Monday, October 22, 2018

ပြည့်​ဝခြင်းဆိုတာ


ပြည့်​ဝခြင်းဆိုတာ

"ဖိုးဖိုး . .သူတို့ မိသားစုက ချမ်းသာတယ်​​နော်
အားကျစရာ​ကောင်းလိုက်​တာ . . .
လူဖြစ်​ရကျိုးနပ်​လိုက်​တာ ."

"ဘာလို့လဲ ​မြေး​လေး ? "

"​မြေး​လေးလည်​လူပဲ​လေ . .
သူတို့လို လက်​​တွေ ​ခြေ​တွေ ပါတယ်​​လေ ."

"ဒါ​ပေမယ့်​ ​မြေး​တို့က သူတို့​လောက်​လူရာမဝင်​သလိုပဲ"
"​မြေးထင်​လို့ပါ ."

"လူရယ်​လို့ ဖြစ်​လာရင်
ချမ်းသာချင်​တယ်​ ​အောင်​မြင်​ချင်​တယ်​ . .
ပိုင်​ဆိုင်​ချင်​ကြတယ်​ . .
ဘာလို့လဲ သိလား​မြေး​လေး .! "
"သူတို့လိုတာရရင်​ ​ပျော်​ရွှင်​ရလိမ့်​မယ်​လို့
ပုံ​သေတွက်​ထားကြလို့ပဲ "

"ဟိုမှာ​တွေ့ လား ​မြေး​လေး . ."
"အဲ့ ​ရေစည်​ထဲက ​ရေ​တွေကို
ဒီအိုးထဲ အကုန်​ဝင်​​အောင်​ထည့်​ "

"ဟာ ဘိုးဘိုးက ​ရေစည်​က အကြီးကြီး
အိုးက​သေး​သေးလည်း
ရေစည်​ထဲ​ရေ​တွေအားလုံး ဘယ်​ဆန့်​ပါမလဲ "

အဘိုးအိုက အိုး​အောက်​​ခြေကို
ခဲ​တစ်​လုံး​ကောက်​ပြီး ဆက်​ကနဲ့ ခွဲ​ပေါက်​လိုက်​တယ်​ ။
"​မြေး ပြည့်​​အောင်​ထည့်​ "

"ဒီလိုဆို ဘယ်​ပြည့်​ပါ​တော့မလဲ ဘိုးဘိုးရဲ့ "

"လူ​တွေရဲ့ လိုအပ်​ဆန္ဒဟာလည်း
ပေါက်​​နေတဲ့ အိုးလိုပဲ​မြေး . .
ရေပြည့်​တဲ့အိုးတိုင်း လျှံတတ်​သလို
ရေမရှိတဲ့အိုးကလည်း ​ခြောက်​​သွေ့ အက်​ကွဲတတ်​တယ်​​မြေး​လေး ."

"လူ ဖြစ်​ရကျိုး နပ်​တယ်​ မနပ်​ဘူးဆိုတာက
ဒီလိုရှိတယ်​ . .။
မြေး စား​နေတဲ့ ထမင်း အင်း ဆန်​​ပေါ့ကွာ ။"

"အ​ကောင်းစား ဆန်းတစ်​လုံးတည်​မယ်
အညံ့စား ဆန်​ တစ်​လုံးတည်​မယ်​ "

"​မြေးဘယ်​ဆန်​စားမလဲ ?? "

"ဘိုးဘိုးကလည်း ​အ​ကောင်းစားပဲစားမှာ​ပေါ့ "

"အဲ့ ​မြေးစားမယ်​ဆိုတဲ့ အ​ကောင်းစားဆန်​က
ပျော့တူးမနပ်​ ဖြစ်​​နေပြီး
အညံ့စားဆန်​က စားလို့ရ​တဲ့အ​နေ​တော်​ဆိုရင်​​ရော ? "

"စားလို့ရတာပဲ စားမယ်​ အဖိုး ."

"လူဆိုတာလည်း ဒီလိုပဲ
ဘယ်​​လောက်​ပြည့်​စုံပါ​စေ
စာနာစိတ်​ ၊ ခွင့်​လွှတ်​စိတ်​ ၊သူ့ဘက်​ကိုယ်​ဖက်​မကြည့်​တတ်​ရင်​အိုးထဲမှာထဲမှာ မနပ်​ခဲ့တဲ့ ထမင်းလိုပဲ
ပန်းကန်​​ထဲ​ရောက်​မှ
နပ်​​အောင်​နှပ်​မရ​တော့ဘူး​မြေး "

"အဲ့လိုပဲ​မြေး မပြည့်​စုံ​ပေမယ့်​ . .
စာနာစိတ်​ပြည့်​ရှိတဲ့သူ ခွင့်​လွှတ်​နားလည်​တတ်​သူ
သူ့ဘက်​ကိုယ်​ဘက်​ကို အတိုင်းအတာနဲ့ကြည့်​တတ်​သူဟာလည်းလူဖြစ်​ရကျိုးနပ်​ပါတယ်​ ​မြေးရဲ့ "

ရေပြည့်​တိုင်း မသန့်​ဘူး​မြေး​လေးရဲ့
ခု​မြေး​ရှေ့က ကန်​ကြီး​တွေလား
အမှိုက်​​သရိုက်​​ပေါင်းစုံနဲ့ပြည့်​​နေတယ်​ ​မြေး​သောက်​မလား​ရေချိုးမလား

"ရွံစရာ ကြီး ဖိုးဖိုးရယ်​ . ."

"ဒါဆို ဟို​ရေစည်​ထဲက ​ရေ​နည်းနည်း​လေးကို​ရော "

"​သောက်​လည်း​သောက်​လို့ရတယ်
ချိုးလည်းချိုးလို့ရတယ်​ "

" ​မြေး လူဖြစ်​ရကျိုးဆိုတာဒါပဲ
ပြည့်​​ဝတယ်​ဆိုတာ သ​ဘောထားပြည့်​ဝခြင်း
ခွင့်​လွှတ်​သည်းခံ ခြင်း​တွေ ပြည့်​​နေဖို့နဲ့
ကိုယ်​ချင်းစာနာစိတ်​​တွေ အမြဲ ပြည့်​ဝ​နေရင်
လူ ဖြစ်​ရကျိုးနပ်​တာပါပဲ ​မြေးရယ်​။ "

ရွေးချယ်​မှုသည်​မိမိအတွက်​ဖြစ်​ပါ​စေ။

credit
ပြန်​လည်​မျှ​ဝေ​ပေးပါသည်

ဘာမထီဘွား...အ​တွေးစာစု​လေးများ
Via ဦးလေးကြီး

No comments:

Post a Comment