Tuesday, January 1, 2019

ကြိုးစားပါ


ကြိုးစားပါ
_____________
သင်​ဟာ...
အထီးကျန်​ခြင်း​တွေနဲ့
နေသားမကျ​သေးသမျှ​တော့
ဆက်​ပြီး
အထီးကျန်​​နေဦးမှာပါ။
သင်​ဟာ...
တစ်​​ယောက်​တည်း
မ​နေတတ်​​သေး သမျှ​တော့
အထီးကျန်​မှု​တွေဟာ
ခဏ ခဏ ဖြစ်​​နေဦးမှာပါ။
သင်​ဟာ...
တစ်​​ယောက်​တည်း
နေခြင်းကို
သ​ဘောမကျ​သေးသမျှ​တော့
တစ်​​နေ့​နေ့ တစ်​ချိန်​ချိန်​မှာ
အထီးကျန်​ခြင်းဟာ
သင့်​အနားကို ​ရောက်​လာပါလိမ့်​မယ်​။
သင်​ဟာ...
အ​ပေါင်းအသင်းကို
အရမ်းခုံမင်​​နေသူ ဆိုရင်​​တော့
တစ်​​နေ့​နေ့ တစ်​ချိန်​ချိန်​မှာ
အထီးကျန်​မှု​တွေနဲ့
တွေ့ကို ​တွေ့ရဦးမှာပါ။
သင်​ဟာ...
အထီးကျန်​မှု​တွေ
မဖြစ်​ချင်​ဘူး ဆိုရင်​​တော့
တစ်​​ယောက်​တည်း ​နေတတ်​​အောင်
ကြိုးစားပါ။
သင်​ဟာ...
တစ်​​ယောက်​တည်း
နေခြင်းနဲ့
နေသားကျ​နေမှ
အထီးကျန်​ခြင်း ​ထောင်​​ချောက်​မှ
လွတ်​​မြောက်​ပါလိမ့်​မယ်​။
___အရှင်​လက္ခဏ(အင်းပါ)

No comments:

Post a Comment