တုနိုင်းလိုသော အမေ့မေတ္တာ
************************
အမေ့မေတ္တာ ကောင်းကင်ပြာနှင့်
မနှိုင်းလိုဘူး ထိုသည့်ကောင်းကင်
တိမ်လွှာဖုံးသည်မို့....
************************
အမေ့မေတ္တာ ကောင်းကင်ပြာနှင့်
မနှိုင်းလိုဘူး ထိုသည့်ကောင်းကင်
တိမ်လွှာဖုံးသည်မို့....
အမေ့မေတ္တာ မြင့်မိုရ်တောင်ပမာ
မနှိုင်းလိုဘူး ထိုသည့်မြင့်မိုရ်
နွားဦးချို မျှ ဖြစ်သည်မို့....
မနှိုင်းလိုဘူး ထိုသည့်မြင့်မိုရ်
နွားဦးချို မျှ ဖြစ်သည်မို့....
အမေ့မေတ္တာ စကြ၀ဠာ နှင့်
မနှိုင်းလိုဘူး ထိုသည့်စကြဝဠာ
အပ်နဖားသွင် ဖြစ်သည်မို့...
မနှိုင်းလိုဘူး ထိုသည့်စကြဝဠာ
အပ်နဖားသွင် ဖြစ်သည်မို့...
အမေ့မေတ္တာ လမင်းနှင့်သာ
မနှိုင်းလိုဘူး ထိုသည့်လမင်း
နေ့မှာကွယ်သည်မို...
မနှိုင်းလိုဘူး ထိုသည့်လမင်း
နေ့မှာကွယ်သည်မို...
အမေ့မေတ္တာ ကြာပဒုမ်နှင့်
မနှိုင်းလိုဘူး ထိုသည့်ကြာပဒုမ်
နွမ်း၍ ကြွေသည်မို့...
မနှိုင်းလိုဘူး ထိုသည့်ကြာပဒုမ်
နွမ်း၍ ကြွေသည်မို့...
အမေ့မေတ္တာ စမ်းရေပမာ
မနှိုင်းလိုဘူး ထိုသည့်စမ်းရေ
နွေမှာ ခမ်းသည်မို့...
မနှိုင်းလိုဘူး ထိုသည့်စမ်းရေ
နွေမှာ ခမ်းသည်မို့...
ကြီးမားလေစွ မြတ်အမိအား
တုနှိုင်းမည့်ဟန် မရှိသည်သာ
ဖြစ်ရပါပေသည်တကား...
တုနှိုင်းမည့်ဟန် မရှိသည်သာ
ဖြစ်ရပါပေသည်တကား...
Credit to ရွှေဘုန်း(မန်းရာဘုံ)
ဓမ္မသရဏ အရှင်ရေဝတ(ဓမ္မခွန်အား)
ဓမ္မသရဏ အရှင်ရေဝတ(ဓမ္မခွန်အား)
No comments:
Post a Comment