ငါးပါးသီလ ဆောက်တည်ကြရအောင်
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★
မဟာဝဂ္ဂသံယုတ်၊ ပုညာဘိသန္ဒဝဂ်၊ မဟာနာမသုတ်၌ မဟာနာမ် သာကီဝင်မင်းအား ဥပါသကာဂုဏ်ရည်ငါးရပ်ကို ဟောကြားတော်မူခဲ့၏။ ငါးပါးသီလစောင့်ထိန်းခြင်းကို ဥပါသကာတစ်ယောက်(သို့)ဥပါသိကာ၏ ဂုဏ်ရည်အဖြစ် ဟောကြားခဲ့၏။ ငါးပါးသီလကို အမည်နာမအားဖြင့် အမျိုးမျိုးခေါ်ဆိုသမုတ်ကြ၏။ ဂဟဋ္ဌသီလ၊ နိစ္စသီလ၊ အရိယဓမ္မသီလ၊ ပဏီတသီလ၊ အဓိသီလ၊ ဂရုဓမ္မ(ကုရုဓမ္မသီလ)၊ အရိယကန္တသီလ၊ ဗြဟ္မဏကာရဏသီလ၊ ဝိဘဝဂါမိသီလ စသည်ဖြင့် အမျိုးမျိုးခေါ်ဆိုကြ၏။ သို့ပါသော်လည်း ပုထုဇဉ်၊ အရိယာ မခွဲခြားဘဲ မည်သူမဆို စောင့်ထိန်းအပ်သော သီလဟူ၍သာ အစဉ်မှတ်သားရပေမည်။
နေ့စဉ် သီလဆောက်တည်ရန်
••••••••••••••••••••••••••••••••••
ဘုရားကန်တော့ကြရအောင်... _/\_ _/\_ _/\_
သြကာသ သြကာသ သြကာသ၊ ကာယကံ၊ ဝစီကံ၊ မနောကံ၊ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှါ၊ ပထမ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်, နှစ်ကြိမ်, သုံးကြိမ်မြောက်အောင် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ၊ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်စုံမိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့လိုက်ရပါ၏ဘုရား _/\_...

(အိမ်ရှိဘုရားတွင် မိမိကိုယ်တိုင် သီလဆောက်တည်မည်ဆိုပါက ဆက်လက်ဆုတောင်းပါ)
ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ဝိပတ္တိတရားလေးပါး၊ ဗျဿနတရားငါးပါး၊ အနာမျိုးကိုးဆယ့်ခြောက်ပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် မြတ်နိဗ္ဗာန်ကို လျင်မြန်စွာ ရောက်ရပါလို၏ဘုရား _/\_...
(ငါးပါးသီလ ဆောက်တည်ရန်)
❆ အဟံ ဘန္တေ သိသရဏေန သဟ ပဉ္စသီလ ဓမ္မံယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။ (ဒုတိယံပိ၊ တတိယံပိ -ဆက်လက်ဆိုရန်၊ "ပိ"ဟုသာ အသံထွက်ပါ၊ "မိ"ဟု မထွက်ရ)
(သီလပေးသူရှိက .. ယမဟံ ဝဒါမိကို သီလပေးသူသာ ဆိုပါလိမ့်မည်၊ မိမိကိုယ်တိုင် သီလယူက ဆိုစရာမလိုပါ)
_/\_ အာမဘန္တေ (ဘုရား ထည့်ဆိုစရာမလိုပါ)

❆ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ(သုံးကြိမ်ဆိုရန်)
❆ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
❆ ဓမ္မံ သရဏံ ဂစ္ဆာမိ
❆ သံဃံ သရဏံ ဂစ္ဆာမိ
(ဒုတိယံပိ၊ တတိယံပိ -ဆက်လက်ဆိုရန်)
_/\_ အာမဘန္တေ (ဘုရား ထည့်ဆိုစရာမလိုပါ)
❆ ဓမ္မံ သရဏံ ဂစ္ဆာမိ
❆ သံဃံ သရဏံ ဂစ္ဆာမိ
(ဒုတိယံပိ၊ တတိယံပိ -ဆက်လက်ဆိုရန်)
_/\_ အာမဘန္တေ (ဘုရား ထည့်ဆိုစရာမလိုပါ)
❆ ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
❆ အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
❆ ကာမေသုမိစ္ဆာစာရာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
❆ မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
❆ သုရာ မေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
_/\_ အာမဘန္တေ (ဘုရား ထည့်ဆိုစရာမလိုပါ)
❆ အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
❆ ကာမေသုမိစ္ဆာစာရာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
❆ မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
❆ သုရာ မေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
_/\_ အာမဘန္တေ (ဘုရား ထည့်ဆိုစရာမလိုပါ)
(ဦးသုံးကြိမ်ချပြီးက ငါးပါးသီလယူမှု ပြီးစီး၏)
နေ့စဉ်နေ့တိုင်း ငါးပါးသီလ ဆောက်တည်ကြရအောင် ဓမ္မမိတ်ဆွေ။
Credit _Yarzar
No comments:
Post a Comment