Wednesday, January 9, 2019

မစွဲလမ်းပါနဲ့


မစွဲလမ်းပါနဲ့

စွဲလမ်းတာဟာ
သက်ရှိကို စွဲလမ်းတာလည်း မကောင်းပါဘူး။
သက်မဲ့ကို စွဲလမ်းတာလည်း မကောင်းပါဘူး။
ပစ္စုပ္ပန်ဘဝမှာ ပူလောင်ရသလို
တမလွန်ဘဝမှလည်း ပူလောင်ရပါတယ်။
တစ်စုံတစ်ယောက်ကို စွဲလမ်းမိပြီဆိုရင်
ကိုယ်ပဲ စိတ်ဆင်းရဲရတာပါ။ တကယ်လို့
တစ်စုံတစ်ယောက်ကို စွဲလမ်းမိပြီဆိုရင်လည်း
စိတ်ဆင်းရဲဖို့သာ အသင့်ပြင်ထားလိုက်ပါတော့။
စိတ်ဆင်းရဲလာရပြီဆိုရင်လည်း
ဘယ်သူ့ ဘယ်သူ့ကိုမှ အပြစ်တင်မနေတော့ဘဲ
ကျေကျေနပ်နပ်သာ ခံယူလိုက်ပါတော့။
များများစွဲလမ်းရင် များများစိတ်ဆင်းရဲရပါတယ်။
နည်းနည်းစွဲလမ်းရင် နည်းနည်းပဲ စိတ်ဆင်းရဲရပါတယ်။
လုံးဝ မစွဲလမ်းရင် လုံဝ စိတ်မဆင်းရဲရတော့ပါဘူး။

ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)
(ဖြစ်ပြီးတဲ့ အကုသိုလ်ကို ဘယ်လိုပယ်မလဲ စာအုပ်မှ) 

No comments:

Post a Comment