတ်ထားပြီး
တစ်ပတ်တစ်ခါ တစ်လတစ်ခါလောက်သာ
စားပွဲဝိုင်းမှာအေးအေးဆေးဆေးပဲ
ဆုံးမစကားတစ်ခွန်းချင်းပြော
သင့်ပါတယ်
တစ်ပတ်တစ်ခါမို့ ဆုံးမရတာ
စိတ်လဲရှည်တယ် … သားသမီးအနေနဲ့လဲမိဘက
ချက်ကျလက်ကျပြောတော့ ငြင်းရခက်တယ်. ။
သူ့အမှားကိုဆင်ခြင်နိုင်တယ် ။
"ဒေါသပါတဲ့ ဆုံးမစကားဟာ
ပြောင်းပြန်အကျိုးသက်ရောက်ပါတယ် . . ."
ဘာလို့လဲဆိုတော့ သားသမီးဆိုတာလူသားမို့
ဒေါသထွက်ရင်အရွဲ့တိုက်တတ်လို့ပါ...
အဆင်မပြေမှုတွေကိုသူတို့လဲမလိုလားကြပါဘူး
ဒါပေမဲ့ ငြင်းဆန်မရရင်တော့
မိဘနဲ့ထိပ်တိုက်ရင်ဆိုင်ခြင်းထက်
အဝေးကို ပြေးသွားလိုက်တာ
အကုသိုလ်အနည်းဆုံး
အဆင်ပြေဆုံးလို့ထင်မြင်ယူဆလာကြပါတယ်...…
မိဘနဲ့ အဆင်မပြေတဲ့
သားသမီးဟာ သူ့ဖာသာရပ်တည်နေရတဲ့အခါမှာလဲအဆင်ပြေဘို့ဆိုတာမလွယ်ကူပါဘူး
အဆင်ပြေပြေ မပြေပြေ မိဘမသိပါစေနဲ့
အဆင်ပြေတယ်ပဲပြောလိုက်ပါ ။
တွေးပူနေတတ်တဲ့ မိဘကိုလည်းစိတ်မပင်ပန်းစေသလို အကုသိုလ်လဲနည်းစေပါတယ်
တတ်နိုင်ရင် အဝေးကနေထောက်ပံ့ခြင်းကိုလုပ်လို့ရပါတယ်...
အနီးမှာပဲနေမယ်ဆိုလဲမိဘနဲ့
အဆင်ပြေအောင်နည်းလမ်းရှာပြီး
စိတ်လျော့ကြပါ
မိဘဆိုတာ အဖိုးတန်ပါတယ်
ဒါပေမဲ့ သားသမီးဆိုတာလဲ လူသားမို့သူလဲသူ့တန်ဖိုးနဲ့ သူရှိတယ်ဆိုတာ
မိဘများအထူးသတိချပ်မိကြရင်
မိဘနဲ့သားသမီးများ ဆက်ဆံရေးဟာလဲပိုအဆင်ပြေကြမှာပါ...။
Credit:Original uploader.
No comments:
Post a Comment