❝ တန်ဖိုးရှိတဲ့ဘဝကြီး နှမြောစရာ ❞
လူ့စည်းစိမ်နဲ့နတ်စည်းစိမ် -
ဘယ်ဟာကကြီးကျယ်ခမ်းနားသလဲ။
ပျော်မွေ့စရာကောင်းသလဲ။
လူ့စည်းစိမ်ဆိုတာက နတ်စည်းစိမ်နဲ့စာရင်
သူတောင်းစားစည်းစိမ်၊စဏ္ဍာလစည
အလောင်းတော် တေမိမင်းသားမှာ
ပါရမီတွေဖြည့်ချင်လွန်းလို့
နတ်စည်းစိမ်တွေစွန့်ပြီး လူ့ပြည်ဆင်းလာရှာတယ်။
သူ့လိုပဲနတ်စည်းစိမ်တွေ စွန့်ပြီးလူ့ပြည်လာကြတဲ့
နတ်သားတွေငါးရာတောင်တဲ့ လိုက်ပါလာကြတာ။
လူ့ပြည်ရောက်လာပြန်တော့ရော -
သူ့ခမျာပါရမီဖြည့်ရတာ သက်သာရှာရဲ့လား။
ဘုရားလောင်းဘူရိဒတ်နဂါးကြီး
ဥပုသ်ကလေး စောင့်ချင်တာနဲ့ လူ့ပြည်လာရရှာတယ်။
နဂါးစည်းစိမ်ကလည်း နတ်စည်းစိမ်လိုကြီးကျယ်
ခမ်းနားတာပဲ။
အဲ လူ့ပြည်ရောက်လာပြီး -
ဥပုသ်စောင့်ရသော်လည်း •••
အေးအေးလူလူ မစောင့်ရရှာဘူး။
အလမ္ပာယ်လုပ်သမျှ ဒုက္ခခံပြီးစောင့်ရရှာတာ။
ကုသိုလ်ကောင်းမှုဆိုတာ •••
ဘုံဘဝတိုင်းမှာလုပ်လို့ရတာမ
လူ့ဘဝမှလုပ်လို့ရတာ။
ဒါကြောင့် အလောင်းတော်ကြီးများ လူ့ပြည် လူ့ရွာ
ဆင်းလာပြီး ပါရမီကုသိုလ်တွေ လုပ်ယူကြရတယ်။
ဒါကြောင့် •••
လယ်တီဆရာတော်ဘုရားကြီးကပြော
လူ့ဘဝဆိုတာ ဘဝပဒေသာပင်ကြီးတဲ့။
ကိုယ့်မှာ လွယ်လွယ်ကူကူ -
ရရှိနေတော့ ရခဲတယ် မထင်ကြဘူး။
တန်ဖိုးရှိတယ်မထင်ဘူး။
မထင်တော့ အချိန်တွေဖြုန်း မေ့မေ့လျော့လျော့
ပေါ့ပေါ့တန်တန်နေသွား •••
ပြီးတော့သေ •••
တန်ဖိုးရှိတဲ့ဘဝကြီးနှမြောစ
{ မြေဇင်းဆရာတော်ဘုရားကြီး }
❁ အပ္ပမာဒေန သမ္မာဒေထ ✍
❀ရွှင်လန်း❀ချမ်းမြေ့❀ပါစေ❀
Credit: AungZawLay
No comments:
Post a Comment