* ဝန်မတိုနဲ့ ဘဝအဆက်ဆက် ငတ်ပြတ်မယ် *
~~~~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~~~~~~
ဝန်တိုခြင်းကို မစ္ဆရိယဟု ခေါ်သည်။
ဝန် -ဝမ်းသာပေးရမည့်တာဝန်ကို
တို- တွန့်တိုနေခြင်း ။
ဝန် -ဝမ်းသာပေးရမည့်တာဝန်ကို
တို- တွန့်တိုနေခြင်း ။
မိမိစည်းစိမ်ဥစ္စာအပေါ်၌ လျှို့ဝှက်ခြင်း ၊
နှမြောခြင်း ၊
စေးကပ်တွယ်တာခြင်းတို့သည်လည်း
မစ္ဆရိယ၏အဓိပ္ပါယ်များပင် ဖြစ်သည် ။
နှမြောခြင်း ၊
စေးကပ်တွယ်တာခြင်းတို့သည်လည်း
မစ္ဆရိယ၏အဓိပ္ပါယ်များပင် ဖြစ်သည် ။
မိမိကောင်းစားနေသလို သူတပါးကောင်းစားမှာကို
မလိုလားသောစိတ်ဓာတ်ဖြစ်မျိုးဖြစ်သည်။
မလိုလားသောစိတ်ဓာတ်ဖြစ်မျိုးဖြစ်သည်။
ဝန်တိုခြင်း ၅-မျိုး
၁- အိမ်.ကျောင်းနေရာ၌ ဝန်တိုခြင်း ၊
၂- အမျိုး-တကာ/တကာမတို့၌ ဝန်တိုခြင်း ၊
၃- ပစ္စည်းလာဘ်၌ ဝန်တိုခြင်း ၊
၎- မိမိလှပသလို သူတပါးလှပမှာ ဝန်တိုခြင်း ၊
၅- မိမိတရားသိသလို သူတပါးသိမှာ ဝန်တိုခြင်း ။
၁- အိမ်.ကျောင်းနေရာ၌ ဝန်တိုခြင်း ၊
၂- အမျိုး-တကာ/တကာမတို့၌ ဝန်တိုခြင်း ၊
၃- ပစ္စည်းလာဘ်၌ ဝန်တိုခြင်း ၊
၎- မိမိလှပသလို သူတပါးလှပမှာ ဝန်တိုခြင်း ၊
၅- မိမိတရားသိသလို သူတပါးသိမှာ ဝန်တိုခြင်း ။
ဝန်တိုစိတ်သည်
အလိုမကျခြင်းကြောင့် မျက်နှာစူပုတ် မရွှင်မပြ လက်ရှိဘဝ၌လည်း မိမိအလှကို
မိမိစိတ်က အရုပ်ဆိုးစေတတ်လေသည်
အလိုမကျခြင်းကြောင့် မျက်နှာစူပုတ် မရွှင်မပြ လက်ရှိဘဝ၌လည်း မိမိအလှကို
မိမိစိတ်က အရုပ်ဆိုးစေတတ်လေသည်
ဝန်တိုခြင်း၏ ရလာဒ်ဆိုး . . . . . .
မြတ်ဗုဒ္ဓလက်ထက်
အရှင်သာရိပုတ္တရာမထေရ်မြတ် သနားသဖြင့်
သာသနာဘောင်သွင်း၍ စောင့်ရှောက်လာခဲ့သော လောသကတိဿရဟန္တာမထေရ်သည်
အရှင်သာရိပုတ္တရာမထေရ်မြတ် သနားသဖြင့်
သာသနာဘောင်သွင်း၍ စောင့်ရှောက်လာခဲ့သော လောသကတိဿရဟန္တာမထေရ်သည်
ဟိုးလွန်ခဲ့သော ကဿပဘုရားရှင်လက်ထက်
ရွာငယ်ကျောင်းဘုန်းကြီးဘဝက
သီလပြည့်ဝ တရားအားထုတ်နေပါလျှက်
အာဂန္တုကရဟန္တာမထေရ်တပါးကို
ဆွမ်း၌ဝန်တိုမိသော စိတ်ယုတ်ကြောင့် ကွယ်လွန်သောအခါ ငရဲသို့ ရောက်ရလေသည် ။
ရွာငယ်ကျောင်းဘုန်းကြီးဘဝက
သီလပြည့်ဝ တရားအားထုတ်နေပါလျှက်
အာဂန္တုကရဟန္တာမထေရ်တပါးကို
ဆွမ်း၌ဝန်တိုမိသော စိတ်ယုတ်ကြောင့် ကွယ်လွန်သောအခါ ငရဲသို့ ရောက်ရလေသည် ။
ဘီလူးအဖြစ် ဘဝ(၅၀၀)ဝယ် တနေ့သာ ကိုယ်ဝန်အညစ်အကြေးကို ဝမ်းဝအောင် စားခဲ့ရ၏ ၊
ကျန်သောနေ့တို့၌ တခါမှ ဝမ်းဝအောင် မစားခဲ့ရ။
ကျန်သောနေ့တို့၌ တခါမှ ဝမ်းဝအောင် မစားခဲ့ရ။
ခွေးဘဝ(၅၀၀)၌လည်း တနေ့သာ အန်ဖတ်ကို ဝအောင်စားခဲ့ရဖူး၏ ၊
ကျန်နေ့တို့၌ တခါမှ ဝမ်းဝအောင် မစားခဲ့ရဖူးချေ ။
ကျန်နေ့တို့၌ တခါမှ ဝမ်းဝအောင် မစားခဲ့ရဖူးချေ ။
ထိုနောက် လူဘဝကိုရ၏ ။
အထီးကျန်ဆင်းရဲ ၊ ရောက်ရာအရပ် ပြဿနာဖြစ်
မင်းဒဏ်သင့် ၊
ပင်လယ်ခရီး သင်္ဘော့မရွေ့သမျှ ကံဆိုးသူရှာဖွေရာ (၇)တိုင်တိုင် မဲကျ၍ ရေထဲမျှောခံရ၏ ။
အထီးကျန်ဆင်းရဲ ၊ ရောက်ရာအရပ် ပြဿနာဖြစ်
မင်းဒဏ်သင့် ၊
ပင်လယ်ခရီး သင်္ဘော့မရွေ့သမျှ ကံဆိုးသူရှာဖွေရာ (၇)တိုင်တိုင် မဲကျ၍ ရေထဲမျှောခံရ၏ ။
နောက်ဆုံးဘဝ
တံငါရွာ ဆင်းရဲသူတံငါသည်မဝမ်း၌ ဝင်စား၏ ။
တရွာလုံး စီးပွါးကျဆင်း, မင်းပြစ်မင်းဒဏ်သင့်, ရွာမီး(၇)ကြိမ်လောင် ၊
တံငါရွာ ဆင်းရဲသူတံငါသည်မဝမ်း၌ ဝင်စား၏ ။
တရွာလုံး စီးပွါးကျဆင်း, မင်းပြစ်မင်းဒဏ်သင့်, ရွာမီး(၇)ကြိမ်လောင် ၊
နောက်ဆုံး တရားခံကို
အဆင့်ဆင့် ခွဲရွေးခံရသောအခါ လောသကတိဿ
အမေကို ရွာပြင်နှင်ထုတ်ခံရ၏ ။
အဆင့်ဆင့် ခွဲရွေးခံရသောအခါ လောသကတိဿ
အမေကို ရွာပြင်နှင်ထုတ်ခံရ၏ ။
လောသကတိဿခလေးငယ် သွားလာတတ်သောအရွယ်၌ အမေဖြစ်သူ ခလေးလက်ထဲ ခွက်တစ်လုံးပေး၍ စွန့်ပစ်သွားလေသည် ။
ကြုံသလိုနေ ကြုံသလိုစား ဘဝကြမ်းလှ၏ ။
ကြုံသလိုနေ ကြုံသလိုစား ဘဝကြမ်းလှ၏ ။
တနေ့ သူတပါးအိမ်အောက် ထမင်းအိုးဆေးပြီး၍
သွန်ချသော ထမင်းလုံး တစ်လုံးချင်းစီ ကောက်စားနေသောခလေးငယ်ကို
အရှင်သာရိပုတ္တရာ မြင်သောအခါ ကျောင်းခေါ်၍
ရှင်သာမဏေပြုပေး၏၊
အသက်ပြည့်သောအခါ ရဟန်းပြုပေး၏ ။
သွန်ချသော ထမင်းလုံး တစ်လုံးချင်းစီ ကောက်စားနေသောခလေးငယ်ကို
အရှင်သာရိပုတ္တရာ မြင်သောအခါ ကျောင်းခေါ်၍
ရှင်သာမဏေပြုပေး၏၊
အသက်ပြည့်သောအခါ ရဟန်းပြုပေး၏ ။
ထိုနောက် လောသကတိဿရဟန္တာမထေရ်ဖြစ်၏ ။
ရဟန္တာဖြစ်ပါသော်လည်း
ဆွမ်းဝအောင် တခါမှ မဘုဉ်းပေးခဲ့ရချေ ။
ဆွမ်းခံကြွလျှင် ဆွမ်းလှူသူမရှိ ။
ဆွမ်းဝအောင် တခါမှ မဘုဉ်းပေးခဲ့ရချေ ။
ဆွမ်းခံကြွလျှင် ဆွမ်းလှူသူမရှိ ။
ဆွမ်းလှူသူရှိပါသော်လည်း
သပိတ်ထဲ ဆွမ်းပြည့်နေသလိုမြင်၍ နဲနဲသာလှူ၏။
သပိတ်ထဲ ဆွမ်းပြည့်နေသလိုမြင်၍ နဲနဲသာလှူ၏။
ဆွမ်းလာပို့လျှင် ဆွမ်းပို့သူ လောသကတိဿမထေရ်ကို မမြင်ဘဲ
မရှိဟု ထင်၍ ပြန်ယူစားသွား၏ ။
မရှိဟု ထင်၍ ပြန်ယူစားသွား၏ ။
နောက်ဆုံးပရိနိဗ္ဗာန်စံမည့်နေ့
ဆွမ်းစားချိန်အထိ ဆွမ်းမဘုဉ်းပေးရသေးသည်ကို
အရှင်သာရိပုတ္တရာမထေရ် သိသောအခါ
နန်းတော်တွင်း၌ စတုမဓူအလှူခံ၍ လက်ဖြင့်ကိုင်ထားပေးကာ ဘုဉ်းပေးစေပြီးနောက်
လောသကတိဿရဟန္တာမထေရ်မြတ် ပရိနိဗ္ဗာန်ဝင်စံလေသည် ။
ဆွမ်းစားချိန်အထိ ဆွမ်းမဘုဉ်းပေးရသေးသည်ကို
အရှင်သာရိပုတ္တရာမထေရ် သိသောအခါ
နန်းတော်တွင်း၌ စတုမဓူအလှူခံ၍ လက်ဖြင့်ကိုင်ထားပေးကာ ဘုဉ်းပေးစေပြီးနောက်
လောသကတိဿရဟန္တာမထေရ်မြတ် ပရိနိဗ္ဗာန်ဝင်စံလေသည် ။
ဝန်တိုခြင်း ကင်းရှင်းကြပါစေ ။
* မသေချာတဲ့နေရာအတွက် အကုသိုလ်မဖြစ်ပါစေနဲ့ ။
* မပိုင်တဲ့အမျိုးအတွက် အကုသိုလ်မဖြစ်ပါစေနဲ့
* မစင်အတွက် အကုသိုလ်မဖြစ်ပါစေနဲ့ ။
* ခဏအလှအတွက် အကုသိုလ်မဖြစ်ပါစေနဲ့ ။
* ပေးမကုန်တဲ့ဓမ္မအတွက် အကုသိုလ်မဖြစ်ပါစေနဲ့ ။
***** စေတနာဖြင့် - ဘုန်းရွှေ *****
ဧကနိပါတ် - လောသကဇာတ်၌ ဖတ်ရှုနိုင်သည်
CRD#ယောပနဘိက္ခု
No comments:
Post a Comment