Thursday, January 3, 2019

`အပြစ်ပြော​သော စကားဆိုတာ မေတ္တာဝေးစေမယ့် စကားပါပဲ´


`အပြစ်ပြော​သော စကားဆိုတာ
မေတ္တာဝေးစေမယ့် စကားပါပဲ´
🌹🌿🍁🌿🌼🌿🌹🌿🌼🌿🍁🌿
သူတစ်ပါးအပြစ်ကို 
ဘယ်လိုလူတွေက ပြောကြလဲဆိုရင်…
၁။ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတဲ့သူ
၂။လောဘကြီးလွန်းနေတဲ့သူ
၃။တစ်ဖက်သားရဲ့ ဆန္ဒကို ထည့်မတွက်တဲ့သူ
၎။သူတစ်ပါးကို ဆရာလုပ်ချင်လွန်းသူ
ဒီလူ(၄)မျိုးဟာ …
သူတစ်ပါးအပြစ်တွေကို အကြောင်းမရှိ အကြောင်းရှာပြီး ပြောတတ်ကြပါတယ်။
ကိုယ့်ကိုကိုယ် အထင်ကြီးနေတဲ့သူဟာ
သူတစ်ပါးကို အမြဲ အထင်သေးတတ်ပါတယ်။
ဒီလိုပဲ လောဘကြီးလွန်းနေတဲ့သူဟာလည်း
ကိုယ်ရဲ့ရပိုင်ခွင့်ပဲ ကြည့်တတ်ပါတယ်။
တဖက်သားရဲ့ဆန္ဒကို ထည့်မတွက်တဲ့ သူက တော့ ကိုယ်ဆန္ဒကိုပဲ ရှေ့တန်းတင်ပြီး သူတစ်ပါး အပေါ် နားလည်ရကောင်း မသိကြပါဘူး။
ဆရာလုပ်ချင်သူကြပြန်တော့ သူတစ်ပါးကို ငါ့လောက်မသိဘူး သူတစ်ပါး ဘာလုပ်လုပ် အပြစ်တွေကိုပဲ ရှာကြံပြောပြီး ဆရာကြီး လုပ်တတ်ကြပါတယ်။
ဒီလိုလူတွေဟာ သူတစ်ပါးအပြစ်တွေကို အကျိုးမဲ့စွာ ပြောတတ်ကြလို့
သူတို့ပြောတဲ့ စကားတွေဟာ အကောင်းမြင်တဲ့
အတွေးတွေနဲ့ဝေးမယ့် မေတ္တာနဲ့ဝေးစေမယ့် စကားတွေပါပဲ။
ဆရာတော်
အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

No comments:

Post a Comment