🙏အကြင်နာပေါင်း ရှစ်သောင်းလေးထောင် 🙏
••••••••••••••••••••••••••••••••••••••••
••••••••••••••••••••••••••••••••••••••••
🙏မေတ္တာဆိုတာ …
🙏တစ်ဖက်သားရဲ့ ကောင်းကျိုးချမ်းသာကို ရွက်ဆောင်ပေးချင်တဲ့သဘော…
🙏တကယ်လည်း ရွက်ဆောင်ပေးနေတဲ့ သဘောပါ။
🙏ကရုဏာဆိုတာ …
🙏တစ်ဖက်သားရဲ့ ဆင်းရဲဒုက္ခကို ဖယ်ရှားပေးချင်တဲ့သဘော
🙏တကယ်လည်း ဖယ်ရှားပေးနေတဲ့သဘောပါ။
🙏မုဒိတာဆိုတာ …
🙏တစ်ဖက်သားရဲ့ ပြည့်စုံမှု အဆင်ပြေမှု ကံကောင်းမှုကို ဝမ်းမြောက်တဲ့သဘောကျေနပ်တဲ့သဘောပါ။
🙏ဥပေက္ခာဆိုတာ …
🙏တစ်ဖက်သားရဲ့ ကိုယ့်အပေါ် ပြစ်မှားမှု ထိပါးမှုတွေကို အပြစ်မယူဘဲ ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ကြေအေးတဲ့ သဘောပါ။
🙏တိုတိုရှင်းရှင်း ပြောရရင်…
🙏မေတ္တာဆိုတာ - ကူညီခြင်းတရား
🙏ကရုဏာဆိုတာ - ကြင်နာခြင်းတရား
🙏မုဒိတာဆိုတာ - ကျေနပ်ခြင်းတရား
🙏ဥပေက္ခာဆိုတာ - ခွင့်လွှတ်ခြင်းတရားပါပဲ။
🙏အများအကျိုး သယ်ပိုးရွက်ဆောင်တဲ့ နေရာမှာ ရှေ့တန်းက မြင်သာ ထင်သာ အလုပ်လုပ်နေတာက မေတ္တာတရားဆိုတဲ့ ကူညီခြင်းတရားပါ။
🙏ဒါပေမဲ့ အဲဒီမေတ္တာတရားက အများကို ကူညီဖြစ်အောင် နောက်ကွယ်ကနေ ပုန်းလျှိုးကွယ်လျှိုး နှိုးဆော်တိုက်တွန်းနေသူကတော့ …
🙏ကရုဏာတရားဆိုတဲ့ ကြင်နာခြင်းတရား အကြင်နာတရားပါပဲ။
🙏အကြင်နာတရား အားနည်းရင် အများကို သေးသေးငယ်ငယ် နည်းနည်းပဲ ကူညီဖြစ် ပါတယ်။
🙏အကြင်နာတရား အားများရင် အများကို ကြီးကြီးကျယ်ကျယ် အများကြီးကူညီ ဖြစ်ပါတယ်။
🙏အကြင်နာတရား အားကောင်းလေလေ
အများကို ပိုပြီးကူညီလေလေပါဘဲ။
အများကို ပိုပြီးကူညီလေလေပါဘဲ။
🙏အကြင်နာတရား လုံးဝမရှိတဲ့သူဟာ အများအကျိုးကို လုံးဝထည့်မတွက် လုံးဝမဆောင်ရွက်ပါဘူး။
🙏မေတ္တာနဲ့ အများကျိုး ဆောင်ရွက်ဖြစ်ဖို့
အတွက် မရှိမဖြစ် လိုအပ်တဲ့အရာကတော့
အတွက် မရှိမဖြစ် လိုအပ်တဲ့အရာကတော့
" 🙏ကရုဏာဆိုတဲ့ အကြင်နာတရားပါပဲ "🙏
🙏အကြင်နာတရား ပြည့်ဝတဲ့သူဟာ…
🙏သူတစ်ပါးဆင်းရဲ ဒုက္ခရောက်ကြောင်း သူတစ်ပါး ပျက်စီးရာ ပျက်စီးကြောင်း အလုပ်တွေကို
🙏ဘယ်တော့မှ မကြံစည် မပြောပာဆို မလုပ်ကိုင်ပါဘူး။
🙏အကြင်နာတရား ခေါင်းပါးတဲ့သူကတော့…
🙏သူတစ်ပါးဆင်းရဲ ဒုက္ခရောက်ကြောင်း သူတစ်ပါးပျက်စီးရာ ပျက်စီးကြောင်း အလုပ်တွေကိုပဲ အမြဲကြံစည် ပြောဆို လုပ်ကိုင်ပါတယ်။
🙏ဒါကြောင့် လူပီသတဲ့ လူတိုင်းရဲ့နှလုံးသားဟာ
" အကြင်နာပေါင်း ရှစ်သောင်းလေးထောင်" ကိန်းဝပ်တဲ့ နှလုံးသား ဖြစ်ရပါမယ်။
" အကြင်နာပေါင်း ရှစ်သောင်းလေးထောင်" ကိန်းဝပ်တဲ့ နှလုံးသား ဖြစ်ရပါမယ်။
🙏ကိုယ်နဲ့ ထိတွေ့ပတ်သက်လာတဲ့ လူတိုင်းအပေါ်…
🙏ကြင်နာတဲ့ စိတ်ထားမယ် ကြင်နာတဲ့စိတ်နဲ့ ပြောဆိုမယ် ကြင်နာတဲ့စိတ်နဲ့ ပြုမှုမယ်ဆိုရင်
🙏လူပေါင်း ရှစ်သောင်းလေးထောင် အပေါ် လူပေါင်း အသေင်္ချေ အနန္တအပေါ် အကြင်နာ တရား ထားပြီးသားဖြစ်သွားပါတယ်။
🙏မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ ဗြဟ္မစိုရ် တရား (၄)ပါးလုံးကို "အကြင်နာတရား"လို့
ပေါင်းပြောလိုက်တာပါ။
ပေါင်းပြောလိုက်တာပါ။
🙏နေစဉ်နေတိုင်း ကိုယ်နဲ့ ကူညီသင့်တဲ့သူကို ကိုယ်နဲ့ကူညီ နှုတ်နဲ့ကူညီသင့်တဲ့သူကို နှုတ်နဲ့ကူညီရပါမယ်။
🙏အကြောင်းမညီညွတ်လို့ ကိုယ်နဲ့လည်း
မကူညီဖြစ် နှုတ်နဲ့လည်း မကူညီဖြစ်ဘူး ဆိုရင်တောင်မှ
မကူညီဖြစ် နှုတ်နဲ့လည်း မကူညီဖြစ်ဘူး ဆိုရင်တောင်မှ
🙏စိတ်နဲ့တော့ ကူညီဖြစ်အောင် ကူညီလိုက်ရပါမယ်။
"🙏သတ္တ၀ါအားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာ ကြပါစေ" လို့
🙏လေးလေးနက်နက် ဆက်ကာ ဆက်ကာ မေတ္တာပွားလိုက်တာဟာ စိတ်နဲ့ကူညီလိုက် တာပါပဲ။
🙏သတ္တ၀ါအပေါင်း အသင်္ချေအနန္တရဲ့အကျိုးကို
ဆောင်ရွက်ရာ ရောက်တဲ့အတွက် ကိုယ်နဲ့
နှုတ်နဲ့မကူညီဖြစ်တောင်
ဆောင်ရွက်ရာ ရောက်တဲ့အတွက် ကိုယ်နဲ့
နှုတ်နဲ့မကူညီဖြစ်တောင်
🙏စိတ်နဲ့ကူညီနေတဲ့ မေတ္တာဘာဝနာပိုင်ရှင်ရဲ့ နှလုံးသားကိုလည်း အကြင်နာပေါင်း ရှစ်သောင်း လေးထောင် ကိန်းဝပ်နေတဲ့ နှလုံးသားလို့ ဆိုနိုင်ပါတယ်။
🙏ဆိုလိုတာကတော့ တစ်နေ့တာအတွင်းမှာ သူတစ်ပါးကို ကာယကံမြောက် ၀စီကံမြောက် ကိုယ်ထိလက်ရောက် နှုတ်ထိပါးစပ်ရောက် မကူညီဖြစ်တောင်…
🙏မနောကံမြောက် စိတ်ထိ မနောရောက်တော့ ကူညီဖြစ်အောင် ကူညီပါလို့ ဆိုလိုပါတယ်။
🙏စိတ်နဲ့ မေတ္တာပွားပါများရင် ကိုယ်နဲ့နှုတ်နဲ့
လည်း မေတ္တာထားနိုင်လာပါလိမ့်မယ်။
လည်း မေတ္တာထားနိုင်လာပါလိမ့်မယ်။
🙏စိတ်ထဲမှာ အကြင်နာတရားရှိနေမှ ကိုယ်နဲ့ လုပ်သမျှ နှုတ်နဲ့ပြောသမျှထဲမှာလည်း အကြင်နာတရား ပါနေမှာပါ။
🙏ကံ(၃)ပါးလုံးမှာ အကြင်နာတရားပါနေရင် အကြင်နာတရားပိုင်ရှင်လည်း စိတ်အေးချမ်း ရသလို …
🙏အကြင်နာတရားပိုင်ရှင်နဲ့ ထိတွေ့ရသူ တိုင်းလည်း စိတ်အေးချမ်းရပါတယ်။
🙏ဆရာတော် အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ )🙏
No comments:
Post a Comment