Tuesday, January 1, 2019

🔺❝ ဘယ်​အကျိုးငှါ တရားကျင့်​တာလဲ ❞🚩


🔺❝ ဘယ်​အကျိုးငှါ တရားကျင့်​တာလဲ ❞🚩

❁ အရှင်​သာရိပုတ္တရာကိုယ်​​တော်​မြတ်​ကြီးနဲ့
အရှင်​ပုဏ္ဏတို့ ရဟန္တာ အရှင်​မြတ်​နှစ်​ပါးဟာ
နောင်​လာ​နောင်​သားတို့ အကျိုးများ​စေချင်​​သောငှါ
တစ်​ပါးနဲ့တစ်​ပါး​မေးခွန်းများကို
မေးမြန်း​လျှောက်​ထားခဲ့ပါတယ်​ •••

✧ အရှင်​သာရိပုတ္တရာအရှင်​မြတ်​​မေးမြန်းပုံမှာ -

► အ​မေး.၁ - ငါရှင်​အခုလိုတရားကျင့်​​နေတာ
``သီလ၀ိသုဒ္ဒိ´´
သီလဖြူစင်​ဖို့အကျိုးငှါ တရားကျင့်​တာလား?

※ မဟုတ်​ပါဘုရား - သီလဆိုတာ
အကျင့်​စင်​ကြယ်​တာပဲရှိပါ​သေးတယ်​ •••
ပုထုဇဉ်​တွေ ထဲမှာသီလစင်​ကြယ်​သူ​တွေအများကြီး
ရှိပါတယ်​ ။ သီလစင်​ကြယ်​တိုင်းသာနိဗ္ဗာန်​ရမယ်​ဆို
ပုထဇဉ်​​တွေ နိဗ္ဗာန်​ရကုန်​မှာပါဘုရား •••
သီလဆိုတာနိဗ္ဗာန်​​ရောက်​​ကြောင်းအကျင့်​ပဲ -
ရှိပါ​သေးတယ်​ဘုရား •••

► အ​မေး ၂ - ငါ့ရှင်
``စိတ္တ၀ိသုဒ္ဓိ´´
စိတ်​စင်​ကြယ်​ဖို့အကျိုးငှါတရားကျင့်​တာလား?

※ စိတ်​စင်​ကြယ်​တယ်​၊ စိတ်​တည်​ငြိမ်​မှုဆိုတာ
သမာဓိတည်​ကြည်​တဲ့အဆင့်​ပဲရှိပါ​သေးတယ်​ဘုရား
ပုထုဇဉ်​ပဲရှိပါ​သေးတယ်​ နိဗ္ဗာန်​မရနိုင်​​သေးပါဘူး •••

► အ​မေး ၃ - ငါ့ရှင်
``ဒိဋ္ဌိဝိသုဒ္ဓိ´´
အယူစင်​ကြယ်​ဖို့အကျိုးငှါတရားကျင့်​တာလား?

※ ဒိဋ္ဌိစင်​ကြယ်​တယ်​ဆိုတာ -
ရုပ်​နာမ်​ကို ငါသူတစ်​ပါးလို့မထင်​မှတ်​ပ
ရုပ်​နာမ်​ပါလားလို့ ပိုင်းခြားသိတဲ့အယူစင်​ကြယ်​တာပဲ
ရှိပါ​သေးတယ်​ -
နိဗ္ဗာန်​မ​ရောက်​နိုင်​​သေးပါဘူးဘုရား •••

► အ​မေး ၄ - ငါ့ရှင်
``ကင်္ခါဝိတရန၀ိသုဒ္ဓိ´´
ရုပ်​နာမ်​ရဲ့အ​ကြောင်းအကျိုးသိ​စေ​သော ငှါ
တရားကျင့်​တာလား?

※ ကုသိုလ်​အကုသိုလ်​ကံသင်္ခါရ​ကြောင့်
ရုပ်​နာမ်​ဖြစ်​​ပေါ်တာပါလားလို့အ​ကြောင်း အကျိုး
ပိုင်းခြားသိတဲ့ဥာဏ်​ပဲရှိ​သေးလို့နှစ်​ဘ၀​လောက်​အပါယ
လွတ်​ကင်းနိုင်​​သော်​လည်းပုထုဇဉ်​မို့ နိဗ္ဗာန်
မ​ရောက်​နိုင်​​သေးပါဘူး •••

► အ​မေး ၅ - ငါ့ရှင်
``မဂ်​ဥာနဒသန၀ိသုဒ္ဓိ´´
ရုပ်​နာမ်​ ဖြစ်​ပျက်​မြင်​တဲ့မဂ်​ရ​စေ​သောငှါတရား
ကျင့်​တာလား ?

※ မဟုတ်​ပါဘုရား ရုပ်​နာမ်​ကိုဖြစ်​ပျက်
မြင်​တဲ့ဝိပသနာမဂ်​ဆိုတာလည်းပုထုဇဉ်​ဥာဏ်​ပဲရှိပါ
သေးတယ်​ဘုရား နိဗ္ဗာန်​မ​ရောက်​နိုင်​​သေးပါဘုရား •••

► အ​မေး ၆ - ငါ့ရှင်
``ပဋိပဒါဥာဏဒသန၀ိသုဒ္ဓိ´´
အလယ်​ပိုင်းဥာဏ်​ ​တွေအကျိုးငှါတရား ကြိုးစား
ကျင့်​​နေတာလား?

※ မဟုတ်​ပါဘုရား -
အလယ်​ပိုင်းဥာဏ်​​တွေဟာရုပ်​နာမ်​ကို
ကြောက်​စရာအဖြစ်​မြင်​လာတယ်​ ငြီး​ငွေ့လာတယ်
တပ်​မက်​ခြင်းကင်းလာတဲ့ဥာဏ်​ပဲ ရှိပါ​သေးတယ်
ဥပါဒါန်​​တွေမချုပ်​နိုင်​​သေးပါဘုရား
နိဗ္ဗာန်​မ​ရောက်​နိုင်​​သေးပါ -
ပုထုဇဉ်​ပဲရှိပါ​သေးတယ်​ဘုရား •••

► အ​မေး ၇ - ငါ့ရှင်
``မဂ္ဂါမဂ္ဂဥာဏဒသန၀ိသုဒ္ဓိ´´
မဂ်​ဥာဏ်​ဖိုလ်​ဥာဏ်​​တွေရချင်​လိုချင်​လို့တရား
ကျင့်​တာလား?

※ မဂ်​ဥာဏ်​ဖိုလ်​ဥာဏ်​ရရှိလည်း -
သောတာပန်​အဆင့်​ပဲရှိပါ​သေးတယ်
သောတာပန်​ သကဒါဂမ်​​တွေဟာအပါယ်​​လေးပါ
တံခါးပိတ်​​ပေမဲ့လို့ တရားဆက်​မကျင့်​ရင်​ -
နောင်​​သေတတ်​တဲ့ခန္ဒာရအုံးမှာပါ ​သေရအုံးမှာပါ •••

※ ဘုရားတပည့်​​တော်​ -
တရားကျင့်​​နေရတာဟာဥပါဒါန်​​တွေ ချုပ်​ဆုံးမှ
နိဗ္ဗာန်​ရမှာမို့ ဥပါဒါန်​​တွေချုပ်​ဆုံးရာဖြစ်​တဲ့ နိဗ္ဗာန်​ကို
မျက်​​မှောက်​ပြုချင်​လို့တရားကျင့်​​နေတာဖြစ်​ပါတယ်
ဘုရား •••

► ဒါဆို​မေးခဲ့တဲ့အချက်​​တွေ မစင်​ကြယ်
မပြည့်​စုံ မကျင့်ကြံ​ပဲနဲ့​ကော တရားရနိုင်​ပါ သလား?

※ အထက်​က​မေးခဲ့တဲ့ ၇ - ချက်
မကျင့်​ကြံ မပြည့်​စုံပဲနဲ့တရား​တော့မရနိုင်​ -
နိဗ္ဗာန်​မရနိုင်​သလို သူတို့ဟာနိဗ္ဗာန်​​တော့မဟုတ်​​သေး
ပါဘူးဘုရား နိဗ္ဗာန်​​ရောက်​​ကြောင်း အ​ထောက်​အပံ့ -
နိဗ္ဗာန်​ရဲ့အင်္ဂါအစိတ်​အပိုင်း -
အခြံအရံ​တွေသာဖြစ်​ပါတယ်​ဘုရား •••

※ ဒါ​လောက်​နဲ့ မ​ရောင့်​ရဲမတင်းတိမ်​ပဲ
သေတတ်တဲ့ခန္ဒာေ​တွ​ချုပ်ဆုံးနိုင်ဖို့ ဥပါဒါန်​ချုပ်​ဆုံး
နိုင်​ဖို့တရားဆက်​လက်​ကျင့်​ပြီး ​​ဘေးကင်း​ရာနိဗ္ဗာန်
အ​သေလွတ်​ရာနိဗ္ဗာန်​ကိုကြိုးစားကျင့်ကြံပြီး
အ​ရောက်​သွားသင့်​ပါတယ်​ ••••

【ဓမ္မဒူတ​ဆရာ​တော်
ဒေါက်​တာအရှင်​ပညိဿရာဘိဝံသ

❁ အပ္ပမာဒေန သမ္မာဒေထ 
❀ရွှင်လန်း❀ချမ်းမြေ့❀ပါစေ❀
Credit ဓမ္မဒူတ အရှင်ပညိဿရ page

No comments:

Post a Comment