Tuesday, October 30, 2018

အလှူခံတစ်ကျိပ်လေး ပေးလှူအကျိုး


အလှူခံတစ်ကျိပ်လေး ပေးလှူအကျိုး

++++++++++++++++++++++++

- တိရစ္ဆာန်သတ္တဝါအား တစ်နပ်စာကျွေးမွေးခြင်းကြောင့် ဘဝ တစ်ရာ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ခွန်အားကြီးခြင်း ချမ်းသာကြီးခြင်း၊ ဥာဏ်ပညာကြီးခြင်း အကျိုးငါးပါးရ၏။

- သီလမရှိသော ပုထုဇဉ်ကို တစ်နပ်စာ ကျွေးမွေးလျှင် ဘဝတစ် သောင်း ကောင်းကျိုးငါးပါး ခံစားရ၏။

- သီလရှိသော ပုထုဇဉ်ကို တစ်နပ်စွာကျွေးမွေးလျှင် ဘဝတစ်သိန်း ကောင်းကျိုးငါးပါးခံစားရ၏။

- သာသနာပဈာန်ရ ရသေ့အား တစ်နပ်စာ ကျွေးမွေးလျှင် ဘဝကုဋေတစ်သိန်း ကောင်းကျိုးငါးပါး ခံစားရ၏

- သရဏဂုံ သီလရှိသော လူသာမဏေ စသော သောတာပတ္တိ မဂ် တည် ပုဂ္ဂိုလ်ကို တစ်နပ်စာကျွေးမွေးလျင် ဘဝအသင်္ချေ ကောင်းကျိုး ငါးပါး ခံစားရ၏။

- ဤမှအထက် မြတ်စွာဘုရားတိုင်အောင် အသင်္ချေ ဆင့်ကာ ဆင့်ကာ ကောင်းကျိုး ငါးပါး ခံစားရရှိနိုင်သည်။

No comments:

Post a Comment