Tuesday, January 22, 2019

အတု နဲ့ အစစ်


အတု နဲ့ အစစ်
•••••••••••••••
အတုနဲ့အစစ်တွေဟာ…
ဆံပင်မပါတာချင်း တူပေမယ့်
'ပညာ'ရှာတာချင်းတော့ ကွာတယ်။
ပခုံးသားတစ်ဖက်ပေါ်နေတာချင်းတူပေမယ့်
'နှလုံးသား'နဲ့ ပျော်နေတာချင်းလည်း ကွာတယ်။
အလွှာပါးဖိနပ်စီးတာချင်းတူပေမယ့်
'သဒ္ဓါ'တရားမြတ် ရှိတာချင်းလည်းကွာတယ်။
အညီအမျှ ဆွမ်းရပ်တာချင်းတူပေမယ့်
'သီလ'လွှမ်းပတ်တာချင်းလည်း ကွာတယ်။
လူ့ဘဝဘုံ ခုံမင်တာချင်းတူပေမယ့်
'သုတ'အကုန် စုံလင်တာချင်းလည်း ကွာတယ်။
ရွှေငွေစ, သုံးရတာချင်းတူပေမယ့်
အခြေနေအရ အသုံးချတာချင်းလည်း ကွာတယ်။
အလှူတွေအတွက် အစိုးရတာချင်းတူပေမယ့်
လူတွေအတွက်အကျိုးရတာချင်းလည်းကွာတယ်
အဆင်းအရိပ် ဟန်ပန်ချင်းတူပေမယ့်
အတွင်းစိတ်သဏ္ဌာန်ချင်းလည်း ကွာတယ်။
လူတကာအမြင်မှာ 'အကာ'ချင်းတူပေမယ့်
ဖြူတာစင်တာ 'အလွှာ'ချင်းလည်း ကွာတယ်။
ဆိုင်ထိုင်စားတဲ့ 'အပြစ်'ချင်းတူပေမယ့်
ပိုင်ဆိုင်ထားတဲ့ 'အနှစ်'ချင်းလည်းကွာတယ်။
ငယ်စိတ်ကလေးတွေ လှုပ်ယိမ်းပုံချင်းတူပေမယ့်
အပါယ်ပိတ်ဝေးအောင် ချုပ်ထိန်းပုံချင်းလည်း
ကွာတယ်။
အရှင်ကောသလ္လ(ရေဦး)
#Via - Paral Lel >>> thank

No comments:

Post a Comment