ကိုယ့်ကိုယ်ကိုယ် မေးပါ
++++++++++++++++
ဘယ်ခေတ်မှာဖြစ်ဖြစ်
အကောင်းအဆိုး ရောနေတာပါပဲ။
အကောင်းချည်းသက်သက် မရှိသလို
အဆိုးချည်းသက်သက်လည်း မရှိဘူး။
ခေတ်ဆိုတာ လူတွေပေါ်မှာ မူတည်ပါတယ်။
လူအများ ကောင်းရင် ခေတ်ကောင်းမယ်။
လူအများမကောင်းရင် ခေတ်မကောင်းနိုင်ဘူး။
ခေတ်ကို လူက လွှမ်းမိုးတယ်။
လူကိုလည်း ခေတ်က လွှမ်းမိုးတယ်။
ဒါပေမဲ့ သတိနဲ့နေတတ်တဲ့သူ၊ ကိုယ့်စိတ်ကို ကိုယ်သိတဲ့သူ၊
ခေတ်ရဲ့လွှမ်းမိုးမှုကို သတိထားတတ်တဲ့သူဟာ
လွှမ်းမိုးမှုခံရတာ နည်းမယ်။ မသိရင်တော့
အများကြီး လွှမ်းမိုးတာ ခံရမယ်။
ငါဟာ ခေတ်ကို ကောင်းတဲ့ဘက်ပြောင်းအောင်
လုပ်မယ့်သူလား။
သို့မဟုတ်
ခေတ်က ငါ့ကို လွှမ်းမိုးသမျှ လည်းစင်းခံမယ့်သူလား
ဆိုတာ ကိုယ့်ကိုယ်ကိုယ် မေးပါ။
ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ)
(သိက္ခာရှိရှိနေမယ် စာအုပ်မှ)
No comments:
Post a Comment