အနှစ်ချုပ်သော်´
÷•÷•÷•÷•÷•÷•÷
•••ဘဝမှာ
•••အဓိကကျတာက စိတ်
•••အကျိုးပေးမှာက စေတနာ
•••လိုအပ်နေတာက ခန္တီတရား
•••လုံနေရမှာက သီလတရား
•••မေ့မထားရမှာက လက္ခဏာရေးသုံးပါး
( အနိစ္စ.ဒုက္ခ.အနတ္တ )
•••ဆင်ခြင်ရမှာက သေခြင်းတရား
•••ပွားများရမှာက ဘာဝနာတရား
( သမထ ၊ ဝိပဿနာ )
•••သိရမှာက ဒုက္ခသစ္စာ
( ဆင်းရဲခြင်းအမှန်တရား )
•••ပယ်ရမှာက သမုဒယသစ္စာ
(ဆင်းရဲကိုဖြစ်စေကြောင်းအမှန်တရား )
•••မျက်မှောက်ပြုရမှာက နိရောဓသစ္စာ
( ကိလေသာချုပ်ရာ နိဗ္ဗာန် )
•••မှန်အောင်ကျင့်ရမှာက မဂ္ဂသစ္စာ
( ကျင့်ကြံပွားများရာ မဂ္ဂင်ရှစ်ပါး )
•••အားလုံးရဲ့အချုပ်က သတိတရား
`ဘုရားရှင်များ မိန့်မှာသွားသည်´
`အဆင့်အတန်း´
•••အဆင့်အတန်းဆိုတာ
ငွေတွေ၊ ဂုဏ်တွေ၊ ရထူးပါဝါတွေနဲ့ သတ်မှတ်လို့ မရဘူး။
ကိုယ်ကျင့်သိက္ခာနဲ့ပဲ သတ်မှတ်ရတယ်။
ငွေတွေဂုဏ်တွေ ရာထူးပါဝါတွေကိုဖယ်ကြည့်
အကျင့်သိက္ခာ မရှိလို့ကတော့ ဘာအဆင့်အတန်းမှ မရှိတော့ဘူး။
•••အကျင့်လုံရင် ငွေမရှိပေမယ့် လိပ်ပြာသန့်တယ်။
•••အကျင့်ကောင်းရင် ရာထူးပါဝါ မရှိပေမယ့် သီလပါဝါရှိတယ်။
•••သီလလုံရင်
လောကဂုဏ်ဒြပ်မရှိပေမယ့်
သီလဂုဏ်မြတ်ရှိတယ်။
•••တဒင်္ဂခဏ အသွင်လှနေတာကို အားကျဖို့မရှိဘူး။
�•••သံသရာမှာ ဘဝလှဖို့ပဲ အမှားမရအောင် ကြိုးစားရမယ်။
` ငါလေးတွေ့ လျှော့ပါ ´
ခေါက်ရိုးကျိုးနေတဲ့ ဒီစိတ်ဓာတ်
ပြန့်အောင်တော့ အတော်ဖြန့်ယူရမှာပ။
အရိုးစွဲနေတဲ့ အတွေး
အရိုးစွဲနေတဲ့ အပြော
အရိုးစွဲနေတဲ့ အလုပ်
ဆွဲထုတ်ဖို့လည်း မလွယ်
တွဲခေါ်တော့လည်း မလိုက်
ကန့်လန့်တိုက်ချင်နေတာက ခပ်များများ
တရားသမားဆိုသူတွေတောင် ပါသေးရဲ့။
ငါခံနေတဲ့သူတွေရယ်
စာခံနေတဲ့သူတွေရယ်
မာထန်နေတဲ့သူတွေရယ်
အာခံနေတဲ့သူတွေရယ်
ဟိုလိုလိုဒီလိုလို သူတွေရယ်ကြား
ဖြောင့်ချင်တဲ့သူများလည်း
မှားမြဲမှားနေကြ စားမြဲစားနေကြ
ဖားမြဲဖားနေကြ
အားလည်းနည်းနေကြဆဲပေါ့။
အလွဲတွေလျော့ဖို့ အကွဲတွေညီဖို့
မတွဲတွေတွဲဖို့ အမှားတွေပါးဖို့
အမှန်တွေသန်ဖို့ တို့တတွေအားလုံး
"ငါ"လေးတွေ လျှော့ကြပါစို့။ ။
✍မနာပဒါယီအရှင်ဝိစိတ္တ(ကိုရီးယားဆရာတော်)
#DHAMA BANK
No comments:
Post a Comment